ဂျာမနီအသင်းခေါင်းဆောင်သစ်အဖြစ် ခန့်အပ်ခံရသည့် ကင်မစ်ချ် အသင်းသမိုင်းတွင် (၂၆)ဦးမြောက် အမြဲတမ်းအသင်းခေါင်းဆောင် ဖြစ်လာ

ဂျာမနီအသင်းခေါင်းဆောင်သစ်အဖြစ် ခန့်အပ်ခံရသည့် ကင်မစ်ချ် အသင်းသမိုင်းတွင် (၂၆)ဦးမြောက် အမြဲတမ်းအသင်းခေါင်းဆောင် ဖြစ်လာ
Photo: X
Photo: X
Published 5 September 2024

ဂျာမနီလက်ရွေးစင်အသင်း၏အသင်းခေါင်းဆောင်သစ်အဖြစ် ခန့်အပ်ခံရသည့် ဘိုင်ယန်မြူးနစ်ကစားသမား ကင်မစ်ချ်သည် အသင်းသမိုင်းတစ်လျှောက် (၂၆)ဦးမြောက် အမြဲတမ်းအသင်းခေါင်းဆောင် ဖြစ်လာခဲ့ကြောင်း သိရသည်။

ကင်မစ်ချ်သည် ၂၀၁၆ ခုနှစ် မေလတွင် လက်ရွေးစင်အသင်းအတွက် ပွဲဦးထွက်ခဲ့ပြီး နိုင်ငံတကာပွဲ (၉၁)ပွဲ ကစားကာ (၆)ဂိုး သွင်းယူပေးခဲ့သည်။

၎င်းသည် အမြဲတမ်းအသင်းခေါင်းဆောင်ရာထူး ခန့်အပ်မခံရမီ ဂျာမနီအသင်းခေါင်ဆောင်အဖြစ် (၁၇) ပွဲအထိ ကစားပေးထားခဲ့သည်။

ပြီးခဲ့သည့် ယူရို-၂၀၂၄ ပြိုင်ပွဲ ကွာတားဖိုင်နယ်ရောက် အိမ်ရှင်အသင်းအတွက် (၅)ပွဲစလုံး ကစားခဲ့ကြောင်း သိရသည်။

နာဂယ်စ်မန်းသည် ရီးယဲလ်မက်ဒရစ်နောက်ခံလူ ရူဒီဂါနှင့် အာဆင်နယ်တိုက်စစ်ကစားသမား ဟာဗက်ဇ်တို့ကိုလည်း ဒုတိယအသင်းခေါင်းဆောင်များအဖြစ် ခန့်အပ်ကြောင်း အတည်ပြုခဲ့သည်။

''အသင်းခေါင်းဆောင်ကို နည်းပြအဖွဲ့နဲ့အတူ အသင်းခံယူချက်အပေါ် မူတည်ရွေးချယ်တာပါ။ ကင်မစ်ချ်ဟာ ကျိုးကြောင်းဆီလျော်တဲ့ လက်ခံသူပါပဲ။ သူ့ရဲ့ စိတ်ပိုင်းဆိုင်ရာနဲ့အတူ အသင်းကို ဦးဆောင်မှာပါ။ ဒီကစားသမား သုံးဦးနဲ့အတူ အရမ်းကောင်းတဲ့စုဖွဲ့မှု ကျွန်တော်တို့မှာ ရှိပါတယ်'' ဟု နာဂယ်စ်မန်းက ပြောကြားခဲ့သည်။

ဂျာမနီအသင်း၏ Leadership Council တွင်လည်း စတီဂန်၊ ဖယ်ခု၊ တီအာဟာ၊ ဂရော့စ်စသည့် ကစားသမားများ ပါဝင်ခဲ့သည်။

နာဂယ်စ်မန်းက ဂိုးသမား နော်ယာ အနားယူခဲ့ပြီးနောက် စတီဂန်သည် နံပါတ်တစ်ဂိုးသမားဖြစ်သည်ဟု အတည်ပြုခဲ့သည်။

စတီဂန်အနေဖြင့် နိုင်ငံတကာပွဲပေါင်း (၄၀)ပွဲ ကစားပြီး Clean Sheet (၁၂) ပွဲ ရရှိခဲ့သည်။

Most Read

Most Recent