■ အန်ဇိုဖာနန်ဒက်ဇ်ကို ဂုဏ်ပြုကြိုဆိုစဉ် ရေးဗားပလိတ်ပရိသတ်များက လူမျိုးရေးခွဲခြားသည့်သီချင်း သီဆို

■ အန်ဇိုဖာနန်ဒက်ဇ်ကို ဂုဏ်ပြုကြိုဆိုစဉ် ရေးဗားပလိတ်ပရိသတ်များက လူမျိုးရေးခွဲခြားသည့်သီချင်း သီဆို
Photo: Daily Mail
Photo: Daily Mail
Published 23 July 2024

အာဂျင်တီးနားကလပ် ရေးဗားပလိတ်အသင်းပရိသတ်များသည် ၎င်းတို့၏ကစားသမားဟောင်းဖြစ်သူ အန်ဇိုဖာနန်ဒက်ဇ်ကို ဂုဏ်ပြုကြိုဆိုစဉ် အငြင်းပွားဖွယ် လူမျိုးရေးခွဲခြားသည့်သီချင်းကို ကွင်းလုံးပြည့်သီဆိုခဲ့ကြောင်း သိရသည်။

အန်ဇိုဖာနန်ဒက်ဇ်သည် ဇူလိုင်(၂၁)ရက်က ရေးဗားပလိတ်အသင်း၏ ပြည်တွင်းလိဂ်အိမ်ကွင်းပွဲစဉ်ကို သွားရောက်ကြည့်ရှုခဲ့သည်။

အာဂျင်တီးနားအသင်းနှင့် ၂၀၂၄ ကိုပါအမေရိကချန်ပီယံဆု ရရှိထားသည့် ၎င်းကို ရေးဗားပလိတ်အသင်းက ဂုဏ်ပြုကြိုဆိုမှုပြုလုပ်စဉ် ကွင်းအတွင်းရှိ ပရိသတ်များက ပြင်သစ်အသင်းမှ အာဖရိကနွယ်ဖွား ကစားသမားများအား တိုက်ခိုက်သည့်သီချင်းကို ကွင်းလုံးပြည့် သီဆိုခဲ့ခြင်းဖြစ်သည်။

အန်ဇိုဖာနန်ဒက်ဇ်သည် လူမျိုးရေးခွဲခြားသည့်သီချင်းသီဆိုသည့် ဗီဒီယိုကို Instagram တွင် တင်ခဲ့သောကြောင့် ဝေဖန်မှုများ ပြင်းထန်စွာခံနေရသည်။

၎င်းအနေဖြင့် အဆိုပါအပြုအမူကြောင့် (၁၂)ပွဲပယ်ပြစ်ဒဏ်အထိ ကျခံရနိုင်ကြောင်း ထိပ်တန်းအားကစားရှေ့နေတစ်ဦးက သုံးသပ်ပြောကြားထားသည်။