■ လာလီဂါပွဲစဉ် (၂) ပွဲကြိုသုံးသပ်ချက် 

■ လာလီဂါပွဲစဉ် (၂) ပွဲကြိုသုံးသပ်ချက် 
Photo: Getty Images
Photo: Getty Images
Published 23 August 2024

အိုဆာဆူနာ - မာယော့ကာ (မြန်မာစံတော်ချိန် သြဂုတ်လ ၂၄ ရက် ည ၉:၃၀ နာရီ)

နှစ်သင်းစလုံးခြေစွမ်းနဲ့ အင်အားချင်းကသိပ်မကွာလှဘူး။ အိုဆာဆူနာတို့ အိမ်ကွင်းကစားပုံပိုကောင်းတတ်ပေမယ့် မာယော့ကာကလည်း ခံစစ်ကစားပုံမဆိုးလှလို့ ဒီပွဲက တစ်သင်းနဲ့ တစ်သင်းထိန်းကစားသွားဖို့များနေတယ်။ ဂိုးနည်းသရေပွဲလို့ပဲ ရွေးထားလိုက်မယ်။



ဘာစီလိုနာ - ဘီလ်ဘာအို (မြန်မာစံတော်ချိန် သြဂုတ်လ ၂၄ ရက် ည ၁၁:၃၀ နာရီ)

ဒီပွဲကဘာစီလိုနာအိမ်ရှင်ဆိုပေမယ့် ပြီးခဲ့တဲ့ ဗလင်စီယာနဲ့ပွဲထက်ပိုခက်ခဲနိုင်မယ့်ပွဲမျိုးပါပဲ။ ဘီလ်ဘာအိုက ပွဲဦးမှာ ဂီတာဖေးကို သရေသာကစားနိုင်ခဲ့ပေမယ့် အခုပွဲမှာတော့ ကစားပုံပိုအရှိန်ရလာမယ့်ပုံပေါ်နေတယ်။ အဝေးကွင်းပွဲလည်းဖြစ်နေလို့ ဘီလ်ဘာအိုခံစစ်ပိုင်းကို ပိုသတိထားကစားလာဖို့များလိမ့်မယ်။ နည်းပြ ဗယ်လ်ဗာဒီကလည်း ဒီရာသီမှာ သူ့အသင်းကိုလူငယ် သွေးသစ်တွေနဲ့ ပြန်အားပြုတည်ဆောက်ထားလို့ ဘာစီလိုနာကို ကစားအားချင်းကောင်းကောင်းယှဉ်နိုင်ဖို့ရှိနေတယ်။ ဘာစီလို နာကတော့ ဒီပွဲလည်း လူစုံပွဲမထုတ်နိုင်သေးဘူး။ ကစားပုံ၊ ကစားအားတိုးတက်လာပေမယ့် ခံစစ်ပိုင်းလျော့နေသေးသလို ကွင်း လယ်ကလည်း လူငယ်အသစ်လေးတွေနဲ့အသားကျဖို့အချိန် ပေးရဦးမလိုဖြစ်နေသေးတယ်။ ဒါပေမဲ့ အိမ်ကွင်းမှာတော့ ဘာစီလိုနာအနိုင်မရရအောင်ကစားမှာပါ။ ဂိုးလည်း များသွားနိုင်တယ်။



ဂီတာဖေး - ဗယ်လက်ကာနို (မြန်မာစံတော်ချိန် သြဂုတ်လ ၂၅ ရက် နံနက် ၂:၀၀ နာရီ)

ဗယ်လက်ကာနိုရဲ့နောက်ထပ် ရာသီအဖွင့်အဝေးကွင်းပွဲပါပဲ။ ဗယ်လက်ကာနိုရဲ့အဝေးကွင်းစွမ်းဆောင်ရည်က ထိန်းကစားဖို့ကြိုးစားတာကလွဲပြီး သိပ်အကောင်းကြီးမဟုတ်ဘူး။ ဂီတာဖေးကလည်း အိမ်ကွင်းပိုကောင်းတဲ့အသင်းဆိုတော့ ဗယ်လက်ကာနိုတို့ ဒီပွဲလည်းအနိုင်ရဖို့မရှိလောက်သေးပါဘူး။ ဂီတာဖေးနဲ့ ဂိုးအနည်းပဲ ကောင်းမယ်။



အက်စ်ပန်ညို - ဆိုစီဒက် (မြန်မာစံတော်ချိန် သြဂုတ်လ ၂၅ ရက် နံနက် ၂:၀၀ နာရီ)

ရာသီအစဆိုစီဒက်ကစားပုံကအားနည်းနေပုံပေါ်နေတယ်။ လီနော်မန့်၊ မယ်ရီနိုတို့မရှိတဲ့နောက်မှာ ဆိုစီဒက်ရဲ့ ခံစစ်ကစားပုံ လည်းလျော့သွားသလိုပါပဲ။ အက်စ်ပန်ညိုကလည်း တန်းတက်အသင်းဆိုပေမယ့် လာလီဂါအတွေ့အကြုံရင့်သလို အိမ်ကွင်းကစားပုံလည်းမဆိုးလှဘူး။ အိမ်ကွင်းမှာ ခံစစ်ပိုင်းကပိုပြီးမာမာကျော ကျောကစားနိုင်သလို တိုက်စစ်ကလည်း ဆိုစီဒက်ကိုဖိအားပြန် ပေးနိုင်မယ့်ပုံပေါ်နေတယ်။ အိမ်ရှင်အက်စ်ပန်ညိုနဲ့ ဂိုးအနည်းပဲ ရွေးထားချင်တယ်။