စားအုန်းဆီစာအုပ်များ အသက်ဝင်ချိန်

စားအုန်းဆီစာအုပ်များ အသက်ဝင်ချိန်
Published 9 September 2024
ဇော်မင်းနိုင်

 

 

ရန်ကင်းမြို့နယ်တွင် စားအုန်းဆီ ဝယ်ယူခွင့်ရရှိရန် တန်းစီစောင့်ဆိုင်းနေသူများကို စက်တင်ဘာလဆန်းပိုင်းက တွေ့ရစဉ်

 

 

 

“ အိမ်ထောင်စုစာရင်းစာအုပ်ရှိလား။ ရှိရင်လာပေးပါဦး” ဟု သာကေတမြို့နယ် ရပ်ကွက်တစ်ခုရှိ အုပ်ချုပ်ရေးမှူးတစ်ဦးက ပြောသည်။

အဆိုပါရပ်ကွက်ရှိ အိမ်ထောင်စုများ ကို စားအုန်းဆီစာအုပ်ပြုလုပ်ပေးရန်အတွက် ရပ်ကွက်အုပ်ချုပ်ရေးမှူးက တောင်းခံနေ ခြင်းလည်းဖြစ်သည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့ နယ်များတွင် နေထိုင်သည့် အိမ်ထောင်စုများ ကို စားအုန်းဆီဝယ်ယူခွင့်စာအုပ်များ ပြု လုပ်ပေးရန် သက်ဆိုင်ရာမြို့နယ်စီမံအုပ်ချုပ် ရေးအဖွဲ့များက အိမ်ထောင်စုစာရင်းစာအုပ် များ လိုက်လံတောင်းခံခဲ့သည်။

          “ကျွန်မတို့ဆီမှာတော့ ဆီစာအုပ်လုပ် ပေးဖို့ စာရင်းလာကောက်သွားတယ်။ စာ အုပ်က နှစ်ရက် သုံးရက်နေရင် ရမယ်လို့ပြော တယ်” ဟု သင်္ဃန်းကျွန်းမြို့နယ်တွင်နေထိုင် သူတစ်ဦးက ပြောကြားသည်။

          ယင်းသို့ စားအုန်းဆီဝယ်ယူခွင့်စာအုပ် ပြုလုပ်ပေးရာတွင် ရပ်ကွက်တစ်ခုနှင့်တစ်ခု၊ မြို့နယ်တစ်ခုနှင့် ရရှိချိန်မတူညီကြောင်း ရန် ကုန်မြို့ခံအချို့က ပြောကြားသည်။

          “တချို့နေရာတွေက ရပြီးဆီတောင် ထုတ်လို့ရနေပြီ။ တချို့နေရာတွေတော့ စာ အုပ်မရသေးဘူး။ စာရင်းကောက်နေတယ် လို့ သိရတယ်” ဟု လသာမြို့နယ်တွင်နေထိုင် သူတစ်ဦးက ပြောကြားသည်။

          ယင်းသို့ စားအုန်းဆီဝယ်ယူခွင့်စာအုပ် များ ပြုလုပ်ပေးရာတွင် မြို့နယ်စီမံအုပ်ချုပ် ရေးအဖွဲ့များ၊ ရပ်ကွက်တာဝန်ရှိသူများ၊ ဆီ ဖြန့်ဖြုးသည့် ကုမ္ပဏီများက ပူးပေါင်းပြီး အိမ်ထောင်စုစာရင်းရှိသူများကို စာရင်း ကောက်ခံကာ စားအုန်းဆီဝယ်ယူခွင့်စာအုပ် များ ပြုလုပ်ပေးနေခြင်းဖြစ်သည်။

          “သက်ဆိုင်ရာ မြို့နယ်အလိုက် အုပ်ချုပ် ရေးအဖွဲ့တွေနဲ့ အိမ်ထောင်စုစာရင်းစာအုပ် ရှိတဲ့မိသားစုတွေကို စာအုပ်လုပ်ပေးနေ တယ်။ ပြီးတော့ ဆီဖြန့်ဖြူးတဲ့ကုမ္ပဏီတွေနဲ့ ညှိနှိုင်းပြီးတော့ ဆီတွေကို ရောင်းချပေးနိုင်ဖို့ လုပ်ဆောင်နေတယ်” ဟု ၎င်းင်းက ပြောကြား သည်။

