■ နည်းပြ မာရက်စကာကို ချယ်လ်ဆီးအသင်းနှင့် ဆွေးနွေးရန် လက်စတာ ခွင့်ပြု

■ နည်းပြ မာရက်စကာကို ချယ်လ်ဆီးအသင်းနှင့် ဆွေးနွေးရန် လက်စတာ ခွင့်ပြု
Photo: Plumb Images
Photo: Plumb Images
Published 28 May 2024

လက်စတာအသင်းသည် နည်းပြ မာရက်စကာကို ချယ်လ်ဆီးအသင်းနှင့် ဆွေးနွေးရန် ခွင့်ပြုပေးခဲ့ကြောင်း သိရသည်။

ချယ်လ်ဆီးအသင်းသည် နည်းပြ ပိုချက်တီနိုနှင့် လမ်းခွဲခဲ့ပြီးနောက် အစားထိုးခန့်အပ်ရန် နည်းပြသစ် ရှာဖွေနေရာ လက်စတာအသင်းအား ပရီးမီးယားလိဂ်သို့ တန်းတက်ခွင့်ရရှိအောင် ပို့ဆောင်ပေးခဲ့သည့် မာရက်စ်ကာကိုလည်း လျာထားစာရင်းတွင် ထည့်သွင်းထားသည်။

ယခုအခါ မာရက်စကာနှင့် ဆွေးနွေးမှုပြုလုပ်ရန် လက်စတာအသင်းက ခွင့်ပြုပေးခဲ့သည့်အတွက် ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်တော့မည်ဖြစ်ကြောင်း သိရသည်။

ဗြိတိန်ဂျာနယ်လစ် ဒေးဗစ်အွန်စတိန်းက ချယ်လ်ဆီးအသင်းသည် မာရက်စကာကို (၅)နှစ်စာချုပ်ချုပ်ဆိုရန် ကြိုးပမ်းနေသည်ဟု ဖော်ပြခဲ့သည်။

ချယ်လ်ဆီးအသင်းအနေဖြင့် မာရက်စကာကို ခန့်အပ်လျှင် စာချုပ်လျော်ကြေး ပေါင် (၈)သန်းနှင့် (၁၀)သန်းအကြား ကုန်ကျမည်ဖြစ်သည်။

Most Read

Most Recent