■ ဂျာမန်စူပါဖလား ပွဲကြိုသုံးသပ်ချက်

■ ဂျာမန်စူပါဖလား ပွဲကြိုသုံးသပ်ချက်
Published 16 August 2024

လေဗာကူဆင် - စတုဂတ် (မြန်မာစံတော်ချိန် သြဂုတ်လ ၁၈ ရက် နံနက် ၁:၀၀ နာရီ)



လေဗာကူဆင်အသင်းက ပြီးခဲ့တဲ့ရာသီ အဓိကအင်အားစုကို ဆက်ထိန်းထားနိုင်တဲ့အပြင် နေရာအလိုက် ဖြည့်တင်းမှုတွေလည်း ပြုလုပ်ထားတာ တွေ့ရတယ်။ ဒီနှစ်သင်း နောက်ပိုင်းတွေ့ဆုံမှုတွေမှာလည်း လေဗာကူဆင်အသင်းကပဲ အပြတ်အသတ် အသာရထားပြီး စတုဂတ်က ၂၀၁၈ ခုနှစ်မှာ နောက်ဆုံး အနိုင်ရထားခဲ့တာဖြစ်တယ်။ ဒါပေမဲ့ နောက်ဆုံးတွေ့ဆုံမှု(၄)ပွဲ မှာ (၃)ပွဲသရေကျခဲ့ပြီး တစ်ပွဲပဲ လေဗာကူဆင် အနိုင်ရခဲ့တာကို သတိပြုရမယ်။ စတုဂတ်အသင်းကတော့ အန်တွန်၊ ဂီဟာဆီ၊ အီတိုတို့ ထွက်သွားလို့ အနည်းငယ်အထိုင်ပျက်သွားနိုင်တယ်။ လေဗာကူဆင်ပဲ ဗိုလ်စွဲလိမ့်မယ်။