ဂျေးဇူးအား ထောက်ခံအားပေးရန် အာဆင်နယ်အသင်းကို ကစားသမားဟောင်း ဂီလ်ဘာတိုဆေးလ်ဗား တိုက်တွန်း

ဂျေးဇူးအား ထောက်ခံအားပေးရန် အာဆင်နယ်အသင်းကို ကစားသမားဟောင်း ဂီလ်ဘာတိုဆေးလ်ဗား တိုက်တွန်း
Photo: Getty Images
Photo: Getty Images
Published 29 June 2024

 

အာဆင်နယ်ကွင်းလယ်ကစားသမားဟောင်း ဂီလ်ဘာတိုဆေးလ်ဗားက ဘရာဇီးလ်တိုက်စစ်မှူး ဂါဘရီရယ်လ်ဂျေးဇူးအား ထောက်ခံအားပေးရန် အသင်းဟောင်းကို တိုက်တွန်းပြောကြားခဲ့သည်။ 

အသက် ၂၇ နှစ်အရွယ်ရှိ ဘရာဇီးလ်လက်ရွေးစင်တိုက်စစ်ကစားသမား ဂျေးဇူး သည် ၂၀၂၂ နွေရာသီတွင် မန်စီးတီးအသင်း မှ အာဆင်နယ်အသင်းထံသို့ ပေါင် ၄၅ သန်း ဖြင့် ပြောင်းရွှေ့လာခဲ့သူဖြစ်သည်။ ၎င်းသည် ပြီးခဲ့သည့် ၂၀၂၃-၂၄ ရာသီက ဒဏ်ရာပြဿနာများနှင့် ရုန်းကန်ခဲ့ရပြီး အာဆင်နယ်အသင်းအတွက် ပြိုင်ပွဲစုံ ၃၆ ပွဲတွင် ရှစ်ဂိုးသာ သွင်းယူပေးနိုင်ခဲ့သည်။ 

ထို့ကြောင့် အာဆင်နယ်အသင်းသည် ယခုနွေရာသီတွင် ထိပ်တန်းတိုက်စစ်မှူးတစ်ဦးကို ခေါ်ယူသွားရန် စီစဉ်နေပြီး လိုအပ်ပါက ဂျေးဇူးကိုပါ ရောင်းထုတ်ပြီး ရန်ပုံငွေ ရှာသွားဖွယ်ရှိကြောင်း ဗြိတိန်မီဒီယာများက ဖော်ပြနေကြသည်။ ယခုအခါ အာဆင်နယ်ကွင်းလယ်ကစားသမားဟောင်း ဂီလ်ဘာတိုဆေးလ်ဗားက ဂျေးဇူးအား ထောက်ခံအားပေးရန် အသင်းဟောင်းကို တိုက်တွန်းခဲ့ခြင်းဖြစ်သည်။ 

ဂီလ်ဘာတိုဆေးလ်ဗားက "အခုနွေမှာ အာဆင်နယ်အသင်းအနေနဲ့ ဘယ်လိုကစားသမားတွေ ခေါ်မလဲတော့ ကျွန်တော် မသိပါဘူး။ ဒါပေမဲ့ သူတို့အနေနဲ့ တိုက်စစ်မှူးတစ်ဦးနဲ့ ဇင်ချန်ကိုနေရာအတွက် ကစားသမားတစ်ဦး ခေါ်ယူူသင့်ပါတယ်။ အာဆင်နယ်အသင်း အနေနဲ့ ထိပ်တန်းတိုက်စစ်မှူးတစ်ဦး ခေါ်ယူသင့်တယ်လို့ ပြောဆိုနေကြတာတွေကို တွေ့ ရပါတယ်။ ဒါပေမဲ့ အသင်းနဲ့ အံဝင်မယ့်ကစားသမားကို ရှာဖွေရတာ ခက်ခဲပါတယ်။ ဂျေးဇူးဟာ ပြီးခဲ့တဲ့ရာသီက ဒဏ်ရာပြဿနာတွေကြောင့် ခက်ခဲခဲ့ပါတယ်။ ဒါပေမဲ့ အာတီတာနဲ့ အသင်းတာဝန်ရှိသူတွေက သူ့ကိုထောက်ခံအားပေးမယ်ဆိုရင် သူ ပြန်ကောင်းလာမှာပါ"ဟု ပြောကြားခဲ့သည်။ 

Most Read

Most Recent