ကွန်းဖရန့်လိဂ်ပွဲစဉ်(၃) ပွဲကြိုသုံးသပ်ချက်

ကွန်းဖရန့်လိဂ်ပွဲစဉ်(၃) ပွဲကြိုသုံးသပ်ချက်
Photo: Chelsea
Photo: Chelsea
Published 7 November 2024

ချယ်လ်ဆီး နှင့် နိုအာ (မြန်မာစံတော်ချိန် သောကြာနံနက် ၂း၃၀ နာရီ)

ချယ်လ်ဆီးအသင်းက ပြည်တွင်းပွဲတွေမှာ ပွဲကျပ်တွေ တောက်လျှောက်ကစားနေရတယ်။ ဒါပေမဲ့ ချယ်လ်ဆီးရဲ့လူအင်အား ပိုလျှံနေတာက အခုလိုရာသီမှာ များစွာအသုံးဝင်နေတယ်။ ကွန်းဖရန့်လိဂ်ပြိုင်ပွဲက ချယ်လ်ဆီးအသင်းအတွက် ပွဲမကစားရသူတွေကို အခွင့်အရေးပေးသလို ဖြစ်နေပါတယ်။  လိဂ်ဖလားက ထွက်ထားရလို့ အခုပွဲအတွက် ဖိအားမရှိပေမဲ့ ချယ်လ်ဆီးအသင်း ပရိသတ်ကျေနပ်မယ့် ရလဒ်ရအောင်တော့ အားထုတ်လိမ့်မယ်။ အာမေးနီးယားကလပ် နိုအာက ချယ်လ်ဆီးအသင်း နဲ့ တန်းချင်းယှဉ်ရင် အတော်ကွာပါတယ်။ ချယ်လ်ဆီးအသင်း အနိမ့်ဆုံး သုံးဂိုးပြတ်မယ်။

ဟတ်စ် နှင့် ဟိုင်းဟိုင် (မြန်မာစံတော်ချိန် သောကြာနံနက် ၂း၃၀ နာရီ)

အဖွင့်နှစ်ပွဲစလုံး အနိုင်ရထားတဲ့ အသင်းနှစ်သင်း တွေ့ဆုံကြတာပါ။ ဟိုင်းဟိုင်အသင်းက ကွန်းဖရန့်လိဂ်ပွဲတွေကလွဲပြီး ပြည်တွင်းပွဲတွေမှာတော့ (၅)ပွဲဆက်တိုက် နိုင်ပွဲပျောက်ထားခဲ့တယ်။ ဟိုင်းဟိုင်အနေနဲ့ နှစ်ပွဲစလုံး အနိုင်ကစားထားပေမဲ့ ရလဒ်ပိုင်းကတော့ ကျေနပ်စရာအနေအထား မဟုတ်ပါဘူး။  ဟတ်စ်ကလည်း စကော့တလန်လိဂ်မှာ ဇယားအောက်ဆုံးနား ရောက်နေတယ်။ သရေကျဖို့များတဲ့ပွဲပါ။

APOEL နှင့် ဖီအိုရင်တီးနား (မြန်မာစံတော်ချိန် သောကြာနံနက် ၂း၃၀ နာရီ)

ဖီအိုရင်တီးနားအသင်းက ပြိုင်ပွဲစုံ နောက်ဆုံး(၆)ပွဲဆက်တိုက် အနိုင်ကစားထားတယ်။ အဝေးကွင်းဖြစ်ပေမဲ့ ဖီအိုရင်တီးနား အနိုင်ရဦးမှာပါ။

ဘက်တစ် နှင့် ဆယ်ရယ် (မြန်မာစံတော်ချိန် သောကြာနံနက် ၂း၃၀ နာရီ)

ဘက်တစ်အသင်းရဲ့ပုံစံက ကွန်းဖရန့်လိဂ်ပြိုင်ပွဲကို သိပ်အားစိုက်မယ့်ပုံတော့ မရှိပါဘူး။ ဒါပေမဲ့ စပိန်မြေဖြစ်လို့ အိမ်ရှင် ဘက်တစ်ပဲ ရွေးချယ်ချင်တယ်။

အခြားပွဲစဉ်များ

ဗိုက်ကင်ဂါR    -    ဘိုရက်*

    ပယ်သရိုကူ    -    ရက်ပစ်ဝီအန်*

    *TSC    -    လူဂါနို

    *HJK    -    အိုလင်ပီယာ

    *KAAဂျန့်    -    အိုမိုးနီးယား

    *လီဂီယာဝါဆော    -    ဒီနာမိုမင့်ခ်

    ပါဖိုးစ်    -    အက်စ်တာနာ*

    *ရှမ်ရော့ခ်ရိုဗာ    -    နယူးစိန့်စ်

    *ယာဂါးဒန်း    -    ပါနာသီနေကော့စ်

    *FC ကိုပင်ဟေဂင်    -    ဘာရှက်ဆီဟီ

    *ယာဂယ်လိုနီယာ    -    မိုလ်ဒီ

    လာနယ်    -    စိန့်ဂယ်လန်*

    LASK    -    ဆာကယ်ဘရုဂေး *

    *ဂီမာရေ့စ်    -    မီလာဒါ

Most Read

Most Recent