မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်က ရေတပ်အင်အား ခိုင်မာအားကောင်းမှု၏ အရေးကြီးပုံကို အလေးအနက်ထား ပြောကြား

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်က ရေတပ်အင်အား ခိုင်မာအားကောင်းမှု၏ အရေးကြီးပုံကို အလေးအနက်ထား ပြောကြား
သြဂုတ် ၂၄ ရက်က မြောက်ကိုရီးယားကာကွယ်ရေးသိပ္ပံအကယ်ဒမီသို့ သွားရောက်ခဲ့သည့် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်ကို တွေ့ရစဉ်(Photo:AFP)
သြဂုတ် ၂၄ ရက်က မြောက်ကိုရီးယားကာကွယ်ရေးသိပ္ပံအကယ်ဒမီသို့ သွားရောက်ခဲ့သည့် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်ကို တွေ့ရစဉ်(Photo:AFP)
Published 9 September 2024

မြောက်ကိုရီးယားခေါင်းဆောင်ကင် ဂျုံအွန်က ရေတပ်စခန်း တည်ဆောက်ရေးတစ်ခုသို့ သွားရောက်ကြည့်ရှုချိန်တွင် ရေတပ်အင် အား အားကောင်းခိုင်မာမှု၏ အရေးကြီးပုံကို အလေးအနက်ထားပြောကြားခဲ့သည်ဟု နိုင်ငံပိုင် KCNA သတင်းတွင် စက်တင်ဘာ ၈ ရက်က ဖော်ပြခဲ့သည်။

“လက်ရှိမှာတော့ ရှိပြီးသားဆိပ်ကမ်းတွေမှာ ကျောက်ချရပ်နားလို့မရနိုင်တဲ့ ကြီးမားတဲ့ စစ်သင်္ဘောကြီးတွေနဲ့ ရေငုပ်သင်္ဘော တွေကို မကြာမီ ပိုင်ဆိုင်တော့မှာပါ။နောက်ဆုံးပေါ် စစ်သင်္ဘောကြီးတွေ ကျောက်ချရပ်နားဖို့အတွက် ရေတပ်စခန်း တည်ဆောက်မှု  တွေဟာ အရေးကြီးတဲ့ တာဝန်တစ်ရပ်ဖြစ်ပါတယ်”ဟု ကင်က ပြောကြားခဲ့သည်။

ရေတပ်စခန်းတည်ဆောက်ရေးတစ်ခုသို့ သွားရောက်ကြည့်ရှုချိန် ကင်သည်စစ်သင်္ဘောများ၏ လက်နက်စနစ်များကိုလည် ပတ်လုပ်ဆောင်နိုင်သော ရေတပ်ဆိပ်ကမ်းတစ်ခုကို တည်ဆောက်ရန်လိုအပ်ကြောင်း အလေးပေးပြောကြားခဲ့သည်။

ထို့ပြင် ဆိပ်ကမ်းကို ကာကွယ်ရန်အတွက် လေကြောင်းရန်ကာကွယ်ရေးနှင့် ကမ်းရိုးတန်းကာကွယ်ရေးစနစ်များကို ဖြန့်ကြက် လုပ်ဆောင်ရန် စစ်ရေးစီမံချက်များကို ထုတ်ဖော်ပြောကြားခဲ့သည်ဟုု သတင်းတွင် ဖော်ပြထားသည်။

ပင်လယ်ရေကြောင်းအရ အရှေ့ဘက် နှင့်အနောက်ဘက် နယ်နိမိတ်ချင်းထိစပ်နေသော နိုင်ငံအတွက် ဗျူဟာမြောက်အားသာ ချက်အဖြစ် ယင်းနေရာသည် ပထဝီနိုင်ငံရေး အားသာချက်များရှိကြောင်း ကင်ကပြောကြားခဲ့သည်။ ယင်းတည်ဆောက်ရေး၏ နေ ရာအတိအကျကိုမူ သတင်းတွင် ဖော်ပြထားခြင်းမရှိပေ။