          စားအုန်းဆီဝယ်ယူခွင့်စာအုပ်ဖြင့် ဝယ် ယူရရှိမည့် စားအုန်းဆီ၏ စျေးနှုန်းမှာ အ ပတ်စဉ် စားသုံးဆီတင်သွင်းသိုလှောင်ဖြန့် ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီက ထုတ်ပြန်ပေးနေသည့် စားအုန်းဆီရည်ညွှန်း စျေးအပေါ်အခြေခံ၍ အဆင့်တစ်ဆင့်လျှင် အမြတ်နှစ်-ရာခိုင်နှုန်းနှင့် ကုန်ကျစရိတ် ထပ်ပေါင်း၍ ရောင်းချပေးနေခြင်းဖြစ်ကြောင်း၊ စာအုပ်တွင် ရေးသားထားသည့် သတ်မှတ် ဆီအရောင်းဆိုင်တွင် ဝယ်ယူခွင့်ရရှိသည့် နေ့တွင် သွားရောက်ဝယ်ယူနိုင်ကြောင်း  မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင် များအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြော ကြားသည်။

          “တစ်လကို အိမ်ထောင်စုတစ်စု ပျမ်းမျှ နှစ်ပိဿာနဲ့ သုံးပိဿာကြားရရှိမယ်။ သတ် မှတ်ရက်ကတော့ တစ်နေရာနဲ့ တစ်နေရာ မတူနိုင်ဘူး။ တချို့နေရာတွေက ၁၀ ရက် တစ်ခါ တစ်ပိဿာ ဖြစ်ချင်ဖြစ်မယ်။ တချို့ နေရာတွေက ငါးရက် သို့မဟုတ် တစ်ပတ် တစ်ခါ  ငါးဆယ်သား ဖြစ်ချင်ဖြစ်မယ်” ဟု  အဆိုပါတာဝန်ရှိသူက ရှင်းလင်းပြောကြား သည်။

          သြဂုတ်လကုန်ပိုင်းမှ စတင်ကာ ရန် ကုန်တိုင်းရှိ မြို့နယ်အချို့တွင် စာအုပ်ဖြင့် စားအုန်းဆီများကို ဝယ်ယူခွင့်ရရှိနေပြီဟု ဆီဝယ်ယူခွင့်ရရှိသူများက ပြောကြားသည်။

          “ပြီးခဲ့တဲ့လကုန်ပိုင်းက စာအုပ်ရတယ်။ အခုတော့ နှစ်ကြိမ်ရှိပြီ။ တစ်ကြိမ်ကို ၅၀ သားနဲ့ နှစ်ခါတော့ဝယ်ပြီးပြီ။ အမှန်က သုံး ကြိမ်ရ ရမှာ။ ကြားထဲမှာ ဆီဆိုင်ကပြောတဲ့ ရက်ကို သွားမဝယ်ဖြစ်လိုက်ဘူး” ဟု သာ ကေတမြို့ နယ်တွင် နေထိုင်သူတစ်ဦးက ပြောကြားသည်။

          သတ်မှတ်ထားသည့်ရက်တွင် သွား ရောက်ဝယ်ယူခြင်းမပြုပါက ဝယ်ယူခွင့်ရရှိ သည့်ဆီကို နောက်ရက်တွင် ဝယ်ယူခွင့်မရရှိ ကြောင်း သိရသည်။

          “တစ်ရက်တောင် အစွန်းမခံဘူး။ သွား ဝယ်ရမယ့်ရက်မှာ မအားလို့ မသွားဖြစ်လိုက် ဘူး။ နောက်ရက်ကျတော့ ဝယ်လို့မရတော့ ဘူးလို့ ဆီဆိုင်ကပြောတယ်။ ထပ်ဝယ်ရမယ့် ရက်ကိုပဲ စာအုပ်မှာ ရေးပေးလိုက်တယ်” ဟု သာကေတမြို့နယ်တွင် နေထိုင်သူတစ်ဦးက ပြောကြားသည်။

          ယခုကဲ့သို့ ဝယ်ယူခွင့်မရရှိခြင်းနှင့်ပတ် သက်ပြီး မြန်မာနိုင်ငံဆီကုန်သည်နှင့်ဆီလုပ် ငန်းရှင်များအသင်းမှ တာဝန်ရှိသူတစ်ဦးက ယင်းသို့ဖြစ်စဉ်များ ထပ်မံဖြစ်ပွားခြင်းမရှိစေ ရန် စီစဉ်ဆောင်ရွက်နေသည်ဟု ပြောကြား သည်။

          “အခုက အစပိုင်းလည်းဖြစ်နေတော့ နည်းနည်းအခက်အခဲရှိနေတာ။ အဲဒီလိုဖြစ် စဉ်တွေကိုလည်း မဖြစ်အောင် စီစဉ်နေပါ တယ်။ ဆီဆိုင်တွေကို delay တစ်ရက် လောက်ဖြစ်တာကိုတော့ လက်ခံပေးဖို့ ညှိ နှိုင်းနေပါတယ်” ဟု မြန်မာနိုင်ငံဆီကုန်သည် နှင့်ဆီလုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

