အာတီတာအနေဖြင့် မိမိကို (၃)ကြိမ်မြောက်ကြိုးစားပြီးမှ ခေါ်ယူနိုင်ခဲ့ခြင်းဖြစ်ကြောင်း ဂျော်ဂျင်ဟို ပြောကြား

အာတီတာအနေဖြင့် မိမိကို (၃)ကြိမ်မြောက်ကြိုးစားပြီးမှ ခေါ်ယူနိုင်ခဲ့ခြင်းဖြစ်ကြောင်း ဂျော်ဂျင်ဟို ပြောကြား
Photo: Fabrizio
Photo: Fabrizio
Published 13 May 2024

အာဆင်နယ်အသင်းနှင့် ၂၀၂၅ ခုနှစ်အထိ သက်တမ်းတိုးစာချုပ် ချုပ်ဆိုခဲ့သည့် အီတလီကွင်းလယ်ကစားသမား ဂျော်ဂျင်ဟိုက အာတီတာအနေဖြင့် မိမိကို (၃)ကြိမ်မြောက်ကြိုးစားပြီးမှ ခေါ်ယူနိုင်ခဲ့ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

အာတီတာသည် ဂျော်ဂျင်ဟို နာပိုလီအသင်းတွင် ရှိစဉ်ကတည်းက လက်ထောက်နည်းပြအဖြစ် ဆောင်ရွက်နေခဲ့သည့် မန်စီးတီးအသင်းထံ ခေါ်ယူရန် ကြိုးပမ်းခဲ့ဖူးပြီး အာဆင်နယ်အသင်းကို ကိုင်တွယ်ချိန်တွင်လည်း နှစ်ကြိမ်ကြိုးစားခဲ့ရကြောင်း သိရသည်။

''ကံကောင်းစွာနဲ့ပဲ သူနဲ့ လက်တွဲနိုင်ခဲ့ပါတယ်။ သူနဲ့ အလုပ်တွဲလုပ်ခွင့်ရတဲ့အတွက် ပျော်ရွှင်မိသလို၊ သူ့ဆီကနေ အများကြီး သင်ယူနေရပါတယ်။ သူ ဒီအသင်းမှာ အကြာကြီးဆက်ရှိမယ်လို့လည်း ထင်ပါတယ်''ဟု ဂျော်ဂျင်ဟိုက ပြောကြားခဲ့သည်။

Most Read

Most Recent