■ တိုက်စစ်မှူး ဘာပေပင် ခံစစ်ကို ကူညီရမည်ဟု လူးဝစ်အန်နရီကေး ပြောကြား

■ တိုက်စစ်မှူး ဘာပေပင် ခံစစ်ကို ကူညီရမည်ဟု လူးဝစ်အန်နရီကေး ပြောကြား
Photo: Eurosport
Photo: Eurosport
Published 7 May 2024

PSG အသင်း၏နည်းပြ လူးဝစ်အန်နရီကေးက လိုအပ်ပါက တိုက်စစ်မှူး ဘာပေပင် ခံစစ်ကိုကူညီရမည်ဟု ပြောကြားခဲ့သည်။

PSG အသင်းသည် အင်္ဂါနေ့(ယနေ့)တွင် ဒေါ့မွန်အသင်းနှင့် ချန်ပီယံလိဂ်ဆီမီးဖိုင်နယ် ဒုတိယအကျော့ ယှဉ်ပြိုင်ကစားရမည်ဖြစ်ပြီး ပထမအကျော့တွင် ရှုံးနိမ့်ထားသည့်အတွက် အမှားမခံသည့်အခြေအနေဖြစ်နေသည်။

ယင်းအတွက် အန်နရီကေးက စုစည်းညီညွတ်စွာ ယှဉ်ပြိုင်ကစားရမည်ဖြစ်ပြီး လိုအပ်ပါက တိုက်စစ်ကစားသမားများပါ ခံစစ်ကို ကူညီရမည်ဟု ပြောကြားခဲ့ခြင်းဖြစ်သည်။

''အားလုံးက အသင်းရဲ့အစိတ်အပိုင်းတစ်ရပ်အဖြစ် ယှဉ်ပြိုင်ကစားရမှာပါ။ ကမ္ဘာ့အဆင့် ကြယ်ပွင့်ကစားသမားတွေတောင် ခံစစ်ကို ကူညီရမှာပါ''ဟု အန်နရီကေးက ပြောကြားခဲ့သည်။

Most Read

Most Recent