အိုဆင်မန်ကို ကမ်းလှမ်းရန် မန်ယူအသင်း စီစဉ်

အိုဆင်မန်ကို ကမ်းလှမ်းရန် မန်ယူအသင်း စီစဉ်
Photo: SFK
Photo: SFK
Published 23 May 2024

မန်ယူအသင်းသည် နာပိုလီအသင်းတိုက်စစ်မှူး အိုဆင်မန်ကို ကမ်းလှမ်းရန် စီစဉ်နေကြောင်း Corriere dello Sport က ဖော်ပြခဲ့သည်။

မန်ယူအသင်းသည် အိုဆင်မန်(၂၅ နှစ်) အား ခေါ်ယူရန် ပြီးခဲ့သည့်နွေရာသီကတည်းက စိတ်ဝင်စားခဲ့ခြင်းဖြစ်သည်။

မန်ယူအသင်း၏ရှယ်ယာ (၂၅)ရာခိုင်နှုန်းကိုဝယ်ယူထားသည့် ရက်ကလစ်ဖ်သည် လာမည့်ရာသီတွင် အသင်းကို အပြောင်းအလဲများ ပြုလုပ်ရန်စီစဉ်နေသည်။

နာပိုလီအသင်းနှင့် ချုပ်ဆိုထားသည့် အိုဆင်မန်၏စာချုပ်လျော်ကြေးမှာ ယူရိုသန်း (၁၂၀) ဝန်းကျင်ရှိပြီး ၎င်းကို ခေါ်ယူရန် မန်ယူအပြင် PSG နှင့် ချယ်လ်ဆီးတို့ကလည်း စိတ်ဝင်စားနေကြောင်း သိရသည်။ 

Most Read

Most Recent