တန်ဟက်ဂ်အတွက် စိန်ခေါ်မှုပိုပြင်းထန်မယ့် တတိယရာသီ

တန်ဟက်ဂ်အတွက် စိန်ခေါ်မှုပိုပြင်းထန်မယ့် တတိယရာသီ
Photos: X
Photos: X
Published 31 July 2024
Wai Yan Aung

တန်ဟက်ဂ်က ကစားသမားသစ်တွေ အားဖြည့်ခေါ်ယူဖို့ လိုအပ်နေသေးတယ်လို့ ပြောကြားခဲ့သလို၊ တာဝန်ရှိသူတွေကလည်း ခေါ်ယူပေးဖို့ လုပ်ဆောင်နေပါတယ်။ တန်ဟက်ဂ်က ကွင်းလယ်ခံစစ်ကစား သမားတစ်ယောက်၊ နောက်ခံလူတစ်ယောက်နဲ့ ခံစစ်အစွန်နေရာတွေ အားဖြည့်ခေါ်ယူဖို့ လိုလားနေတာပါ။ "လူစာရင်းက တောင့်တင်းမှုတော့ ရှိနေပါပြီ။ အရမ်းကောင်းတဲ့ ဝယ်ယူမှုနှစ်ခုလည်း ကျွန်တော်တို့ လုပ်ထားပါတယ်။ ဒါကြောင့် ကစားသမားတိုင်း ကြံ့ခိုင်မှုပြည့်ဝနေမယ်ဆိုရင် ဘယ်အသင်းကိုမဆို အနိုင်ယူနိုင်တဲဲ့အသင်း ဖြစ်နေပါပြီ"လို့ တန်ဟက်ဂ်က ဆိုခဲ့ပါတယ်။ တန်ဟက်ဂ်က ဒဏ်ရာပြဿနာနဲ့ နောက်တစ်ကြိမ်ရင်ဆိုင်ရမှာကို စိုးရွံ့နေကြောင်း ဒီစကားမှာလည်း မြင်တွေ့နေရပါတယ်။ ဒါပေမဲ့ လိုအပ်တဲ့ အားဖြည့်မှုတွေလည်း ပြုလုပ်ပေးထားပါလျက်နဲ့ ဒဏ်ရာပြဿနာကို အကြောင်းပြချက်ပေးဦးမယ် ဆိုရင်တော့ ဆာဂျင်ရက်ကလစ်ဖ်က ခွင့်လွှတ်သည်းခံနိုင်မှာ မဟုတ်တော့ပါဘူး။ ပြီးတော့ ဒဏ်ရာပြဿနာနဲ့ တကယ့်ကို ရင်ဆိုင်ရမယ်ဆိုရင်လည်း တန်ဟက်ဂ်အနေနဲ့ ကံဆိုးလွန်းတယ်လို့သာ ဆိုရတော့မှာပါပဲ။

 