          ရရှိလာသည့် ဆီစာအုပ်များ၏ နောက် ကျော (သို့မဟုတ်) နေရာလွတ်တစ်ခုခုတွင် အိမ်ထောင်စုစာရင်းမိတ္တူကို ကပ်ထားရမည် ဖြစ်ပြီး ဆီသွားရောက်ဝယ်ယူရာတွင် အိမ် ထောင်စုစာရင်းဝင်မိသားစုဝင်တစ်ဦးက သွားရောက်ဝယ်ယူရမည်ဖြစ်ကာ ထပ်မံ ဝယ်ယူရမည့် နေ့ရက်ကို ဆီဆိုင်က ရေးပေး လိုက်ကြောင်း သိရသည်။

          “စျေးနှုန်းကတော့ အပြင်က စျေးတွေ ထက် အများကြီးသက်သာတယ်။ အဲဒီမှာက တစ်ပိဿာ ခြောက်ထောင်ကျော်လောက်ပဲ ရှိ တယ်။ အပြင်မှာက စားအုန်းဆီပိဿာကို တစ်သောင်းခွဲလောက်အထိ ပေးဝယ်ရတာ။ ဆီကတော့ တစ်ခါဝယ်ခွင့်ရရင် ငါးဆယ် သားပဲ။ ဒီဘက်မှာတော့ တစ်ပတ်တစ်ခါ ဝယ် ခွင့်ရတယ်။ ဆီဝယ်ပြီးတာနဲ့ နောက်တစ်ခါ ဝယ်ရမယ့်ရက်ကို ဆီဆိုင်က ဆီစာအုပ်မှာ ရေးပေးလိုက်တယ်” ဟု မြောက်ဒဂုံမြို့နယ် တွင် နေထိုင်သူတစ်ဦးက ပြောကြားသည်။

          ရန်ကုန်တိုင်းဒေသကြီးအတွင်း စား အုန်းဆီ ရောင်းချပေးနေသည့် အရောင်း ဆိုင်များ၊ လက်ကားအရောင်းဆိုင်များရှိပြီး ဆီစာအုပ်တွင် ဖော်ပြထားသည့် အရောင်း ဆိုင်များတွင် သွားရောက်ယူရခြင်းဖြစ် သည်။

          ဆီစာအုပ်နောက်ကျောတွင်လည်း စည်းကမ်းချက်များ ရေးသားထားပြီး တစ် ဆင့်လွှဲပြောင်းရောင်းချခြင်း၊ ပေါင်နှံခြင်း မပြုရ၊ ပျက်စီးပျောက်ဆုံးပါက ရပ်ကွက်အုပ် ချုပ်ရေးမှူးထံသို့ အကြောင်းကြားရမည်ဖြစ် ကြောင်း၊ ဆီဝယ်ယူရာတွင် ၁၀ နှစ်အောက် ကလေးငယ်များကို ဝယ်ယူခွင့်မပြုကြောင်း အစရှိသည်တို့ကို ရေးသားဖော်ပြထားသည် ကိုတွေ့ရသည်။

          စားအုန်းဆီဝယ်ယူခွင့်စာအုပ်ဖြင့် ဆီ ဝယ်ယူခြင်းတွင် အခြားသောစိန်ခေါ်မှုများ၊ မေးခွန်းထုတ်စရာများလည်း ရှိနေသည်။ ဥပမာအနေဖြင့် ရန်ကုန်တိုင်းဒေသကြီး အ တွင်းသို့ ရောက်ရှိလာသည့်အခြားဒေသ များမှ ရွှေ့ပြောင်းလာသူများ၊ အိမ်ငှားဖြင့် နေထိုင်သူများအတွက် ဆီဝယ်ယူခွင့်စာအုပ် များကို ထုတ်ပေးခြင်းရှိမရှိ အခြေအနေများ လည်းဖြစ်သည်။

          “ ရန်ကုန်မှာဆိုရင် ရပ်ကွက်တော်တော် များများမှာ အိမ်ငှားနေတဲ့သူတွေဆိုရင်စာ အုပ်မရကြဘူး။ ကျွန်မတို့လည်း အိမ်ငှားနဲ့ နေတာ။ စာအုပ်မရသေးဘူး” ဟု လှိုင်မြို့ နယ်တွင် နေထိုင်သူတစ်ဦးက ပြောကြား သည်။

          ယင်းသို့ စားအုန်းဆီဝယ်ယူခွင့်စာအုပ် များကို ပြုလုပ်ပေးခြင်းမှာ ရန်ကုန်တိုင်းဒေ သကြီးသာမက နေပြည်တော်အပါအဝင် အ ခြားသောတိုင်းဒေသကြီးနှင့် ပြည်နယ်များ တွင်လည်း ပြုလုပ်ပေးရန် ဆောင်ရွက်နေ သည်ဟု မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီ လုပ်ငန်းရှင်များအသင်းမှ သိရသည်။

