မာယော့ကာ နှင့် ဘီလ်ဘာအို (မြန်မာစံတော်ချိန် အင်္ဂါနံနက် ၂း၃၀ နာရီ)
ဘီလ်ဘာအိုရဲ့ ကစားပုံက အထူးသဖြင့် တိုက်စစ်ပိုင်းမှာ အတက်အကျမြန်နေတတ်တယ်။ နောက်ဆုံးပွဲမှာ အက်စ်ပန်ညိုကို (၄) ဂိုးသွင်းခဲ့ပေမဲ့ ဘီလ်ဘာအိုရဲ့ တိုက်စစ်ကို ယုံစားလို့ မရသေးဘူး။ မာယော့ကာကလည်း အိမ်ကွင်းခံစစ်ပိုင်း မာရေကျောရေရှိလို့ ဒီပွဲမှာ ဘီလ်ဘာအို တိုက်စစ်ဂိုးရရေးအတွက် ရုန်းရဦးမှာ သေချာနေတယ်။ ဂိုးနည်းသရေပွဲဖြစ်ဖို့ များနေတဲ့ပွဲလို့ ထင်တယ်။