ဥရောပဘောလုံးရာသီသစ် စတင်ဖို့ (၁၇)ရက်ဝန်းကျင်ပဲ လိုပါတော့တယ်။ ဥရောပထိပ်သီးလိဂ်အတော်များများက သြဂုတ်လတတိယပတ်မှာ ၂၀၂၄-၂၅ ရာသီသစ်ကို စတင်မှာဖြစ်တာကြောင့်ပါ။ ဘောလုံးပရိသတ်စိတ်အဝင်စားဆုံးဖြစ်တဲ့ ပရီးမီးယားလိဂ်ကတော့ သြဂုတ်(၁၆)သောကြာညမှာ မန်ယူ - ဖူလ်ဟမ်ပွဲနဲ့ ရာသီသစ်ကို စတင်ဖွင့်လှစ်မှာဖြစ်ပါတယ်။ မန်ယူအသင်းက ပြီးခဲ့တဲ့ရာသီမှာ FA ဖလားရရှိထားတာကြောင့် သြဂုတ်(၁၀)ရက်နေ့မှာ ပရီးမီးယားလိဂ်ချန်ပီယံ မန်စီးတီးအသင်းနဲ့ ကွန်မြူနတီဒိုင်းပွဲ ဆင်နွှဲရဖို့လည်း ရှိနေပါတယ်။ ဒီတော့ ပရီးမီးယားလိဂ်အသင်းတွေထဲမှာ မန်စီးတီးနဲ့ မန်ယူတို့က တခြားအသင်းတွေထက်စောပြီး ရာသီသစ်အတွက် အဆင်သင့်ဖြစ်နေရမယ့် အခြေအနေလို့လည်း ဆိုနိုင်ပါတယ်။ ကွန်မြူနတီဒိုင်း ပွဲရဲ့ရလဒ်က အရေးမကြီးဘူးဆိုပေမဲ့ မြို့ခံပြိုင်ဘက်အသင်း၊ ထိပ်တန်းပြိုင်ဘက်အသင်းနဲ့ ရင်ဆိုင်ရချိန်မှာ သိက္ခာရှိရှိယှဉ်ပြိုင်နိုင်ဖို့တော့ လိုအပ်ပါတယ်။ အခု နှစ်သင်းစလုံးက အမေရိကန်မှာ ရာသီကြိုခြေစမ်းပွဲတွေ ယှဉ်ပြိုင်ကစားနေကြပါတယ်။ မန်ယူက ရိုဆင်ဘော့နဲ့ အာဆင်နယ်ကို ရှုံးပြီး ရိန်းဂျားစ်ကို အနိုင်ရထားပါတယ်။ မန်စီးတီးကတော့ ဆဲလ်တစ်နဲ့ အေစီမီလန်တို့ကို နှစ်ပွဲဆက်ရှုံးနိမ့်ထားပါတယ်။ ပရိသတ်တွေအတွက် ကျေနပ်စရာရလဒ်မဟုတ်ဘူးလို့ ဆိုရမှာဖြစ်ပြီး မန်စီးတီးနည်းပြ ဂွါဒီယိုလာထက် မန်ယူနည်းပြ တန်ဟက်ဂ်ကတော့ စောစောစီးစီး ဖိအားတွေနဲ့ ရင်ဆိုင်ရမလိုဖြစ်လာပါတယ်။ ဘာကြောင့်လဲဆိုတော့ သူက ပရိသတ်အများစုအလိုမကျဘဲ မန်ယူနည်းပြထိုင်ခုံပေါ်မှာ ဆက်ရှိခဲ့တာကြောင့်ပါ။ မန်ယူအသင်းရဲ့ တိုက်စစ်မှူးဟောင်း ရှရင်ဂမ်ကလည်း တန်ဟက်ဂ်အနေနဲ့ ရလဒ်သာမကောင်းခဲ့ရင် ရာသီအစ နှစ်ပတ်အတွင်း ရာထူးက ထုတ်ပယ်ခံရလိမ့်မယ်လို့  သုံးသပ်ခဲ့ဖူးပါတယ်။ တန်ဟက်ဂ်အနေနဲ့  နောက်တစ်ကြိမ်ကံကောင်းဖို့ အခွင့်အရေး အတော့်ကို နည်းသွားပြီဆိုတဲ့ အဓိပ္ပာယ်ပါ။ 

