ပုံမှန်ပွဲထွက်ခွင့်အတွက် တိုက်ပွဲဝင်ရန် မူဒရစ်ကို ချယ်လ်ဆီးနည်းပြ မာရက်စကာ စိန်ခေါ်

ပုံမှန်ပွဲထွက်ခွင့်အတွက် တိုက်ပွဲဝင်ရန် မူဒရစ်ကို ချယ်လ်ဆီးနည်းပြ မာရက်စကာ စိန်ခေါ်
Photo: The Sun
Photo: The Sun
Published 25 September 2024

 

ချယ်လ်ဆီးနည်းပြ မာရက်စကာက ပုံမှန်ပွဲထွက်ခွင့်အတွက် တိုက်ပွဲဝင်ရန် အသင်းတိုက်စစ်ကစားသမား မူဒရစ်အား စိန်ခေါ်ခဲ့ကြောင်းသိရသည်။ 

မူဒရစ်(၂၃ နှစ်) သည် ၂၀၂၃ ဇန်နဝါရီတွင် ရှက်တာဒိုးနက်အသင်းမှ ချယ်လ်ဆီးအသင်းထံသို့ Add-ons ကြေးအပါအဝင် ပေါင် (၈၉)သန်းဖြင့် ရောက်ရှိလာခဲ့သူဖြစ်သည်။  

၎င်းသည် ချယ်လ်ဆီးအသင်းတွင် ခြေစွမ်းပြနိုင်ရန်ရုန်းကန်နေရပြီး ယခုရာသီ ပရီးမီးယားလိဂ်တွင် (၆၁)မိနစ်သာ ကစားခွင့်ရထားသည်။ 

ယခုအခါ မာရက်စကာက "မူဒရစ် ယုံကြည်မှုပျောက်ဆုံးနေတယ်လို့ ကျွန်တော် မထင်ပါဘူး။ မူဒရစ်က မူဒရစ်ဖြစ်ပြီး ဒါကို လက်ခံရပါမယ်။ သူ့အနေနဲ့ ပွဲကစားချင်တယ်ဆိုရင်တော့ အခုထက်ပိုကောင်းအောင်လုပ်ဖို့ လိုပါတယ်"ဟု ပြောကြားခဲ့သည်။ 

 

Most Read

Most Recent