■ ကိုပါအမေရိကအပြီးတွင် လက်ရွေးစင်ကစားသမားဘဝမှ အနားယူဖွယ်ရှိကြောင်း မက်ဆီ ပြောကြား     

■ ကိုပါအမေရိကအပြီးတွင် လက်ရွေးစင်ကစားသမားဘဝမှ အနားယူဖွယ်ရှိကြောင်း မက်ဆီ ပြောကြား     
Photo: Getty Images
Photo: Getty Images
Published 12 July 2024

အာဂျင်တီးနားအသင်းခေါင်းဆောင် မက်ဆီက ကိုပါအမေရိကဖလားပြိုင်ပွဲအပြီးတွင် လက်ရွေးစင်ကစားသမားဘဝမှ အနားယူဖွယ်ရှိကြောင်း ပြောကြားခဲ့သည်။ 

အသက် (၃၇) နှစ်ကျော်ပြီဖြစ်သည့် မက်ဆီ ဦးဆောင်သော အာဂျင်တီးနားအသင်းသည် ၂၀၂၄ ကိုပါအမေရိကဖလားပြိုင်ပွဲတွင် ဗိုလ်လုပွဲသို့ တက်ရောက်နိုင်ခဲ့ပြီဖြစ်သည်။ 

မက်ဆီသည် မူလက ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲအပြီးတွင် လက်ရွေးစင်ကစားသမားဘဝမှ အနားယူရန် စီစဉ်ခဲ့သော်လည်း ကမ္ဘာ့ဖလားချန်ပီယံဖြစ်ပြီးနောက် အာဂျင်တီးနားအသင်းအတွက် ဆက်ကစားရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။ 

အာဂျင်တီးနား နည်းပြ စကာလိုနီက မက်ဆီအား ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ပါဝင်ကစားစေလိုသည်ဟု ပြောဆိုထားသော်လည်း မက်ဆီကမူ လက်ရွေးစင်ကစား သမားဘဝမှ အနားယူရန် နီးကပ်လာပြီဖြစ်ကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။ 

မက်ဆီက "လက်ရွေးစင်ကစားသမားဘဝကနေ အနားယူဖို့ နီးကပ်လာပြီဆိုတာကို ကျွန်တော် သိပါတယ်။ အခု ကျွန်တော် ကစားနေတဲ့ပွဲစဉ်တွေက အာဂျင်တီးနားလက်ရွေးစင်အသင်းအတွက် နောက်ဆုံးတိုက်ပွဲတွေဆိုတာကို ကျွန်တော် သတိထားမိပါတယ်။ ဒါကြောင့် ကျွန်တော့်အနေနဲ့ ကစားရတဲ့ပွဲစဉ်တိုင်းကို ပျော်ရွှင်မှုအပြည့်နဲ့ ကစားနေပါတယ်။ ဗိုလ်လုပွဲကို ထပ်ရောက်ဖို့ဆိုတာ တကယ်မလွယ်ပါဘူး"ဟု ပြောကြားခဲ့သည်။ 

အာဂျင်တီးနားအသင်းသည် ၂၀၂၄ ကိုပါအမေရိကဗိုလ်လုပွဲအဖြစ် ကိုလံဘီယာအသင်းနှင့် ကစားရမည်ဖြစ်သည်။ 

Most Read

Most Recent