■ ဖလားနှစ်လုံးလား၊ ဥရောပဝင်ခွင့်လား ဝင်ဘလေကွင်းက မန်ချက်စတာဒါဘီ

■ ဖလားနှစ်လုံးလား၊ ဥရောပဝင်ခွင့်လား ဝင်ဘလေကွင်းက မန်ချက်စတာဒါဘီ
Photo: Daily Mail
Photo: Daily Mail
Published 24 May 2024
Wai Yan Aung

FA ဖလား ဗိုလ်လုပွဲက နှစ်ရာသီဆက်တိုက် မန်ချက်စတာဒါဘီပွဲ ဖြစ်လာခဲ့ပါတယ်။ ပြီးခဲ့တဲ့ရာသီတုန်းကလည်း မန်ချက်စတာမြို့ခံနှစ်သင်းဖြစ်တဲ့ မန်စီးတီးနဲ့ မန်ယူတို့ပဲ ဆုံတွေ့ခဲ့ကြပြီး မန်စီးတီးအသင်းက (၂-၁)ဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။ ဒါကြောင့် မန်ချက်စတာဒါဘီသမိုင်းတစ်လျှောက် ပထမဆုံးအကြိမ်အဖြစ် နှစ်ရာသီဆက်ဗိုလ်လုပွဲဆင်နွှဲရခြင်းအဖြစ်လည်း မှတ်တမ်းဝင်ခဲ့ပါတယ်။ လိဂ်ဖလားနဲ့ FA ဖလားမှာ မန်ချက်စတာဒါဘီပွဲပေါင်း  (၂၂)ပွဲ ယှဉ်ပြိုင်ခဲ့ဖူးပေမဲ့ ဒီရာသီမတိုင်ခင် ဗိုလ်လုပွဲအဆင့်မှာ တစ်ကြိမ်ပဲ ယှဉ်ပြိုင်ဖူးခဲ့တာပါ။ ဒီတော့ မန်ချက်စတာဒါဘီဖလားလုပွဲက ဘောလုံးပရိသတ်တွေအတွက် ရှားပါးပစ္စည်းတစ်ခုလိုလည်း ဖြစ်နေပါတယ်။ ဒါဘီပြိုင်ဘက်တွေရဲ့ ပြိုင်ဆိုင်မှု ပြင်းထန်ခြင်းအပေါ် ဆုဖလားအောင်ပွဲဆိုတဲ့ တန်ဖိုးတစ်ရပ် ပေါင်းစပ်လိုက်တဲ့အခါ မန်ချက်စတာဒါဘီဗိုလ်လုပွဲဟာ စိတ်လှုပ်ရှားစရာအတိဖြစ်သွားမှာလည်း သေချာပါတယ်။

 

Most Read

Most Recent