တူရကီစူပါလိဂ်မှ ဖီနာဘာချီ နုတ်ထွက်ခြင်းမရှိ

တူရကီစူပါလိဂ်မှ ဖီနာဘာချီ နုတ်ထွက်ခြင်းမရှိ
Photo: X
Photo: X
Published 4 April 2024

တူရကီစူပါလိဂ်ပြိုင်ပွဲမှ နုတ်ထွက်မည့်အစီအစဉ်ကို ဖီနာဘာချီဘုတ်အဖွဲ့ဝင်များ လက်မခံခဲ့ကြောင်း သိရသည်။

စူပါလိဂ်ပြိုင်ပွဲမှနုတ်ထွက်မည့် အဆိုပြုချက်ကို ဘုတ်အဖွဲ့ဝင်များက ကန့်ကွက်မဲပေးခဲ့ကြခြင်းလည်း ဖြစ်သည်။

တူရကီအမှတ်ပေးချန်ပီယံဆုကို (၁၉)ကြိမ်အထိရရှိထားသည့် ဖီနာဘာချီအသင်းသည် ပြီးခဲ့သည့်မတ်လအတွင်းက ထရတ်ဇွန်စပေါ်ကွင်းတွင် ပြိုင်ဘက်အသင်းပရိသတ်များမှ အသင်းကစားသမားများကို ဝင်ရောက်တိုက်ခိုက်ခဲ့ပြီးနောက် စူပါလိဂ်ပြိုင်ပွဲမှ နုတ်ထွက်ရန် စဉ်းစားခဲ့ခြင်းဖြစ်သည်။

ယင်းပွဲတွင် ဖီနာဘာချီအသင်းက (၃-၂)ဂိုးဖြင့် အနိုင်ရခဲ့ပြီး ပွဲပြီးဆုံးပြီးနောက် ထရတ်ဇွန်စပေါ်ပရိသတ်များသည် ကွင်းအတွင်းသို့ဝင်ရောက်ကာ ဖီနာဘာချီကစားသမားများနှင့် လုံခြုံရေးများကို တိုက်ခိုက်ခဲ့သည်။

တူရကီပြည်ထဲရေးဝန်ကြီးက ရန်ပွဲတွင် ပါဝင်ပတ်သက်ခဲ့သည့် ပရိသတ်(၁၂)ဦးကို ချက်ချင်းဖမ်းဆီးခဲ့ကြောင်း သတင်းထုတ်ပြန်ခဲ့သည်။

Most Read

Most Recent