■ ယူရို၌ စီရော်နယ်လ်ဒိုကိုအနိုင်ယူ၍ ဆီမီးဖိုင်နယ်တက်ရောက်နိုင်ရန် မျှော်လင့်ထားကြောင်း ဘာပေ ဆို     

■ ယူရို၌ စီရော်နယ်လ်ဒိုကိုအနိုင်ယူ၍ ဆီမီးဖိုင်နယ်တက်ရောက်နိုင်ရန် မျှော်လင့်ထားကြောင်း ဘာပေ ဆို     
Published 5 July 2024

ပြင်သစ်တိုက်စစ်မှူး ဘာပေက ယူရိုပြိုင်ပွဲ၌ ၎င်း၏ Idol ကစားသမားဖြစ်သည့် စီရော်နယ်လ်ဒိုကို အနိုင်ယူ၍ ဆီမီးဖိုင်နယ်တက်ရောက်နိုင်ရန် မျှော်လင့်ထားကြောင်း ပြောကြားခဲ့သည်။

    

ယူရို-၂၀၂၄ ပြိုင်ပွဲ၏ ကွာတားဖိုင်နယ်အဆင့်တွင် ဘာ ပ၏ ပြင်သစ်အသင်းနှင့် စီရော်နယ်လ်ဒို၏ ပေါ်တူဂီအသင်းတို့ ထိပ်တိုက်တွေ့နေသည့်အတွက် ဘာပေက ယင်းကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။ 

ယင်းပွဲအကြို ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် ဘာပေက စီရော်နယ်လ်ဒိုနှင့် ပြိုင်ဘက်အဖြစ် ရင်ဆိုင်ရမည့်အခြေအနေမှာ ဆုလာဘ်တစ်ခုဖြစ်ကြောင်းလည်း ပြောကြားခဲ့သည်။ 

"ဒါဟာ တကယ့် ဆုလာဘ်တစ်ခုပါပဲ။ ကျွန်တော် သူ့အပေါ် ဘယ်လောက်အလေးထားသလဲဆိုတာ လူတိုင်းသိပါတယ်။ သူက ဂန္ထဝင်တစ် ယောက်အဖြစ် ရှိနေဆဲဖြစ်သလို၊ ကျွန်တော်နဲ့လည်း အဆက် အသွယ်ရှိပါတယ်။ ဒါပေမဲ့ မနက်ဖြန် ကျွန်တော်တို့ အနိုင်ရဖို့ မျှော်လင့်ပါတယ်"ဟု ဘာပေက ပြောကြားခဲ့သည်။ 

ပြင်သစ်အသင်းသည် ယူရို-၂၀၂၄ ပြိုင်ပွဲ၌ ချန်ပီယံဆုအတွက် ရေပန်းအစားဆုံးအသင်းစာရင်းတွင် ထိပ်ပိုင်း၌ ပါဝင်နေသော်လည်း အကောင်းဆုံးခြေစွမ်း ပြသနိုင်ခြင်းမရှိသေးသည့်အတွက် ဝေဖန်မှုများနှင့် ရင်ဆိုင်နေရသည်။ 

သို့သော် ကွာတားဖိုင်နယ်၌ ပေါ်တူဂီအသင်းကို အနိုင်ရရှိရန် အပြတ်အသတ်ရေပန်းစားနေကြောင်း သိရသည်။ ပြင်သစ် - ပေါ်တူဂီပွဲကို သောကြာနေ့ (ယနေ့) ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။

Most Read

Most Recent