မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ဟာ ဂျပန်လူမျိုး မစ်ဆူအိုကာတိုကို မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်းရဲ့ နည်းပြချုပ်အဖြစ် (၂)နှစ်စာချုပ်နဲ့ ခန့်အပ်လိုက်ကြောင်း သိရပါတယ်။
အသက်(၄၆)နှစ်သာရှိသေးတဲ့ မစ္စတာ မစ်ဆူအိုကာတိုဟာ AFC Pro License နည်းပြလက်မှတ် ကိုင်ဆောင်ထားသူဖြစ်ပြီး ထိုင်းနဲ့ ဂျပန်ဘောလုံးလောကမှာ အတွေ့အကြုံများစွာ ရရှိထားသူဖြစ်ကြောင်း သိရပါတယ်။
ထိုင်းအမျိုးသားလက်ရွေးစင်အသင်းနဲ့ ထိုင်းအမျိုးသမီးလက်ရွေးစင်အသင်းတွေမှာ လက်ထောက်နည်းပြအဖြစ် ဆောင်ရွက်ခဲ့ဖူးသလို၊ ထိုင်းကလပ်အသင်းကြီးတွေမှာလည်း လက်ထောက်နည်းပြရာထူးအပါအဝင် ရာထူးအမျိုးမျိုးနဲ့ ဆောင်ရွက်ခဲ့ဖူူးကြောင်း သိရပါတယ်။
မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်းက လာမယ့် ဇွန်လမှာ သုံးနိုင်ငံဖိတ်ခေါ်ခြေစမ်းပွဲ ယှဉ်ပြိုင်ကစားသွားမှာဖြစ်ပြီး အဲဒီပြိုင်ပွဲအမီ မစ်ဆူအိုကာတိုကို နည်းပြချုပ်သစ်အဖြစ် ခန့်အပ်ခဲ့တာပါ။















