စပိန်နောက်ခံလူ နာချို ဆော်ဒီကလပ် အယ်လ်ကတ်ဆီယာအသင်းသို့ ပြောင်းရွှေ့

စပိန်နောက်ခံလူ နာချို ဆော်ဒီကလပ် အယ်လ်ကတ်ဆီယာအသင်းသို့ ပြောင်းရွှေ့
Photo: X
Photo: X
Published 29 June 2024

 

ရီးယဲလ်မက်ဒရစ်အသင်း၏ စပိန်နောက်ခံလူ နာချိုသည် ဆော်ဒီကလပ် အယ်လ်ကတ်ဆီယာအသင်းထံသို့ ပြောင်းရွှေ့ခဲ့ကြောင်း သိရသည်။         

နာချို(၃၄ နှစ်)သည် ရီးယဲလ်အကယ်ဒမီမှ ထွက်ပေါ်လာသည့် ကစားသမားဖြစ်ပြီး ရီးယဲလ်အသင်းတွင် ၂၀၁၁ ခုနှစ်ကတည်းက စတင်ကစားခွင့် ရရှိခဲ့သူဖြစ်သည်။ နာချိုသည် ရီးယဲလ်အသင်းအတွက် ပြိုင်ပွဲစုံ (၃၆၄)ပွဲ ကစားကာ (၁၆)ဂိုးသွင်းယူခဲ့ပြီး ဆုဖလားအောင်ပွဲများစွာလည်း ရယူနိုင်ခဲ့သည်။ 

နာချိုသည် ရီးယဲလ်အသင်းနှင့် လမ်းခွဲရန် ဆုံးဖြတ်ခဲ့ပြီးနောက် အယ်လ်ကတ်ဆီယာအသင်းသို့ ပြောင်းရွှေ့ခဲ့ခြင်းဖြစ်ပြီး ၂၀၂၆ ခုနှစ်အထိ (၂)နှစ်စာချုပ် ချုပ်ဆိုခဲ့ကြောင်း သိရသည်။ နာချိုသည် ပြီးခဲ့သည့် ရာသီတွင် ရီးယဲလ်အသင်း၏ အမာခံကစားသမားတစ်ဦးအဖြစ် ရပ်တည်နိုင်ခဲ့သလို၊ ယူရို-၂၀၂၄ ပြိုင်ပွဲတွင်လည်း စပိန်လက်ရွေးစင်အသင်းနှင့်အတူ ပါဝင်ယှဉ်ပြိုင်လျက်ရှိသည်။ 

နာချိုက "ဒီအပြောင်းအရွှေ့က ယူရိုပြိုင်ပွဲနဲ့ ကျွန်တော့်အပေါ် သက်ရောက်မှု မရှိပါဘူး။ ဒါကို ပြီးခဲ့တဲ့လများစွာကတည်းက ကျွန်တော် သိထားပြီးသားပါ။ ဒါက ကျွန်တော့်ကို ပိုမိုပျော်ရွှင်စေပါတယ်"ဟု ပြောကြားခဲ့သည်။

Most Read

Most Recent