FIFA-MFF ယူ-၁၇ လိဂ် ပြိုင်ပွဲ ပွဲစဉ်(၂၀) အပြီးတွင် ရခိုင်ယူနိုက်တက်အသင်း ဦးဆောင်

FIFA-MFF ယူ-၁၇ လိဂ် ပြိုင်ပွဲ ပွဲစဉ်(၂၀) အပြီးတွင် ရခိုင်ယူနိုက်တက်အသင်း ဦးဆောင်
Photo: RUFC
Photo: RUFC
Published 24 June 2024

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(FIFA) နှင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်(MFF) တို့ ပူပေါင်း၍ ၂၀၂၄  FIFA-MFF ယူ-၁၇ လိဂ်ပြိုင်ပွဲကို ကျင်းပပြုလုပ်နေပြီး ပွဲစဉ်(၂၀) အပြီးတွင် ရခိုင်ယူနိုက်တက်အသင်းက အမှတ်ပေးဇယားကို ဦးဆောင်ခဲ့ကြောင်း သိရသည်။

ပွဲစဉ်(၂၀) ကို ပြီးခဲ့သည့် ဇွန် ၂၁၊ ၂၂၊ ၂၃ ရက်များက ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်သည်။

ပွဲစဉ်(၂၀) တွင် ရခိုင်ယူနိုက်တက်အသင်းက Burmese Youth အသင်းကို (၃-၀) ဂိုး၊ ရွိုင်ရယ်ရန်ကုန်အသင်းက အင်းစိန်စီးတီးအသင်းကို(၃-၁) ဂိုး၊ မအူပင်အသင်းက ရွှေပြည်သာယူနိုက်တက်အသင်းကို(၁-၀) ဂိုး၊ အာသာဝတီအသင်းက  စီးတီးရွှေပြည်သာအသင်းကို(၃-၀) ဂိုးတို့ဖြင့် အနိုင်ရခဲ့ပြီး ရှမ်းအသင်းမှာ နေပြည်တော်ယူနိုက်တက်နှင့် (၀-၀) သရေ၊  ဆုလာဘ်မြင့်မိုရ်နှင့် ဖားစည်မြေအသင်းမှာ(၁-၁) သရေကျခဲ့ကြသည်။

ပွဲစဉ် (၂၀) အပြီးတွင် ရခိုင်ယူနိုက်တက်အသင်းက   (၁၆) ပွဲနိုင်၊ (၃) ပွဲသရေ၊ (၁) ပွဲရှုံး၊ ရမှတ်(၅၁) မှတ်ဖြင့် အမှတ်ပေးဇယားထိပ်ဆုံး၌ ရပ်တည်နေပြီး ရှမ်းအသင်းက (၁၆) ပွဲနိုင်၊ (၂) ပွဲသရေ၊ (၂) ပွဲရှုံး၊ ရမှတ်(၅၀) မှတ်ဖြင့် ဒုတိယ၊ နေ ပြည်တော်ယူနိုက်တက်အသင်းက (၁၅) ပွဲနိုင်၊ (၂) ပွဲသရေ၊ (၃) ပွဲရှုံး၊ ရမှတ်(၄၇) မှတ်ဖြင့် တတိယနေရာမှလိုက်ကာ ဖိအားပေးနေလျက်ရှိကြောင်း သိရသည်။

 

Most Read

Most Recent