■ ပြင်သစ်လီဂူးပွဲစဉ် (၂) ပွဲကြိုသုံးသပ်ချက်

■ ပြင်သစ်လီဂူးပွဲစဉ် (၂) ပွဲကြိုသုံးသပ်ချက်
Photo: Getty Images
Photo: Getty Images
Published 23 August 2024

လိုင်ယွန် - မိုနာကို (မြန်မာစံတော်ချိန် သြဂုတ်လ ၂၄ ရက် ည ၉:၃၀ နာရီ)

လိုင်ယွန်က ရာသီအဖွင့်ပွဲမှာ ဂိုးပြတ်ရှုံးပွဲကြုံထားပြီး မိုနာကိုကတော့ ပွတ်ကာသီကာနိုင်ပွဲနဲ့အတူ ရာသီသစ်တာထွက်လှခဲ့ပါတယ်။ ဒါကြောင့် အခုအိမ်ကွင်းပွဲမှာ လိုင်ယွန်တို့နိုင်ပွဲရဖို့ အားထုတ်လာမှာဖြစ်ပြီး မိုနာကိုကတော့ အဝေးကွင်းမှာထိန်း ထိန်းသိမ်းသိမ်းပဲကစားသွားဖို့ရှိနေတယ်။ မိုနာကိုအနိမ့်ဆုုံး သရေကစားမှာပါ။



လိုင်လီ - အန်ဂါစ် (မြန်မာစံတော်ချိန် သြဂုတ်လ ၂၄ ရက် ည ၁၁:၃၀ နာရီ)

လိုင်လီကတော့ ရာသီအဖွင့်နိုင်ပွဲနဲ့အတူ တည်ငြိမ်မှုကို ဆက်ထိန်းနိုင်ခဲ့တယ်။ ချန်ပီယံလိဂ်တစ်ဖက်ရှိနေပေမယ့် အိမ်ကွင်းမှာတော့ လိုင်လီအမှားမခံပါဘူး။ လိုင်လီပဲနိုင်ပွဲဆက်မယ်။



စိန့်အက်တီယန် - လူအယ်ဗာ (မြန်မာစံတော်ချိန် သြဂုတ်လ ၂၅ ရက် နံနက် ၁:၃၀ နာရီ)

အဖွင့်ပွဲမှာ နှစ်သင်းစလုံးရှုံးပွဲတွေ့ထားပြီး ခြေစွမ်းကလည်း အားရစရာမရှိသေးပါဘူး။ စိန့်အက်တီယန်က အိမ်ကွင်းအားသာချက်ရှိပေမယ့် လူအယ်ဗာ အမှတ်ရအောင်ကစားပါလိမ့်မယ်။