          “တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ဆောင် ရွက်နေပါတယ်။ တခြားတိုင်းနဲ့ပြည်နယ်မှာ တော့သက်ဆိုင်ရာအစိုးရအဖွဲ့တွေရယ်၊ စားသုံးဆီကုမ္ပဏီတွေရယ် ညှိနှိုင်းဆောင် ရွက်နေတယ်” ဟု ၎င်းင်းကပြောကြားသည်။

          နေပြည်တော်တွင် သြဂုတ်လကုန်ပိုင်း မှ စတင်ကာ မြို့နယ်အချို့တွင် စားအုန်းဆီ ဝယ်ယူခွင့်စာအုပ် ရရှိနေပြီဖြစ်ကာဆီဆိုင် များတွင် သွားရောက်ဝယ်ယူနိုင်ကြောင်း နေ ပြည်တော်တွင် နေထိုင်သူတစ်ဦးက ပြော ကြားသည်။

          “တစ်နေရာနဲ့ တစ်နေရာတော့ မတူဘူး။ တချို့နေရာတွေက စာအုပ်နဲ့ပေးတယ်။ ကျွန်တော်တို့ကျတော့ အိမ်ငှားနေရတာဆို တော့ စလစ်နဲ့ပေးတယ်။ ရပ်ကွက်ရုံးကို ဧည့် စာရင်းပေးရတယ်။ ရုံးကနေ စလစ်လေး ထုတ်ပေးတယ်။ အဲဒီစလစ်နဲ့ သွားဝယ်ရ တာ။ ကျွန်တော်တို့ရပ်ကွက်မှာတော့ စလစ် နဲ့ပေးတယ်။ အိမ်ငှားရော အိမ်ပိုင်ရောစလစ် နဲ့ပဲ။ တချို့နေရာတွေကျတော့ စာအုပ်နဲ့ပေး တယ်။ တချို့နေရာတွေမှာတော့ အိမ်ငှားကို စလစ်ရော စာအုပ်ရောမပေးဘူး။ အဲဒါမရှိ တဲ့သူကျတော့ သွားဝယ်လို့မရဘူးပေါ့။ ကျွန် တော်တို့ကတော့ တစ်ခါဝယ်ရင် ငါးဆယ် သားနဲ့ နှစ်ခါတော့ ဝယ်ပြီးသွားပြီ” ဟု နေပြည်တော်တွင် နေထိုင်သူတစ်ဦးက ပြော ကြားသည်။

          စားအုန်းဆီဝယ်ယူခွင့်စာအုပ်များပြုလုပ်ပေးရခြင်းမှာ စားအုန်းဆီများကို အ လွယ်တကူဝယ်ယူနိုင်ရန်ဖြစ်ပြီး တန်းစီဝယ် ယူရသည့်အခြေအနေများ ပျောက်ကွယ်လာ နိုင်ကြောင်း မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီ လုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိ သူတစ် ဦးက ပြောကြားသည်။

          “အဓိက တန်းစီဝယ်ယူရတာတွေမရှိ နိုင်တော့ဘူး။ မိမိဝယ်ယူရမယ့်ရက်မှာ အ လွယ်တကူ ဝယ်လို့ရမယ်။ တန်းစီရတာတွေ ပျောက်သွားနိုင်တယ်” ဟု ၎င်းင်းက သုံးသပ် သည်။

          ယခင်က စားအုန်းဆီများကို မည်သည့် နေရာတွင်မဆို ဝယ်ယူနိုင်သော်လည်း လက် ရှိတွင် စျေးသက်သာသည့် စားအုန်းဆီကိုမူ စာအုပ်ဖြင့်သာ ဝယ်ယူနိုင်တော့မည့်အခြေ အနေလည်းဖြစ်သည်။

          “အရင်တုန်းကတော့ ဆီရောင်းတဲ့ဆိုင် တိုင်းမှာ ဝယ်လို့ရတယ်။ စျေးကလည်း အခု လောက်အထိ မရှိဘူး။ မှတ်မိသလောက်ဆို ငါးထောင်အောက်မှာပဲရှိတယ်။ အခုက တော့ အပြင်မှာဆို တစ်သောင်းကျော်နေပြီ။ ကိုယ်စားလှယ်ဆိုင်တွေမှာပဲ သတ်မှတ်စျေး နဲ့ပဲ ရတော့တယ်။Limit နဲ့ ရောင်းတာဆို တော့ နောက်တစ်ခါဝယ်ရမယ့်ရက် မရောက် ခင် ချွေသုံးရတာပေါ့” ဟု သာကေတမြို့ နယ်မှ အိမ်ရှင်မတစ်ဦးက ပြောကြားသည်။

Most Read

Most Recent