■ စီးရီးအေပွဲစဉ် (၁) ပွဲကြိုသုံးသပ်ချက် 

■ စီးရီးအေပွဲစဉ် (၁) ပွဲကြိုသုံးသပ်ချက် 
Published 16 August 2024

ဂျီနိုအာ - အင်တာမီလန် (မြန်မာစံတော်ချိန် သြဂုတ်လ ၁၇ ရက် ည ၁၁:၀၀ နာရီ)

ဂျီနိုအာက ရာသီကြိုခြေစမ်းပွဲတွေမှာ ရလဒ်ကောင်းတွေတောက်လျှောက်ရခဲ့ပြီး ရှုံးပွဲတစ်ပွဲပဲ တွေ့ခဲ့တယ်။ ဒါပေမဲ့ မိုနာကို၊ ဗင်နီစီယာတို့ကလွဲပြီး တစ်ဆင့်နိမ့်တဲ့ ပြိုင်ဘက်တွေနဲ့ ရင်ဆိုင်ခဲ့ရတာဖြစ်တယ်။ လက်ရှိချန်ပီယံ အင်တာမီလန်ကတော့ ဂျီနိုအာနဲ့ကွာဟချက် အရမ်းများပါတယ်။ အင်တာမီလန်ရဲ့ ကစားသမားအင်အား၊ အဆင့်အတန်း၊ ကွင်းတွင်းခြေစွမ်းက အားရစရာကောင်းပါတယ်။ လော်တာရိုမာတီနက်ဇ်ဦးဆောင်လာမယ့်တိုက်စစ်က သွင်းဂိုးတွေအတွက် အသင့်ဖြစ်နေဦးမှာပါ။ အင်တာမီလန် အနိုင်သေချာတယ်။ (၂-ဝ)လောက်နဲ့ အင်တာမီလန် နိုင်မယ်။



ပါးမား - ဖီအိုရင်တီးနား (မြန်မာစံတော်ချိန် သြဂုတ်လ ၁၇ ရက် ည ၁၁:၀၀ နာရီ)

ပါးမားက တန်းတက်အသင်းတွေထဲမှာ အင်အားအကောင်းဆုံးအသင်းလို့ ဆိုရမယ်။ ဖီအိုရင်တီးနားက ပိုကောင်းတဲ့ အသင်းဖြစ်ပေမဲ့ ပါးမားနဲ့ ရပ်တည်သင့်တယ်။ (၂)သင်းပေါင်း သွင်းဂိုးနည်းနိုင်တယ်။



အမ်ပိုလီ - မွန်ဇာ (မြန်မာစံတော်ချိန် သြဂုတ်လ ၁၈ ရက် နံနက် ၁:၁၅ နာရီ)

ဒီ(၂)သင်းတွေ့ဆုံတဲ့ နောက်ဆုံး (၆)ပွဲမှာ (၄)ပွဲက (၂) သင်းပေါင်းသွင်းဂိုး (၂)ဂိုးနဲ့အောက်ပဲ ရှိခဲ့တယ်။ အမ်ပိုလီက အိမ်ရှင်အသင်းဖြစ်ပေမဲ့ ကစားပုံပိုကောင်းတဲ့ မွန်ဇာကို ကြိုက်တယ်။ ဂိုးနည်းနိုင်တယ်။



အေစီမီလန် - တိုရီနို (မြန်မာစံတော်ချိန် သြဂုတ်လ ၁၈ ရက် နံနက် ၁:၁၅ နာရီ)

အေစီမီလန်က ဂျရူး မရှိတော့ပေမဲ့ မိုရာတာရောက်လာခြင်းက အသင်းရဲ့တိုက်စစ်ကို ပိုအားကောင်းစေပါလိ့မယ်။ လီယာအို၊ ပူလီဆစ်တို့လို ကစားသမားတွေက ဒီရာသီမှာ ပိုအားကောင်းလာမယ့် ကြယ်ပွင့်တွေဖြစ်ပြီး ပြိုင်ဘက်တိုင်းကို ဒုက္ခပေးနိုင်လိမ့်မယ်လို့လည်း မျှော်လင့်ရတယ်။ တိုရီနိုက မာကျောမှုရှိပေမဲ့ အဝေးကွင်းအားနည်းတတ်တဲ့ အသင်းပါ။ ပြီးခဲ့တဲ့ ရာသီတွေ့ဆုံမှုမှာလည်း အေစီမီလန်ကွင်းမှာ တိုရီနို ဂိုးပြတ်အရေးနိမ့်ခဲ့တယ်။ အေစီမီလန် အနိုင်သေချာတယ်။ ဂိုးများနိုင်တယ်။