ဂျီရိုနာအသင်းနှင့် သက်တမ်းတိုးနိုင်၍ အလွန်ပျော်ရွှင်မိသည်ဟု ဒေလီဘလင်း ပြောကြား

ဂျီရိုနာအသင်းနှင့် သက်တမ်းတိုးနိုင်၍ အလွန်ပျော်ရွှင်မိသည်ဟု ဒေလီဘလင်း ပြောကြား
Photo: Reddit
Photo: Reddit
Published 18 May 2024

 

၀ါရင့်နယ်သာလန်ကစားသမား ဒေလီဘလင်းက ဂျီရိုနာအသင်းနှင့် သက်တမ်းတိုးနိုင်သည့်အတွက် အလွန်ပျော်ရွှင်မိကြောင်း ပြောကြားခဲ့သည်။ 

ဘလင်း(၃၄ နှစ်)သည် ပြီးခဲ့သည့်နွေရာသီတွင် ဂျီရိုနာအသင်းသို့ (၂)နှစ်စာချုပ်ဖြင့် ရောက်ရှိခဲ့သူဖြစ် ပြီး အမာခံကစားသမားအဖြစ် ခြေစွမ်းပြနိုင်ခဲ့သောကြောင့် ဂျီရိုနာအသင်းက ၂၀၂၆ ခုနှစ်အထိ သက်တမ်းတိုးစာချုပ် ချုပ်ဆိုခဲ့ခြင်းဖြစ်သည်။ 

ဘလင်းသည် ယခုရာသီ၌ ဂျီရိုနာအသင်းအတွက် ပြိုင်ပွဲစုံ(၃၅)ပွဲ ကစားခွင့်ရရှိခဲ့ပြီး (၃)ဂိုးသွင်းယူနိုင်ခဲ့သည်။ 

၎င်းက ဂျီရိုနာပရိသတ်များနှင့် တစ်နှစ်ထပ်ဆုံတွေ့ရမည့်အတွက် အလွန်ပျော်ရွှင်သည်ဟုလည်း ဆိုခဲ့သည်။

Most Read

Most Recent