စပါးအသင်းဟာ တန်းမဆင်းရဘဲ ပရီးမီးယားလိဂ်မှာ ဆက်ရှိခဲ့မယ်ဆိုရင် မန်စီးတီးအသင်းက အင်္ဂလန်ဂိုးသမား ဂျိမ်းစ်ထရက်ဖို့ဒ်ကို ခေါ်ယူဖို့ စီစဉ်ထားကြောင်း သိရပါတယ်။
စပါးအသင်းရဲ့ လက်ရှိနံပါတ်(၁) ဂိုးသမားဖြစ်တဲ့ အီတလီဂိုးသမား ဗစ်ကာရီယိုက ရာသီကုန်မှာ အင်တာမီလန်အသင်းကို ပြောင်းရွှေ့တော့မှာဖြစ်တာကြောင့် စပါးအသင်းက ဂျိမ်းစ်ထရက်ဖို့ဒ်ကို ချိန်ရွယ်နေခြင်းဖြစ်ကြောင်း သိရပါတယ်။
စပါးအသင်းက လိဂ်ချန်ပီယံရှစ်ကို တန်းဆင်းခဲ့ရမယ်ဆိုရင်တော့ ချက်ဂိုးသမား ကင်စကီးကိုပဲ ပထမဂိုးသမားအဖြစ် နေရာပေးသွားဖွယ်ရှိကြောင်းလည်း သိရပါတယ်။
စပါးအသင်းဟာ ပရီးမီးယားလိဂ်ပွဲစဉ်(၃၄)အပြီးမှာ အမှတ်ပေးဇယားအဆင့်(၁၈)နေရာ ရပ်တည်နေပြီး အဆင့်(၁၇)နေရာက ဝက်စ်ဟမ်းအသင်းနဲ့ (၂)မှတ်ကွာဟနေပါတယ်။
ဂျိမ်းစ်ထရက်ဖို့ဒ်က ပြီးခဲ့တဲ့နွေရာသီမှာမှ ဘန်လေကနေ မန်စီးတီးကို ပြောင်းရွှေ့ခဲ့ပြီး ၂၀၃၀ အထိ စာချုပ်ချုပ်ဆိုထားပေမဲ့ ဒွန်နာရမ်မာရဲ့နောက် ဒုတိယဂိုးသမားအဖြစ်သာ ရပ်တည်နေရတဲ့အတွက် နံပါတ်(၁)ဂိုးသမားအဖြစ် နေရာပေးမယ့်အသင်းထံ ပြောင်းရွှေ့ဖို့ ဆန္ဒရှိနေကြောင်း သိရပါတယ်။
အသက်(၂၃)နှစ်သာရှိသေးပြီး ထိပ်တန်းအရည်အသွေးရှိတဲ့ ဂျိမ်းစ်ထရက်ဖို့ဒ်ကို စပါးအသင်းအပြင် ချယ်လ်ဆီး၊ လီဗာပူးလ်နဲ့ ဘရိုက်တန်တို့ကလည်း ခေါ်ယူဖို့ စိတ်ဝင်စားနေကြောင်း သိရပါတယ်။















