မြန်မာ့ရိုးရာလက်ဝှေ့သမား ရဲရင့်နောင်သည် Thai Fight League 53 မွေထိုင်းပြိုင်ပွဲတွင် ပြိုင်ဘက်ထိုင်းနိုင်ငံသားဖိုက်တာ ခီယောဖတ်နှင့် ယှဉ်ပြိုင်ထိုးသတ်ခဲ့ရာ အလဲထိုးခံရပြီး ရှုံးနိမ့်ခဲ့ကြောင်း သိရသည်။
Thai Fight League 53 မွေထိုင်းပြိုင်ပွဲကို ပြီးခဲ့သည့်စက်တင်ဘာ ၂၉ ရက်က ကျင်းပပြုလုပ်ခဲ့ရာ မြန်မာဖိုက်တာ ရဲရင့်နောင်သည် မွေထိုင်း(၆၁) ကီလိုတန်း၌ ထိုင်းနိုင်ငံသားဖိုက်တာ ခီယောဖတ်နှင့် ယှဉ်ပြိုင်ထိုးသတ်ခဲ့ခြင်းဖြစ်သည်။
ပထမအချီစကတည်းက နှစ်ဦးစလုံး ဆိုင်ထိုးပြိုင်ထိုးခဲ့သလို ခတ်ခြေများ၊ အမြင့်ကန်ချက်များကို အပြိုင်အဆိုင်သုံးသွားသောကြောင့် ပွဲမှာ မြိုင်ဆိုင်ခဲ့သည်။
ဒုတိယအချီတွင် ထိုင်းဖိုက်တာ ခီယောဖတ်က လက်ရည်အသာဖြင့် အစီးထိုးသတ်နိုင်ခဲ့ပြီး ရဲရင့်နောင်မှာ မယုံနိုင်လောက်အောင် ပထမအချီက လက်ရည်မျိုး မမြင်တွေ့ခဲ့ရပေ။
ထိုင်းဖိုက်တာ ခီယောဖတ်သည် ရဲရင့်နောင်ကို ကြိုးဝိုင်းထောင့်အတွင်းသို့ မောင်းသွင်းပြီး အားပါသည့် တွဲလုံးထိုးချက်များ၊ ခြေကန်ချက်များ တရစပ်ပစ်သွင်းခဲ့၍ ရဲရင့်နောင် အမှတ်စဉ်ရေတွက်ခံခဲ့ရသည်။
ခဏအကြာတွင် ထိုင်းဖိုက်တာ ခီယောဖတ်၏ အားပြင်းသည့် ညာဖြောင့်လက်သီးကြောင့် ရဲရင့်နောင် လဲကျခဲ့ပြီး အရှုံးပေးခဲ့ရခြင်းဖြစ်သည်။
ရဲရင့်နောင်သည် ပွဲ(၃၀) ထိုးသတ်ထားရာ (၂၄) ပွဲနိုင်၊ (၆) ပွဲရှုံးနိမ့်ထားသူဖြစ်သည်။
မြန်မာဖိုက်တာ ရဲရင့်နောင် Thai Fight League 53 တွင် အလဲထိုးခံရပြီး ရှုံးနိမ့်
Most Read
Most Recent
16 hours ago















