ယူရိုပြိုင်ပွဲတွင် လူမှုကွန်ရက်အသုံးပြုခြင်းကို အင်္ဂလန်ကစားသမားများ ရှောင်ကြဉ်ဖွယ်ရှိ

ယူရိုပြိုင်ပွဲတွင် လူမှုကွန်ရက်အသုံးပြုခြင်းကို အင်္ဂလန်ကစားသမားများ ရှောင်ကြဉ်ဖွယ်ရှိ
Photo : Getty Images
Photo : Getty Images
Published 13 June 2024

အင်္ဂလန်ကစားသမားများသည် ယူရို ၂၀၂၄ ပြိုင်ပွဲကာလအတွင်း အွန်လိုင်းမှ ဆဲဆိုမှုများကိုရှောင်ရှားနိုင်ရန်အတွက် လူမှုကွန်ရက်အသုံးပြုခြင်းကို ရှောင်ကြဉ်ဖွယ်ရှိနေကြောင်း Daily Mail သတင်းစာက ဖော်ပြခဲ့သည်။

အင်္ဂလန်ဘောလုံးအဖွဲ့ချုပ် (FA) အနေဖြင့် လက်ရွေးစင်အသင်းကစားသမားများကို ယူရိုပြိုင်ပွဲကာလအတွင်း လူမှုကွန်ရက်နှင့်ပတ်သက်ပြီး မည်သို့ကိုင်တွယ်ဆောင်ရွက်ရမည်ကို ညွှန်ကြားထားခြင်း မရှိကြောင်း သိရသည်။

သို့သော် အင်္ဂလန်ကစားသမားအချို့သည် ယူရိုပြိုင်ပွဲကာလအတွင်း ၎င်းတို့၏ လူမှုကွန်ရက်အကောင့်များကို Deactivate လုပ်ရန်ပင် အသင့်ရှိနေကြောင်း Daily Mail က ဖော်ပြခဲ့သည်။

အင်္ဂလန်အသင်းနည်းပြ ဆောက်ဂိတ်ကမူ လူမှုကွန်ရက်အသုံးပြုခြင်းနှင့်ပတ်သက်ပြီး ကစားသမားများ စိတ်ကြိုက်လုပ်ခွင့်ပေးထားကြောင်းလည်း သိရသည်။

ယနေ့ခေတ်တွင်ခြေစွမ်းမပြနိုင်သည့် ကစားသမားများမှာ လူမှုကွန်ရက်မှတစ်ဆင့် ပရိသတ်များ၏ မက်ဆေ့ချ်ပို့ဆဲဆိုမှုများကိုခံနေရပြီး ခြေစွမ်းပိုင်းထိခိုက်မှုရှိနေကြောင်း သိရသည်။

Most Read

Most Recent