ဝေဖန်ခံရမှုများကြောင့် ယူရိုအပြီးတွင် စပိန်အသင်းမှ နားဖွယ်ရှိကြောင်း မိုရာတာ ဆို

ဝေဖန်ခံရမှုများကြောင့် ယူရိုအပြီးတွင် စပိန်အသင်းမှ နားဖွယ်ရှိကြောင်း မိုရာတာ ဆို
Photo : El Mundo
Photo : El Mundo
Published 11 July 2024

စပိန်အသင်းခေါင်းဆောင် မိုရာတာက စပိန်နိုင်ငံတွင် ဝေဖန်ခံရမှုများကြောင့် ယူရို ၂၀၂၄ ပြိုင်ပွဲအပြီးတွင် လက်ရွေးစင်ကစားသမားဘဝမှအနား ယူဖွယ်ရှိကြောင်း ပြောကြားခဲ့သည်။

မိုရာတာ(၃၁ နှစ်)သည် ပြင်သစ်အား အနိုင်ရခဲ့သည့် ဆီမီးဖိုင်နယ်ပွဲစဉ်မတိုင်မီ El Mundo နှင့် ပြုလုပ်ခဲ့သည့် အင်တာဗျူးတွင် ယင်းကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

မိုရာတာက "ယူရို ၂၀၂၄ က စပိန်အတွက် ကျွန်တော့်ရဲ့ နောက်ဆုံးပြိုင်ပွဲ ဖြစ်နိုင်ပါတယ်။ စပိန်မှာ ကျွန်တော်ဟာ ဘာမှမဟုတ်တဲ့ အကြောင်းအရာတွေနဲ့ ဝေဖန်ခံနေရပါတယ်။ ကျွန်တော့်အနေနဲ့ စပိန်မှာ ပျော်ရွှင်မှုရဖို့ ခက်ပြီး ပြည်ပဆိုရင် ပျော်ပါတယ်။ ဘာလို့လဲဆိုတော့ ပြည်ပမှာ လူတွေက ကျွန်တော့်ကို လေးစားကြပါတယ်"ဟု ပြော ကြားခဲ့သည်။

အဆိုပါအင်တာဗျူး ထွက်ပေါ်လာပြီးနောက် မိုရာတာမှာ စပိန်နိုင်ငံတွင် ဝေဖန်မှုများနှင့် ပိုမိုရင်ဆိုင်နေရပြီး ၎င်း၏မိသားစုကလည်း ပြည်ပထွက်ရန် အလိုရှိနေကြောင်း သိရသည်။

Most Read

Most Recent