ယခုနွေရာသီတွင် အနာဂတ်အတွက် ဆွေးနွေးမှုများ ပြုလုပ်သွားမည်ဟု ဘာစီလိုနာနောက်ခံလူ အာရူဟို ပြောကြား

ယခုနွေရာသီတွင် အနာဂတ်အတွက် ဆွေးနွေးမှုများ ပြုလုပ်သွားမည်ဟု ဘာစီလိုနာနောက်ခံလူ အာရူဟို ပြောကြား
Photo: Fabrizio
Photo: Fabrizio
Published 3 June 2024

ဘာစီလိုနာအသင်း၏ ဥရုဂွေးလက်ရွေးစင်နောက်ခံလူ အာရူဟိုက ယခု နွေရာသီအတွင်း မိမိ၏အနာဂတ်နှင့်ပတ်သက်ပြီး ကလပ်အသင်းနှင့် အေးဂျင့်ဖြစ်သူတို့ ဆွေးနွေးမှုများပြုလုပ်သွားမည်ဖြစ်ကြောင်း အတည်ပြုပြောကြားခဲ့သည်။

အသက် (၂၅) နှစ်အရွယ်ရှိ အာရူဟိုသည် ဘာစီလိုနာအသင်းနှင့် ၂၀၂၆ နွေရာသီအထိ စာချုပ်သက်တမ်းကျန်ရှိနေသေးသော်လည်း လက်ရှိအချိန်အထိ စာချုပ်သစ်အတွက် ဆွေးနွေးမှုတစ်စုံတစ်ရာမရှိသေးသောကြောင့် အနာဂတ်လှုပ်ခတ်လျက်ရှိနေသူဖြစ်သည်။

ယင်းအခြေအနေများနှင့်ပတ်သက်ပြီး အာရူဟိုက ''ကျွန်တော့်အနေနဲ့တော့ အလွန်တည်ငြိမ်နေပါတယ်။ ကျွန်တော်ဟာ ဘာစီလိုနာနဲ့ ၂၀၂၆ ခုနှစ်အထိစာချုပ်သက်တမ်းကျန်ရှိနေသူပါ။ လက်ရှိမှာတော့ အနာဂတ်နဲ့ပတ်သက်ပြီး ကျွန်တော့်ရဲ့ ကိုယ်စားလှယ်တွေနဲ့ ကလပ်အသင်းတာဝန်ရှိသူတွေ တွေ့ဆုံသွားမှာပါ'' ဟု ဥရုဂွေးမီဒီယာ Punto Penal နှင့် အင်တာဗျူးတွင်ဖြေကြားခဲ့သည်။

အာရူဟိုအားလက်ရှိတွင် ဘိုင်ယန်မြူးနစ်နှင့် မန်ယူအသင်းတို့က ခေါ်ယူရန်စိတ်ဝင်စားနေပြီး ပြောင်းရွှေ့ကြေး ယူရိုသန်း (၁၀၀)အထိအသုံးပြုသွားဖွယ် ရှိနေကြောင်း စပိန်အားကစားသတင်းစာ Football Espana ကဖော်ပြခဲ့သည်။

Most Read

Most Recent