■ ပြင်သစ်လီဂူးပွဲစဉ် (၁) ပွဲကြိုသုံးသပ်ချက်

■ ပြင်သစ်လီဂူးပွဲစဉ် (၁) ပွဲကြိုသုံးသပ်ချက်
Photo: Getty Images
Photo: Getty Images
Published 16 August 2024

ဘရက်စ် - မာဆေးလ် (မြန်မာစံတော်ချိန် သြဂုတ်လ ၁၇ ရက် ည ၉:၃၀ နာရီ)

ဘရက်စ်က ပြီးခဲ့တဲ့ရာသီမှာ အဆင့် (၃)နေရာနဲ့ရာသီသိမ်းပြီး ချန်ပီယံလိဂ်ဝင်ခွင့်ရရှိခဲ့တဲ့အသင်းဖြစ်သလို မာဆေးလ်ကလည်း နွေဈေးကွက်အတွင်းမှာ ကစားသမားခေါ်ယူမှုများစွာနဲ့ ရာသီသစ်အတွက် အားဖြည့်ပြင်ဆင်ထားတာကိုတွေ့ရပါတယ်။ ဒါပေမဲ့ ဘရက်စ်ရဲ့ရာသီအဖွင့်အိမ်ကွင်းကစားအားကို မာဆေးလ် အသာရဖို့ခက်မှာပါ။ သရေဆိုတာ မျှတပါတယ်။



Reims - လိုင်လီ (မြန်မာစံတော်ချိန် သြဂုတ်လ ၁၇ ရက် ည ၁၁:၃၀ နာရီ)

နှစ်သင်းစလုံးခြေစွမ်းမဆိုးသလို ကစားသမားအင်အားအရလည်း မျှတမှုရှိပါတယ်။ ဒါပေမဲ့ လိုင်လီက အဝေးကွင်းဆိုရင် အမှတ်ရအောင်ကစားတတ်တဲ့အသင်းဖြစ်ပြီး ခံစစ်ပိုင်းလည်းကျစ်လျစ်မာကျောပါတယ်။ Reims ကတော့ ရာသီအဖွင့်အိမ်ကွင်းပွဲမှာ ထိန်းထိန်းသိမ်းသိမ်းကစားဖို့ပဲပြင်ဆင်လာမှာပါ။ ယုံကြည်ချက်ပိုမြင့်နေတဲ့ လိုင်လီကိုပဲ ရွေးထားမယ်။



မိုနာကို - စိန့်အက်တီယန် (မြန်မာစံတော်ချိန် သြဂုတ်လ ၁၈ ရက် နံနက် ၁:၃၀ နာရီ)

ပြီးခဲ့တဲ့ရာသီကအဆင့် (၂)နဲ့ ရာသီသိမ်းခဲ့ပေမယ့် မိုနာကိုရဲ့ကစားပုံကအတက်အကျ များပါတယ်။ အခုလည်း အိမ်ကွင်းမှာ တန်းတက်အသင်းနဲ့ ရင်ဆိုင်ရမှာဆိုပေမယ့် စိန့်အက်တီယန်ရဲ့ ရုန်းအားကိုလျှော့တွက်မရတာအမှန်ပါ။ မိုနာကို ကပ်နိုင်ပါပဲ။