လက်နက်ကိုင် ပဋိပက္ခ ကျယ်ပြန့်လာမှုနှင့် မြေမြှုပ်မိုင်း အန္တရာယ်

လက်နက်ကိုင် ပဋိပက္ခ ကျယ်ပြန့်လာမှုနှင့် မြေမြှုပ်မိုင်း အန္တရာယ်
Published 14 July 2024

၂၀၂၁ ခုနှစ် နိုင်ငံရေးအပြောင်းအလဲဖြစ်ပြီး နောက်ဆက်တွဲအကျိုး ဆက်အဖြစ် မြန်မာနိုင်ငံ နေရာအနှံ့ အပြားတွင် လက်နက်ကိုင်ပဋိပက္ခ များ ယခင်ကထက် ပိုမိုကျယ်ပြန့်စွာ ဖြစ်ပွားလာသည်။

လက်ရှိတွင် ရှမ်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသ ကြီး၊ မကွေးတိုင်းဒေသကြီး မြောက် ဘက်ခြမ်း၊ ပဲခူးတိုင်းဒေသကြီး အရှေ့ ဘက်ခြမ်း၊ တနင်္သာရီတိုင်းဒေသ ကြီး၊ ကရင်ပြည်နယ်၊ ကယားပြည်နယ်၊ ချင်းပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် လက်နက်ကိုင် ပဋိပက္ခများ ဖြစ်ပွား နေသည်။

တစ်နိုင်ငံလုံးတွင် လက်နက် ကိုင်ပဋိပက္ခ ကျယ်ပြန့်လာမှုနှင့်အ တူ ကျွဲကူးရေပါဆိုသလို မြေမြှုပ်မိုင်း နှင့် ပေါက်ကွဲစေတတ်သော စစ်လက် နက်ပစ္စည်းများကြောင့် အရပ်သား ပြည်သူများအနေဖြင့် အသက်ဆုံးရှုံး ခြင်း၊ ကိုယ်လက်အင်္ဂါဆုံးရှုံးခြင်းနှင့် အခြားသော ထိခိုက်ဒဏ်ရာရရှိခြင်း များကို နေ့စဉ်နှင့်အမျှ ကြုံတွေ့ခံစား နေရသည်။

ယခင်က လက်နက်ကိုင်ပဋိပက္ခ မရှိသည့် တိုင်းနှင့် ပြည်နယ်များတွင် ပါ လက်နက်ကိုင်ပဋိပက္ခများ ပြင်း ထန်လာသဖြင့် မြေမြှုပ်မိုင်းအန္တရာယ် မှာလည်း စိုးရိမ်ရသည့်အခြေအနေ သို့ ရောက်ရှိလာသည်။ 

လက်နက်ကိုင်ပဋိပက္ခအတွင်း အဓိကဇာတ်ဆောင်များဖြစ်ကြ သည့် လက်နက်ကိုင်အဖွဲ့အသီးသီး က မြေမြှုပ်မိုင်းမျိုးစုံ အသုံးပြုလျက်ရှိ ကြသည်။

စစ်ကြောင်းများ စခန်းချသည့် နေရာ လုံခြုံရေး၊ ရန်သူလာနိုင်သည့် လမ်း၌ ရန်သူစစ်ကြောင်း နှောင့်နှေး ထိခိုက်စေရေးနှင့် စစ်ကြောင်းများ ဆုတ်ခွာရသည့်နေရာတွင် ဝင်ရောက် နေရာယူမည့် ရန်သူတပ်များ ထိခိုက် စေရေး စသည့်ရည်ရွယ်ချက်များဖြင့် မြေမြှုပ်မိုင်းကို လက်နက်ကိုင်အဖွဲ့ အသီးသီးက အသုံးပြုနေကြခြင်း လည်း ဖြစ်သည်။

မြန်မာနိုင်ငံတွင် မြို့နယ်ပေါင်း ၃၃၀ ကျော်ရှိသည့်အနက် ၁၆၈ မြို့ နယ်တွင် မြေမြှုပ်မိုင်းအန္တရာယ်နှင့် ကြုံတွေ့နေရကြောင်း ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ နောက်ဆုံးပတ်က ထုတ် ပြန်ခဲ့သည့် မြေမြှုပ်မိုင်းနှင့် ထပ်ဆင့် ပေါက်ကွဲစေသည့် လက်နက်ပစ္စည်း များ စောင့်ကြည့်လေ့လာရေးအဖွဲ့(Landmine & Cluster Munition Monitor) ၏ အစီရင်ခံစာအရ သိရသည်။

