■ ဘရာဇီးလ်ကစားသမား အော်စကာ ဥရောပတွင် ပြန်ကစားဖွယ်ရှိ

■ ဘရာဇီးလ်ကစားသမား အော်စကာ ဥရောပတွင် ပြန်ကစားဖွယ်ရှိ
Photo: Sky Sports
Photo: Sky Sports
Published 15 March 2024

ဘရာဇီးလ်တိုက်စစ်ကစားသမား အော်စကာသည် လာမည့်နိုဝင်ဘာလတွင် လက်ရှိကလပ်  ရှန်ဟိုင်းပေါ့တ်အသင်းနှင့် စာချုပ်သက်တမ်းကုန်ဆုံးမည်ဖြစ်ပြီး ဥရောပတွင် ပြန်ကစားရန် ဆန္ဒရှိနေကြောင်း သိရသည်။ 

အော်စကာ(၃၂ နှစ်)သည် ၂၀၁၆ ခုနှစ်တွင် ချယ်လ်ဆီးအသင်းမှ ရှန်ဟိုင်းပေါ့တ်အသင်းသို့ ပြောင်းရွှေ့ခဲ့ပြီး တရုတ်စူပါလိဂ်၌ (၇)နှစ်ကျော် ကျင်လည်ဖြတ်သန်းခဲ့သည်။ 

အော်စကာအနေဖြင့် ယခုစာချုပ်ကုန်ဆုံးချိန်၌ ဥရောပသို့ ပြန်လည်ပြောင်းရွှေ့ကစားရန် လိုလားနေခြင်းဖြစ်ကြောင်း သိရှိရသည်။ 

သို့သော် အော်စကာသည် ၎င်း၏အသင်းဟောင်းဖြစ်သည့် ဘရာဇီးလ်ကလပ် နေစီယွန်နယ်လ်အသင်းသို့ ရောက်ရှိဖွယ်ရှိကြောင်းလည်း သတင်းများထွက်ပေါ်နေသည်။ 

Most Read

Most Recent