ကိုပါအမေရိကဖလားဆီမီးဖိုင်နယ် ပွဲကြိုသုံးသပ်ချက်

ကိုပါအမေရိကဖလားဆီမီးဖိုင်နယ် ပွဲကြိုသုံးသပ်ချက်
Photo: CopaAmerica
Photo: CopaAmerica
Published 10 July 2024

ဥရုဂွေး - ကိုလံဘီယာ (ကြာသပတေးနံနက် ၆း၃၀ နာရီ)

■ Current Form

Uruguay WWWWW

Colombia WWWDW

■ Last Meetings

၂၈-၆-၁၄ (WC)    ကိုလံဘီယာ ၂-၀ ဥရုဂွေး

၁၃-၁၀-၁၅ (WCQ)    ဥရုဂွေး    ၃-ဝ    ကိုလံဘီယာ

၁၁-၁၀-၁၆ (WCQ)    ကိုလံဘီယာ ၂-၂ ဥရုဂွေး

၁၃-၁၁-၂၀ (WCQ)    ကိုလံဘီယာ ဝ-၃ ဥရုဂွေး

၃-၇-၂၁ (CA)    ဥရုဂွေး    ဝ(၂)-ဝ(၄) ကိုလံဘီယာ

၇-၁၀-၂၁ (WCQ)    ဥရုဂွေး    ဝ-၀    ကိုလံဘီယာ

၁၂-၁၀-၂၃ (WCQ)    ကိုလံဘီယာ ၂-၂ ဥရုဂွေး

■ Facts

- ဥရုဂွေးအသင်းနှင့် ကိုလံဘီယာအသင်းသည် ပြိုင်ပွဲစုံ နောက်ဆုံးထိပ်တိုက်တွေ့ဆုံမှု (၉)ပွဲတွင် နှစ်သင်းစလုံး (၃)ပွဲစီ အနိုင်ရထားပြီး (၃)ပွဲ သရေကျခဲ့သည်။

- ကိုလံဘီယာအသင်းသည် ပြိုင်ပွဲစုံ ရှုံးပွဲမရှိသည်မှာ (၂၇)ပွဲအထိ ရှိလာပြီး (၂၁)ပွဲနိုင်၊ (၆)ပွဲသရေ ကျခဲ့သည်။

ဒီဘက်နှစ်တွေထဲမှာ ခြေစွမ်းများစွာတိုးတက်လာတဲ့ နှစ်သင်းဖြစ်ပြီး ဒေသတွင်းအင်အားကြီး အာဂျင်တီးနားနဲ့ ဘရာဇီးလ် အသင်းတွေကိုတောင် ပခုံးချင်းယှဉ်လာနိုင်တယ်။ ကိုလံဘီယာက အုပ်စုတွင်းမှာ ဘရာဇီးလ်ကို ဒုက္ခပေးခဲ့သလို၊ ဥရုဂွေးက လည်း ကွာတားဖိုင်နယ်မှာ ဘရာဇီးလ်ကို ကျော်ဖြတ်ခဲ့တာပါ။ နောက်ပိုင်းထိပ်တိုက်တွေ့မှုတွေမှာလည်း ဒီနှစ်သင်းကြား ကွာဟ ချက် မရှိပါဘူး။ ဒါပေမဲ့ တိုက်စစ်ပိုင်းချင်းယှဉ်ရင်တော့ နူးနက်ဇ် ဦးဆောင်တဲ့ ဥရုဂွေးအသင်းထက် လူးဝစ်ဒီယက်ဇ်၊ ဟာမီးစ် ရိုဒရီဂွက်ဇ်တို့ကစားနေတဲ့ ကိုလံဘီယာအသင်းက လုပ်ရည်ကိုင်ရည် ပိုရှိတယ်။ ပယ်နယ်တီအထိ ရောက်နိုင်တဲ့ပွဲမျိုးဖြစ်ပြီး ကိုလံဘီယာကို ပိုကြိုက်တယ်။

Most Read

Most Recent