■ ဘာလင်တွင် ထားရှိမည့် ၎င်း၏ ပုံတူဖယောင်းရုပ်တုကို ဘာပေ ဖွင့်လှစ်ပေးခဲ့     

■ ဘာလင်တွင် ထားရှိမည့် ၎င်း၏ ပုံတူဖယောင်းရုပ်တုကို ဘာပေ ဖွင့်လှစ်ပေးခဲ့     
Photo: Daily Mail
Photo: Daily Mail
Published 17 May 2024

PSG အသင်းနှင့် ပြင်သစ်လက်ရွေးစင်အသင်း၏ တိုက်စစ်မှူး ဘာပေသည် ဂျာမနီနိုင်ငံ၊ ဘာလင်မြို့တွင် ထားရှိမည့် ၎င်းင်း၏ ပုံတူဖ ယောင်းရုပ်တုကို ကြာသပတေးနေ့က ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။

    

အဆိုပါဖယောင်းရုပ်တုကို ပြင်သစ်နိုင်ငံ၊ ပါရီမြို့တွင်ရှိသည့် မဒမ်တူးဆော့ပြတိုက်မှ ထုလုပ်ခြင်းဖြစ်ပြီး ဘာပေ၏ ပကတိအရွယ်အစားအတိုင်း ထုလုပ်ထားခြင်းဖြစ်သည်။ 

ဖယောင်းရုပ်တုကို ဘာပေ အောင်ပွဲခံလေ့ရှိသည့်ပုံစံအတိုင်း ထုလုပ်ထားခြင်းဖြစ်ပြီး ယူရို-၂၀၂၄ ပြိုင်ပွဲ၌ ပြင်သစ်အသင်း ဝတ်ဆင်မည့်ဝတ်စုံကို ဆင်မြန်းပေးထားခဲ့သည်။ 

ဘာပေသည် ရုပ်တုရှေ့တွင် ကာရံထားသည့် ကတ္တီပါစကို ခလုပ်နှိပ်ကာ ဖွင့်လှစ်ခဲ့ပြီးနောက် အလွန်အံ့အားသင့်သွားသည်ကို မြင်တွေ့ခဲ့ရသည်။ 

၎င်းက ရုပ်တုမှာ မိမိနှင့် (၁၀၀)ရာခိုင်နှုန်းတူညီသည်ဟု ချီးကျူးပြောကြားခဲ့သည့်အပြင် မိမိထက်ပင် ဘာပေဖြစ်နေသေးသည်ဟုလည်း နောက်ပြောင်ခဲ့ကြောင်း သိရသည်။

    

အဆိုပါရုပ်တုနှင့် ဘာပေ တွဲဖက်ရိုက်ကူးထားသည့် ဓာတ်ပုံများကို လူမှုကွန်ရက်များတွင် ဖော်ပြခဲ့ရာ အလွန်တူသည်ဟု ချီးကျူးခံခဲ့ရကြောင်းလည်း သိရသည်။ 

ယင်းရုပ်တုအား ယူရို -၂၀၂၄ ပြိုင်ပွဲကို အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် ဂျာမနီနိုင်ငံရှိ မဒမ်တူးဆော့ဖယောင်းပြတိုက်၌ ထားရှိမည်ဖြစ်သောကြောင့် ပြိုင်ပွဲအမီ ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။