■ ၂၀၂၄ Ballon d'Or ဆုပေးပွဲကို အောက်တိုဘာ(၂၈)တွင် ကျင်းပမည်ဖြစ်ပြီး ယခုနှစ်၌ ပထမဆုံးအဖြစ် အကောင်းဆုံးနည်းပြဆုများ ထည့်သွင်းချီးမြှင့်မည်

■ ၂၀၂၄ Ballon d'Or ဆုပေးပွဲကို အောက်တိုဘာ(၂၈)တွင် ကျင်းပမည်ဖြစ်ပြီး ယခုနှစ်၌ ပထမဆုံးအဖြစ် အကောင်းဆုံးနည်းပြဆုများ ထည့်သွင်းချီးမြှင့်မည်
Published 7 June 2024

၂၀၂၄ Ballon d'Or ဆုပေးပွဲကို အောက်တိုဘာ (၂၈) တွင် ကျင်းပမည်ဖြစ်ပြီး ယခုနှစ်၌ ပထမဆုံးအကြိမ်အဖြစ် အကောင်းဆုံးအမျိုးသားနည်းပြဆုနှင့် အကောင်းဆုံးအမျိုးသမီးနည်းပြဆုများ ထည့်သွင်းချီးမြှင့်မည်ဖြစ်ကြောင်း သိရသည်။

    

၂၀၂၄ Ballon d'Or ဆုမှာ ပြင်သစ်ဘောလုံးမဂ္ဂဇင်းနှင့် ဥရောပဘောလုံးအဖွဲ့ချုပ်(UEFA)တို့ ပထမဆုံးအကြိမ် ပူးပေါင်းချီးမြှင့်မည့်ဆုဖြစ်ကြောင်းလည်း သိရသည်။ 

ပြင်သစ်ဘောလုံးမဂ္ဂဇင်းသည် Ballon d'Or ဆုကို ၁၉၅၆ ခုနှစ်တွင် စတင်ချီးမြှင့်ခဲ့ပြီး ၂၀၁၀ မှ ၂၀၁၅ ခုနှစ်အထိ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(FIFA)နှင့် ပူးပေါင်းချီးမြှင့်ခဲ့ဖူးသည်။ 

ယင်းနောက် ၂၀၁၆ မှ ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်အထိ သီးသန့်ပြန်လည်ချီးမြှင့်ခဲ့ပြီး ယခုနှစ်တွင်မူ ဥရောပဘောလုံးအဖွဲ့ချုပ်(UEFA) နှင့် လက်တွဲခဲ့ခြင်းဖြစ်သည်။ 

သို့သော် ဆုအမည်ကို Ballon d'Or ဟုသာ မှည့်ခေါ်သွားမည်ဖြစ်သည့်အပြင် ဆုရွေးချယ်မှုပုံစံကိုလည်း ပြင်သစ်ဘောလုံးမဂ္ဂဇင်း၏ ပုံစံအတိုင်းသာ ဆက်လက်ကျင့်သုံးသွားမည်ဖြစ်ကြောင်း သိရသည်။

    

၂၀၂၄ Ballon d'Or ဆုပေးပွဲတွင် အမျိုးသားအ ကောင်းဆုံးကစားသမားဆု၊ အမျိုးသမီးအကောင်းဆုံးကစားသမားဆု၊ အကောင်းဆုံးလူငယ်ကစားသမားဆု၊ အကောင်းဆုံးဂိုးသမားဆု၊ ပြီးခဲ့သည့်ရာသီ၏ ဂိုးသွင်းအများဆုံးကစားသမားဆု၊ အကောင်းဆုံးအမျိုးသားကလပ်အသင်းဆု၊ အကောင်းဆုံးအမျိုးသမီးကလပ်အသင်းဆုတို့ကို ပုံမှန်အတိုင်း ချီးမြှင့်သွားမည်ဖြစ်သည့်အပြင် ဆုတံဆိပ်အသစ်များအဖြစ် အကောင်းဆုံးအမျိုးသားနည်းပြဆုနှင့် အကောင်းဆုံးအမျိုးသမီးနည်းပြဆုတို့ကို ပထမဆုံးအကြိမ်အဖြစ် ထည့်သွင်းချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။ 

၂၀၂၄ Ballon d'Or ဆု ပေးပွဲမှာ (၆၈)ကြိမ်မြောက်ဖြစ်ပြီး ဆုပေးပွဲအခမ်းအနားကို ပြင်သစ်နိုင်ငံ၊ ပါရီမြို့တွင်ပင် ပြုလုပ်သွားမည်ဖြစ်သည်။ ချီး မြှင့်မည့် အကောင်းဆုံးဆုများအတွက် ဆန်ခါတင်စာရင်းကို စက်တင်ဘာ(၄)တွင် ထုတ်ပြန်မည်ဖြစ်ကြောင်း သိရသည်။ 

    

Ballon d'Or ဆုကို နောက်ဆုံးရရှိထားသူမှာ အာဂျင်တီးနားတိုုက်စစ်မှူး မက်ဆီဖြစ်ပြီး စုစုပေါင်း(၈)ကြိမ်ဖြင့် အအောင်မြင်ဆုံးကစားသမားအဖြစ်လည်း ရပ်တည်နေသည်။ ယခုနှစ်အတွက် လက်ရှိအချိန်တွင် ရီးယဲလ်ကစားသမားနှစ်ဦးဖြစ်သည့် ဘယ်လင်ဟမ်နှင့် ဗင်နီစီယပ်စ်တို့ ရေပန်းစားနေကြောင်း သိရသည်။

Most Read

Most Recent