■ ပေါင်ခြံဒဏ်ရာ ခွဲစိတ်မှုခံယူရမည့် အန်ဇို ဇွန်လမှသာ ပြန်ကစားနိုင်မည်     

■ ပေါင်ခြံဒဏ်ရာ ခွဲစိတ်မှုခံယူရမည့် အန်ဇို ဇွန်လမှသာ ပြန်ကစားနိုင်မည်     
Photo: Sky Sports
Photo: Sky Sports
Published 26 April 2024

ချယ်လ်ဆီးအသင်းမှ အာဂျင်တီးနားကွင်းလယ်ကစားသမား အန်ဇိုဖာနန်ဒက်ဇ်သည် ပေါင်ခြံဒဏ်ရာကို ခွဲစိတ်ကုသမှု ခံယူရမည်ဖြစ်၍ ဇွန်လမှသာ ဘောလုံးပြန်ကစားနိုင်မည်ဖြစ်ကြောင်း သိရသည်။ 

ထို့ကြောင့် အန်ဇိုသည် ယခုရာသီတွင် ချယ်လ်ဆီးအသင်းအတွက် ကစားနိုင်တော့မည်မဟုတ်ဘဲ ကိုပါအမေရိကပြိုင်ပွဲတွင်မူ အာဂျင်တီးနားအသင်းအတွက် ကစားပေးနိုင်ဖွယ်ရှိကြောင်း သိရသည်။ 

အန်ဇို၏ဒဏ်ရာကို ခွဲစိတ်ကုသမှု ခံယူရန်အတွက် ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်းတွင် ချယ်လ်ဆီးအသင်းနှင့် အာဂျင်တီးနားဘောလုံးအဖွဲ့ချုပ်တို့ သဘောတူညီမှု ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Most Read

Most Recent