ဂန္ထဝင်ပြိုင်ဘက်နှစ်သင်းရဲ့ အိုးလ်ထရက်ဖို့ဒ် စီးချင်း

ဂန္ထဝင်ပြိုင်ဘက်နှစ်သင်းရဲ့ အိုးလ်ထရက်ဖို့ဒ် စီးချင်း
Photo: AFP
Photo: AFP
Published 11 May 2024
Wai Yan Aung

အခြေအနေအရ လက်ကျန်(၃)ပွဲမှာ မန်ယူအသင်း ရလဒ်မကောင်းခဲ့ဘူးဆိုရင် ပရီးမီးယားလိဂ်ခေတ်တစ်လျှောက် ရပ်တည်မှုအနိမ့်ဆုံးရာသီ၊ ရမှတ်အနည်းဆုံးရာသီ ဆိုတဲ့ မှတ်တမ်းဆိုးတွေနဲ့ ရင်ဆိုင်ရတော့မှာပါပဲ။ ဒါပေမဲ့ မန်ယူပရိသတ်တချို့ကတော့ အဲဒီ မှတ်တမ်းဆိုးတွေနဲဲ့ ရင်ဆိုင်ရမှာထက် အိုးလ်ထရက်ဖို့ဒ်မှာ ဂန္ထဝင်ပြိုင်ဘက် အာဆင်နယ်အသင်း ကို အရှုံးပေးရမှာ ပိုပြီးစိုးရွံ့နေကြပါတယ်။ တစ်ရာသီလုံး ကြုံတွေ့ခဲ့ရတဲ့ ဒဏ်ရာဒဏ်ချက်တွေကို အာဆင်နယ်အသင်းကို အနိုင်ယူခြင်းနဲ့ ဖြေဖျောက်ချင်နေကြပါတယ်။ ဒီလိုမျှော်လင့်တာက လက်ရှိခြေစွမ်းအရဆိုရင် ရယ်သွမ်းသွေးချင်စရာ ကောင်းနေပေမဲ့ အိုးလ်ထရက်ဖို့ဒ်အစဉ်အလာ မှတ်တမ်းကတော့ မန်ယူပရိသတ်တွေအတွက်တော့ သွေးကြွချင်စရာကောင်းနေပါတယ်။ မန်ယူ နဲ့ အာဆင်နယ်အသင်းက ပရီးမီးယားလိဂ်မှာ စုစုပေါင်း(၆၃)ပွဲဆုံတွေ့ခဲ့ပြီး မန်ယူအသင်းက  (၂၆)ပွဲနိုင်၊ အာဆင်နယ်က (၁၉)ပွဲနိုင်ပြီး (၁၈)ပွဲသရေ ကျထားပါတယ်။ ရင်ဆိုင်ခဲ့ရတဲ့ (၃၁)ရာသီအတွင်းမှာ အာဆင်နယ်အသင်းအနေနဲ့ အိုးလ်ထရက်ဖို့ဒ်ကွင်းမှာ အနိုင်ရတဲ့ ပရီးမီးယားလိဂ်ပွဲ (၄)ပွဲသာ ရှိခဲ့ပြီး (၁၈)ပွဲအထိ ရှုံးနိမ့်ခဲ့ပါတယ်။ ဒီတော့ အိုးလ်ထရက်ဖို့ဒ်မှတ်တမ်းက အာဆင်နယ်ပရိသတ်တွေအတွက် သွေးပျက်ချင်စရာကောင်းနေတယ်လို့ လည်း ဆိုနိုင်ပါတယ်။

 

Most Read

Most Recent