၂၀၂၀ ပြည့်နှစ်က မြန်မာနိုင်ငံ ရှိ မြို့နယ်ပေါင်း ၁၀၀ တွင် မြေမြှုပ် မိုင်းအန္တရာယ်နှင့် ကြုံတွေ့နေရာမှ ၂၀၂၂ ခုနှစ်တွင် ၁၆၈ မြို့နယ်အထိ မြင့်တက်လာခြင်းဖြစ်ကြောင်း  Land -mine & Cluster Munition Mon -itor

၏ အစီရင်ခံစာအရ သိရသည်။

ထိုသို့ မြေမြှုပ်မိုင်းအန္တရာယ် မြင့်မားလာမှုနှင့်အတူ မြန်မာနိုင်ငံ တွင် မြေမြှုပ်မိုင်းနှင့် ပေါက်ကွဲစေ တတ်သော စစ်လက်နက်ပစ္စည်းများ ကြောင့် ထိခိုက်သေဆုံးပြီး သားကောင် ဖြစ်ခဲ့ရသည့် အရပ်သားအရေအ တွက်မှာ နှစ်စဉ်ရာဂဏန်းရှိရာမှ ၂၀၂၃ ခုနှစ်တွင် ထောင်ဂဏန်းကျော် ရှိလာသည်။

ကုလသမဂ္ဂအပြည်ပြည်ဆိုင် ရာ ကလေးသူငယ်များအရေးပေါ် ရန်ပုံငွေအဖွဲ့ (UNICEF) ၏ ထုတ် ပြန်ချက်အရ မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ် နိုင်ငံရေးအပြောင်းအလဲဖြစ် ပြီးနောက် ၂၀၂၁ ခုနှစ်မှ ၂၀၂၄ ခုနှစ် မတ်လအထိ မြေမြှုပ်မိုင်း ပေါက်ကွဲမှု ဖြစ်စဉ်ကြောင့် သေဆုံးသူ ၄၂၂ ဦး နှင့် ဒဏ်ရာရရှိသူ ၁၆၄၃ ဦးအထိ ရှိခဲ့သည်။

မြန်မာနိုင်ငံတွင် ၂၀၂၄ ခုနှစ် ဇန်နဝါရီလမှ မတ်လအထိ သုံးလအတွင်း မြေမြှုပ်မိုင်းနှင့် ပေါက်ကွဲစေ တတ်သော စစ်လက်နက်ပစ္စည်းများ ကြောင့် ထိခိုက်သေဆုံးသူ ၃၃၉ ဦးရှိ နေပြီဖြစ်သည်။

မြန်မာနိုင်ငံတွင် ၂၀၂၄ ခုနှစ် ပထမသုံးလပတ်အတွင်း မြေမြှုပ် မိုင်းနှင့် ပေါက်ကွဲစေတတ်သော စစ် လက်နက်ပစ္စည်းများပေါက်ကွဲမှုဖြစ် စဉ်၂၁၇ ခု ဖြစ်ခဲ့ပြီး ဒဏ်ရာရသူ ၂၉၅ ဦးနှင့် သေဆုံးသူ ၄၄ ဦး ရှိခဲ့ ကြောင်း ကုလသမဂ္ဂအပြည်ပြည်ဆိုင်ရာ ကလေး သူငယ်များ အရေးပေါ်ရန်ပုံငွေအဖွဲ့ (UNICEF) က ထုတ်ပြန်ခဲ့သည်။

အဆိုပါကိန်းဂဏန်းသည် ၂၀၂၃ ခုနှစ်က ထိခိုက်ခံစားရသူ အရေအ တွက် စုစုပေါင်း၏ ၃၂ ရာခိုင်နှုန်း ရှိနေ ပြီဖြစ်ကြောင်း UNICEF က ထောက် ပြသည်။

          မြေမြှုပ်မိုင်းနှင့် ပေါက်ကွဲ စေ တတ်သော စစ်လက်နက်ပစ္စည်း များကြောင့် ထိခိုက်သေဆုံးခဲ့သည့် ၃၃၉ ဦးထဲတွင် ကလေးသူငယ် ၁၀၀  ပါဝင်ကြောင်း UNICEF က ဆိုသည်။