ဆာဂျင်ရက်ကလစ်ဖ်နဲ့ အပြောင်းအလဲများ 

ရာသီသစ် ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ချန်ပီယံ ဆုရရှိဖို့ ရေပန်းအစားဆုံးက ထုံံးစံအတိုင်းလေး ထပ်ကွမ်းချန်ပီယံ မန်စီးတီးဖြစ်ပြီး အာဆင်နယ်က ဒုတိယနေရာ၊ လီဗာပူးလ်က တတိယနေရာ၊ ချယ်လ်ဆီးက စတုတ္ထနေရာ၊ မန်ယူက ပဥ္စမနေရာမှာ ရှိနေပါတယ်။ ပရီးမီးယားလိဂ်ထိပ်သီး(၆)သင်းထဲမှာ မန်ယူရဲ့နောက်ရောက်တာ စပါးအသင်းပဲ ရှိပါတယ်။ ဒါပေမဲ့ ပြီးခဲ့တဲ့ရာသီတုန်းက မန်ယူရဲ့ အထက်မှာ ရပ်တည်နိုင်ခဲ့တဲ့ အက်စတွန်ဗီလာနဲ့ နယူးကာဆယ်တို့ အခုရေပန်းစားမှုမှာ မန်ယူရဲ့နောက် ရောက်ခဲ့တာကတော့ ကျွမ်းကျင်သူတွေက ထိပ်သီးအသင်းကြီးတွေအနေနဲ့ သိပ်ကြာကြာခြေချော်လက်ချော်မဖြစ်နိုင်ဘူးလို့ ယူဆတာကြောင့် ဖြစ်ပါလိမ့်မယ်။ မန်ယူနည်းပြ အဲရစ်တန်ဟက်ဂ်ကလည်း အဲဒီလိုယုံကြည်နေပါတယ်။ ပြီးခဲ့တဲ့ရာသီတုန်းက မန်ယူအသင်းရလဒ်တွေ ဆိုးရွားခဲ့တာဟာ ဒဏ်ရာပြဿနာကြောင့်ဖြစ်တယ်လို့ တန်ဟက်ဂ်က အကြောင်းပြချက်ပေးခဲ့ပါတယ်။ တကယ်လည်း မန်ယူအသင်းက ဒဏ်ရာပြဿနာကြောင့် ပွဲစဉ်အတော်များများမှာ လူစုံတက်စုံယှဉ်ပြိုင်နိုင်ခြင်းမရှိခဲ့ပါဘူး။ ဒဏ်ရာပြဿနာ ဒါမှမဟုတ် ဖျားနာမှုကြောင့် ကစားသမားတွေကို ဆုံးရှုံးရတဲ့ဖြစ်ရပ် (၆၆)ခုအထိ ရှိခဲ့ပါတယ်။ ဒါကြောင့်လည်း တန်ဟက်ဂ်က လက်နောက်ပြန်ကြိုးတုပ်ခံထားရပြီး ယှဉ်ပြိုင်ရသလိုပဲလို့ ဆိုခဲ့ဖူးပါတယ်။ မန် ယူအသင်းတာဝန်ရှိသူတွေကလည်း တန်ဟက်ဂ်ရဲ့ဆင်ခြေကို လက်ခံပေးခဲ့ပုံရပါတယ်။ ရာထူးက ထုတ်ပယ်ခံရဖို့ သေချာနေပြီလို့ ထင်ကြေးပေးမှုတွေ အများကြီးရှိခဲ့ပေမဲ့ ဆာဂျင်ရက်ကလစ်ဖ် ဦးဆောင်တဲ့ အသင်းတာဝန်ရှိသူတွေက ဆက်ပြီးတာ ဝန်ပေးခဲ့ပါတယ်။ အလွယ်တကူလမ်းခွဲရတဲ့အခြေအနေမျိုးမဖြစ်အောင် တစ်နှစ်သက်တမ်းတိုးစာချုပ်လည်း ထပ်ချုပ်ခဲ့ပါတယ်။ လာမယ့် နှစ်ရာသီအတွင်းမှာ ပရီးမီးယားလိဂ်ချန်ပီယံဆုကို စိန်ခေါ်နိုင်အောင် ပုံဖော်တည်ဆောက်ဖို့ အချိန်ပေးခဲ့ခြင်းလည်း ဖြစ်နိုင်ပါတယ်။ ရှယ်ယာရှင်အသစ်ဖြစ်တဲ့ ဆာဂျင်ရက်ကလစ်ဖ်က အသင်းရဲ့ အဓိကပိုင်ရှင်တွေဖြစ်တဲ့ ဂလေဇာမိသားစုလို အပေါ်ယံကြောသာ စီမံမယ့်သူမျိုးမဟုတ်ပါဘူး။ သူက ဘက်ပေါင်းစုံမှာ ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဆောင်နေခဲ့ပြီး ကွင်းတွင်းကွင်းပြင် နှစ်ရပ်စလုံးမှာ တိုးတက်မှုရှိလာဖို့ ကြံရွယ်နေတာပါ။ ကွင်းတွင်းအောင်မြင်မှုက ပရိသတ်တွေ အလိုလားဆုံးအရာဖြစ်တာကြောင့် ဒါကို ဦးစားပေးပြင်ဆင်ရမယ်ဆိုတာလည်း ဆာဂျင်ရက်ကလစ်ဖ်က သဘောပေါက်ပါတယ်။ တန်ဟက်ဂ် ညည်းတွားခဲဲ့တဲ့ ကြံ့ခိုင်မှုပြဿနာကို ဖြေ ရှင်းပေးနိုင်ဖို့ အာဆင်နယ်အသင်းက အားကစား ဆေးအဖွဲ့မှူးနဲ့ ကြံ့ခိုင်ရေးမှူးတွေကိုလည်း ခေါ်ယူ ပေးခဲ့ပါတယ်။ အပြောင်းအရွှေ့လှုပ်ရှားမှုမှာလည်း ဘိုလော့ဂ်နာတိုက်စစ်မှူး ဇက်ဇီနဲ့ လိုင်လီနောက်ခံ လူ ယိုဟိုတို့ကို မြန်မြန်သွက်သွက်ခေါ်ယူပေးခဲ့ပါ တယ်။ ပြီးခဲ့တဲ့ရာသီတုန်းကလည်း ဒီလိုအချိန်မှာ မေဆန်မောင့်နဲ့ အိုနာနာတို့ကို ခေါ်ယူနိုင်ခဲ့ပြီဖြစ်ပေ မဲ့ လှုပ်ရှားပုံချင်းတော့ ခြားနားပါတယ်။ အားကစား ဒါရိုက်တာ ဒန်အက်ရှ်ဝါ့သ်၊ နည်းစနစ်ဒါရိုက်တာ ဝီလ်ကော့စ်၊ အမှုဆောင်ချုပ် အိုမာဘာရာဒါတို့ရဲ့ ပေါင်းစပ်မှုနဲ့ ထိရောက်မြန်ဆန်စွာ လှုပ်ရှားခဲ့တာ ပါ။ ဆာဂျင်ရက်ကလစ်ဖ်က တန်ဟက်ဂ်ကို ရာထူးက မထုတ်ပယ်ဘဲ အခွင့်အရေးဆက်ပေးခဲ့ပေမဲ့ လုပ်ပိုင်ခွင့်ကိုတော့ လျှော့ချလိုက်တယ်လို့ ဗြိတိန်မီဒီယာတွေက ဖော်ပြခဲ့ပါတယ်။ အဓိကကတော့ ကစားသမားခေါ်ယူမှုမှာ စိတ်ကြိုက်လုပ်ဆောင်ခွင့် မရတော့တာပါ။ ဒန်အက်ရှ်ဝါ့သ်နဲ့ ဝီလ်ကော့စ်တို့ တင်ပြပေးတဲ့ ကစားသမား(၃)ယောက်ထဲကမှ အ ကြိုက်ဆုံးတစ်ယောက်ကို တန်ဟက်ဂ်က ရွေး ချယ်ပြီး ခေါ်ယူဖို့ ကြိုးစားမှာပါ။ ရေရှည်အတွက် ရည်ရွယ်ပြီး အသက်(၂၅)နှစ်အောက် ကစားသ မားတွေကိုသာ ဦးစားပေးခေါ်ယူသွားမှာဖြစ်သလို၊ တန်ဖိုးကြီးကြယ်ပွင့်ကစားသမားတွေကိုလည်း ခေါ်ယူသွားမှာမဟုတ်ဘူးလို့ ဆာဂျင်ရက်ကလစ်ဖ် က တရားဝင်အသိပေးထားပါတယ်။ 