38 North ၏ လတ်တလောဂြိုလ်တု ဓာတ်ပုံခွဲခြားစိတ်ဖြာချက်အရ မြောက်ကိုရီးယား၏ “Sinpo-C” အမျိုးအစားနောက်ဆုံးပေါ် ပဲ့ထိန်းဒုံးကျည် တပ်ဆင်ထားသည့် ရေငုပ်သင်္ဘော(SBB) သည် Sinpho South သင်္ဘောကျင်းတွင် ပြုပြင်မွမ်းမံမှုများလုပ် ဆောင်နေပုံကို ဖော်ပြထားသည်။

ကင်သည် ထိုသင်္ဘောကျင်းသို့ သီးခြားသွားရောက်ခဲ့သည့် ခရီးစဉ်အတွင်း သင်္ဘောများတည်ဆောက်သည့် စက်မှုကဏ္ဍကို ဖွံ့ဖြိုး တိုးတက်စေမည့် နှစ်ရှည်စီမံကိန်းများရေးဆွဲရန်နှင့် အထူးတာဝန်များကို ချက်ချင်းလုပ်ဆောင်ရန် နိုင်ငံတော်အဆင့်ရင်းနှီးမြှုပ်နှံမှု ကို ပိုမိုမြှင့်တင်ရန် အမိန့်ပေးခဲ့သည်။

ထို့ပြင် ကင်သည် ကာကွယ်ရေးစက်မှု လုပ်ငန်းတစ်ခုသို့ သွားရောက်သည့်ခရီးစဉ်အတွင်း လက်နက်ကြီးသင်တန်းကျောင်းကို ဝင်ရောက်စစ်ဆေးခဲ့ပြီး အသစ်ထုတ်လုပ်ထားသည့် စစ်လက်နက်ပစ္စည်းများ၏ စွမ်းဆောင်ရည်များကို အာမခံချက်ရှိစေရန် သိပ္ပံ နည်းကျနှင့် အဆင့်မြှင့်တင်မွမ်းမံမှုများ ပိုမိုလုပ်ဆောင်ပြီး လက်နက်ခဲယမ်းများ ထုတ်လုပ်မှုကိုလည်း မြှင့်တင်ရန် တိုက်တွန်းခဲ့သည် ဟု KCNA ကဖော်ပြခဲ့သည်။

ပြီးခဲ့သည့် သီတင်းပတ်အတွင်းကလည်း ကင်သည် ကျေးလက်ဒေသများတွင် စက်ရုံများ တည်ထောင်မှုနှင့်အတူ ကျန်းမာရေး၊ သိပ္ပံ နှင့် ပညာရေးအဆောက်အအုံများ တည်ထောင်ရန် တိုက်တွန်းခဲ့သည်။

မြောက်ကိုရီးယားနိုင်ငံအတွင်း စားဝတ်နေရေး အကျပ်အတည်းများနှင့် စီးပွားရေး အခက်အခဲများအပေါ် စိုးရိမ်မှုများမြင့်တက် နေချိန်တွင် ကင်က ထိုကဲ့သို့ တိုက်တွန်းခဲ့ခြင်း ဖြစ်သည်။

မြောက်ကိုရီးယားအာဏာရ အလုပ်သမားပါတီသည် ကင်၏ Regional Development 20x10 မူဝါဒအောက်တွင် ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးကို အရှိန်မြှင့်တင်ရန်အတွက် အရေးကြီးသည့် ဆုံးဖြတ်ချက်ချမှတ်ရန် ကြိုးပမ်းနေချိန်တွင် ကင်သည် သြဂုတ် ၃၁ ရက်က ထိပ်သီးအဆင့် အစည်းအဝေး ခေါ်ယူခဲ့သည်။

ထိုမူဝါဒသည် လာမည့် ၁၀ နှစ်အတွင်း တစ်နှစ်လျှင် လူသူအရောက် အပေါက်နည်းသည့် ကျေးလက်ဒေသ ၁၀ ခုစီတွင် ခေတ်မီ စက်ရုံများဖွင့်လှစ်ရန် ရည်ရွယ်ထားခြင်းဖြစ် သည်။                            

Ref:Reuters/AFP

Most Read

Most Recent