ယူရို-၂၀၂၄ ပြိုင်ပွဲ အုပ်စု(B) ပွဲကြိုသုံးသပ်ချက်

ယူရို-၂၀၂၄ ပြိုင်ပွဲ အုပ်စု(B) ပွဲကြိုသုံးသပ်ချက်
Photo: AFP
Photo: AFP
Published 24 June 2024

ခရိုအေးရှား နှင့် အီတလီ (မြန်မာစံတော်ချိန် အင်္ဂါနံနက် ၁း၃၀ နာရီ)

ခရိုအေးရှားအသင်းက ယူရိုပြိုင်ပွဲတွေမှာဆိုရင် ကမ္ဘာ့ဖလားပြိုင်ပွဲလောက် ကစားတာ အားမကောင်းဘူး။ အသင်းက ပြီးခဲ့တဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲဝင်အသင်းက အဓိက ကစားသမားအများစု ပြန်ပါလာတယ်ဆိုပေမယ့် အသင်းမှာ ရှိတဲ့ အဓိက ကစားသမားတွေက အရင် ၂ နှစ်ကထက် အသက်ပိုကြီးလာကြတာလည်း ပါတယ်။ နောက်တစ်ကြိမ်ဆိုရင် ခရိုအေးရှားက နည်းနည်း ပိုစိုးရိမ်စရာကောင်းမယ်။ ကစားသမားချင်းယှဉ်ရင် အီတလီရဲ့ နှစ်ဆလောက် အတွေ့အကြုံ ပိုများပေမယ့် အီတလီအသင်းရဲ့ ကစားအားက တော်တော်ကောင်းတယ်။ ခရိုအေးရှားနဲ့ တွေ့ခဲ့တဲ့ ရလဒ်တွေအရ ဒီနှစ်သင်းကြား သိပ်မကွာပေမယ့် လက်ရှိအချိန်မှာတော့ အီတလီကိုပိုကြိုက်နေတယ်။ 

အယ်လ်ဘေးနီးယား နှင့် စပိန် (မြန်မာစံတော်ချိန် အင်္ဂါနံနက် ၁း၃၀ နာရီ)

အယ်လ်ဘေးနီးယားအသင်းက အီတလီကို ရှုံးခဲ့တဲ့ပွဲမှာ ပုံစံကောင်းပြသနိုင်ခဲ့ပါတယ်။ အီတလီကို တော်တော်လေး ခက်ခဲအောင် လုပ်နိုင်ခဲ့တယ်။ ခရိုအေးရှားနဲ့ပွဲမှာလည်း စုစည်းမှုကောင်းကောင်းနဲ့ ကစားပြနိုင်ခဲ့ပြန်တယ်။ စပိန်အသင်းကတော့ ဒိပြိုင်ပွဲမှာ ဗိုလ်စွဲဖို့ ရေပန်းစားနေတဲ့အသင်းတွေထဲက တစ်သင်းဖြစ်ပြီး ကစားပုံလည်း တော်တော်လေး ကောင်းမွန်ထက်မြက်တယ်။ အယ်လ်ဘေးနီးယားကောင်းပေမယ့် စပိန်ရဲ့ခြေစွမ်းကိုတော့ ယှဉ်ဖို့ မလွယ်ပါဘူး။ စပိန်ပဲ နိုင်မယ်။ 

Most Read

Most Recent