FA ဖလားနဲ့ မလုံလောက်နိုင်တော့

ဒါပေမဲ့ ယိုဟိုအတွက် အသုံးပြုခဲ့ရတဲ့ ပြောင်းရွှေ့ကြေး ယူရိုသန်း(၆၀)ကျော်က ဇူလိုင် (၂၇)ရက်အထိ အပြောင်းအရွှေ့မှတ်တမ်းအရ ဒီနွေမှာ တန်ဖိုးအများဆုံးဖြစ်နေပါတယ်။ ဇက်ဇီကလည်း အဆင့်(၅)နေရာလောက်ချိတ်ပါတယ်။ တန်ဟက်ဂ်က ကစားသမားသစ်တွေ အားဖြည့်ခေါ်ယူဖို့ လိုအပ်နေသေးတယ်လို့ ပြောကြားခဲ့သလို၊ တာဝန်ရှိသူတွေကလည်း ခေါ်ယူပေးဖို့ လုပ်ဆောင်နေပါတယ်။ တန်ဟက်ဂ်က ကွင်းလယ်ခံစစ်ကစား သမားတစ်ယောက်၊ နောက်ခံလူတစ်ယောက်နဲ့ ခံစစ်အစွန်နေရာတွေ အားဖြည့်ခေါ်ယူဖို့ လိုလားနေတာပါ။ "လူစာရင်းက တောင့်တင်းမှုတော့ ရှိနေပါပြီ။ အရမ်းကောင်းတဲ့ ဝယ်ယူမှုနှစ်ခုလည်း ကျွန်တော်တို့ လုပ်ထားပါတယ်။ ဒါကြောင့် ကစားသမားတိုင်း ကြံ့ခိုင်မှုပြည့်ဝနေမယ်ဆိုရင် ဘယ်အသင်းကိုမဆို အနိုင်ယူနိုင်တဲဲ့အသင်း ဖြစ်နေပါပြီ"လို့ တန်ဟက်ဂ်က ဆိုခဲ့ပါတယ်။ တန်ဟက်ဂ်က ဒဏ်ရာပြဿနာနဲ့ နောက်တစ်ကြိမ်ရင်ဆိုင်ရမှာကို စိုးရွံ့နေကြောင်း ဒီစကားမှာလည်း မြင်တွေ့နေရပါတယ်။ ဒါပေမဲ့ လိုအပ်တဲ့ အားဖြည့်မှုတွေလည်း ပြုလုပ်ပေးထားပါလျက်နဲ့ ဒဏ်ရာပြဿနာကို အကြောင်းပြချက်ပေးဦးမယ် ဆိုရင်တော့ ဆာဂျင်ရက်ကလစ်ဖ်က ခွင့်လွှတ်သည်းခံနိုင်မှာ မဟုတ်တော့ပါဘူး။ ပြီးတော့ ဒဏ်ရာပြဿနာနဲ့ တကယ့်ကို ရင်ဆိုင်ရမယ်ဆိုရင်လည်း တန်ဟက်ဂ်အနေနဲ့ ကံဆိုးလွန်းတယ်လို့သာ ဆိုရတော့မှာပါပဲ။ ဒီအ တွက်လည်း သူက ကြံ့ခိုင်မှုပြည့်ဝတဲ့ ကစားသမားသစ်တွေ အားဖြည့်ခေါ်ယူချင်နေတာဖြစ်ပြီး ဗြိတိန်မီဒီယာတွေနဲ့ နီးစပ်သူတွေရဲ့ သုံးသပ်မှုအရ မန်ယူအသင်းမှာ ကစားသမားအဝင်အထွက် အများကြီးဖြစ်လာနိုင်ခြေရှိနေပါတယ်။ အခုခေါ်ယူထားတဲ့ ကစားသမားသစ်တွေထဲမှာ ပြင်သစ်နောက်ခံလူ ယိုဟိုက အသက်(၁၈)နှစ်သာရှိသေးပေမဲ့ ပြင်သစ်လိဂ်မှာ ဒုတိယမြောက်ပွဲချိန်အများဆုံး ကစားခဲ့ရသူဖြစ်တာကြောင့် တန်ဟက်ဂ်အတွက် အားကိုးရမယ့်ကစားသမား ဖြစ်လာမှာ သေချာပါတယ်။ တန်ဟက်ဂ်ကလည်း ဒီလိုကစားသမားမျိုးတွေ ထပ်ရောက်လာဖို့ မျှော်လင့်နေတာ ဖြစ်ပါလိမ့်မယ်။ နွေရာသီအပြောင်းအရွှေ့စျေးကွက်က သြဂုတ်(၃၀)မှ ပိတ်သိမ်းမှာဖြစ်တာကြောင့် တစ်လဝန်းကျင် အချိန်ရပါသေးတယ်။ ဒါပေမဲ့ တန်ဟက်ဂ်အနေနဲ့ ရှရင်ဂမ်ပြောသလို၊ ရာသီအစပိုင်းမှာ ဆိုးဆိုးရွားရွား ဖြစ်မသွားဖို့တော့ လိုအပ်ပါတယ်။ တန်ဟက်ဂ်အနေနဲ့ ဒီလောက်ကံမဆိုးနိုင်ဘူးဆိုရင်လည်း လာမယ့်ရာသီမှာ FA ဖလားတွေ၊ လိဂ်ဖလားတွေ ရယူနိုင်ရုံနဲ့ လုံလောက်မှာမဟုတ်တော့ပါဘူး။ ပရီးမီးယားလိဂ်ချန်ပီယံဆုကို စိန်ခေါ်နိုင်တဲ့အနေအထား ရောက်မလာသေးဘူးဆိုရင်တောင် ချန်ပီယံလိဂ် ဝင်ခွင့်ရယူနိုင်တဲ့ အဆင့်အတန်းမျိုးတော့ ဖြစ်လာရမှာပါ။ ဒါကြောင့် မန်ယူနည်းပြဘဝ တတိယ မြောက်ရာသီကို ဖြတ်သန်းမယ့် တန်ဟက်ဂ်အတွက် လာမယ့်ရာသီက စိန်ခေါ်မှုပိုပြင်းထန်မှာ သေချာနေပါတယ်။

Most Recent