■ လီဗာပူးလ်နောက်ခံလူ ဗန်ဒန်ဘာ့ဂ် ဘရန့်ဖို့ဒ်အသင်းသို့ ပေါင်(၂၅)သန်းဖြင့် ပြောင်းရွှေ့     

■ လီဗာပူးလ်နောက်ခံလူ ဗန်ဒန်ဘာ့ဂ် ဘရန့်ဖို့ဒ်အသင်းသို့ ပေါင်(၂၅)သန်းဖြင့် ပြောင်းရွှေ့     
Photo: Brentford
Photo: Brentford
Published 23 August 2024

လီဗာပူးလ်အသင်း၏ နယ်သာလန်နောက်ခံလူ ဗန်ဒန်ဘာ့ဂ်သည် ဘရန့်ဖို့ဒ်အသင်းသို့ ပေါင်(၂၅)သန်းဖြင့် ပြောင်း ရွှေ့ခဲ့ကြောင်း သိရသည်။ 

ဘရန့်ဖို့ဒ်အသင်းသည် ဗန်ဒန်ဘာ့ဂ်အတွက် ကနဦးပြောင်းရွှေ့ကြေး ပေါင်သန်း(၂၀)နှင့် Add-ons ကြေး ပေါင်(၅)သန်းပေးချေရမည်ဖြစ်ပြီး (၅)နှစ်စာချုပ် ချုပ်ဆိုခဲ့ကြောင်း သိရသည်။ 

ဘရန့့်ဖို့ဒ်အသင်းအနေဖြင့် ဗန်ဒန်ဘာ့ဂ်ကို အခြားအသင်းထံ ပြန်လည်ရောင်းချခဲ့ပါက ပြောင်းရွှေ့ကြေး၏ (၁၇.၅%)ကို လီဗာပူးလ်အသင်းထံ ပေးချေရမည့် သဘောတူညီချက်လည်း ပါဝင်ခဲ့ကြောင်း သိရသည်။ 

ဗန်ဒန်ဘာ့ဂ်(၂၂ နှစ်)သည် လီဗာပူးလ်အသင်းတွင် ပြည်တွင်းဖလားပွဲ (၄)ပွဲသာ ပါဝင်ကစားခဲ့ရကြောင်း သိရသည်။

ဘရန်ဖို့ဒ်သည် ယခုနွေရာသီအပြောင်းအရွှေ့ကာလတွင် လီဗာပူးလ်အသင်းမှ နောက်ခံကစားသမား ဗန်ဒန်ဘာ့ဂ်အပြင် ပေါ်တူဂီလူငယ်ကွင်းလယ်တိုက်စစ်ကစားသမား ကာဗယ်လ်ညိုကိုလည်း ခေါ်ယူထားသည်။