၂၀၂၄ ခုနှစ် ပထမသုံးလပတ်အ တွင်း မြေမြှုပ်မိုင်းနှင့် ပေါက်ကွဲစေ တတ်သော စစ်လက်နက်ပစ္စည်းများ ကြောင့် ရှမ်းပြည်နယ်တွင် ထိခိုက် ခံစားရသူ အများဆုံးဖြစ်ပြီး အရေအ တွက် စုစုပေါင်း၏ ၂၅ ရာခိုင်နှုန်းရှိ ကြောင်း UNICEF က ထုတ်ပြန် သည်။

စစ်ကိုင်းတိုင်းဒေသကြီးတွင် ၁၉ ရာခိုင်နှုန်းနှင့် ပဲခူးတိုင်းဒေသ ကြီးတွင် ၁၂ ရာခိုင်နှုန်း ရှိခဲ့သည်။

ချင်း၊ ကချင်၊ ကယား၊ ကရင်၊ မကွေး၊ မန္တလေး၊ မွန်၊ နေပြည်တော်၊ ရခိုင်၊ တနင်္သာရီနှင့် ရန်ကုန် အပါအ ဝင် ကျန်ဒေသများတွင် ထိခိုက်ခံစား ရသူ အရေအတွက် စုစုပေါင်း၏ ၄၃ ရာခိုင်နှုန်း ရှိနေကြောင်း UNICEF က ဆိုသည်။

ထို့ပြင် နိုင်ငံတစ်ဝန်း မြေမြှုပ် မိုင်းနှင့် စစ်ကျန်လက်နက်ပစ္စည်း များ ပေါက်ကွဲမှုများကြောင့် ထိခိုက် ခံစားရသူ အရေအတွက် စုစုပေါင်း ၏ ၂၉ ရာခိုင်နှုန်းသည် ကလေးသူငယ် များ ဖြစ်ကြောင်း UNICEF ၏ ထုတ် ပြန်ချက်တွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံတွင် ၂၀၂၃ ခုနှစ် အတွင်း မြေမြှုပ်မိုင်းနှင့် ပေါက်ကွဲ စေတတ်သော စစ်လက်နက်ပစ္စည်း များကြောင့် ထိခိုက်သေဆုံးသူ ၁, ၀၅၂ ဦး ရှိကြောင်း ကုလသမဂ္ဂအ ပြည်ပြည် ဆိုင်ရာကလေးသူငယ်များ အရေးပေါ်ရန်ပုံငွေအဖွဲ့ (UNICEF) က ဧပြီ ၃ ရက်က ထုတ်ပြန်ခဲ့သည်။

၂၀၂၃ ခုနှစ်အတွင်း မြေမြှုပ် မိုင်းနှင့် ပေါက်ကွဲစေတတ်သော စစ် လက်နက်ပစ္စည်းများကြောင့် ထိခိုက် သေဆုံးသူ ၁၀၅၂ ဦးဆိုသည့် အရေ အတွက်သည် ၂၀၂၂ ခုနှစ်နှင့်ယှဉ် လျှင် ထိခိုက်သေဆုံးသူအရေအ တွက် သုံးဆနီးပါး မြင့်တက်လာခြင်း လည်း ဖြစ်သည်။

၂၀၂၂ ခုနှစ်အတွင်း မြေမြှုပ် မိုင်းနှင့် ပေါက်ကွဲစေတတ်သော စစ် လက်နက်ပစ္စည်းများကြောင့် ထိခိုက် သေဆုံးသူ အရေအတွက်သည် ၃၉၀ သာရှိမှ ၂၀၂၃ ခုနှစ်တွင် ၁၀၅၂ ဦး အထိ မြင့်တက်လာခြင်း ဖြစ်သည်။

၂၀၂၂ ခုနှစ်အတွင် မြေမြှုပ် မိုင်းနှင့် ပေါက်ကွဲစေတတ်သော စစ် လက်နက်ပစ္စည်းများ ပေါက်ကွဲမှုဖြစ် စဉ်မှာ ၂၂၉ ခုသာရှိသော်လည်း ၂၀၂၃ ခုနှစ်တွင် ၅၉၉ ခုအထိ မြင့် တက်လာသောကြောင့် သုံးဆနီးပါး မြင့်တက်လာခဲ့သည်။

ထို့ပြင် ၂၀၂၂ ခုနှစ်အတွင်း မြေမြှုပ်မိုင်းနှင့် ပေါက်ကွဲစေတတ် သော စစ်လက်နက်ပစ္စည်းများကြောင့် သေဆုံးသူ ၁၀၂ ဦး သေဆုံးကာ ၂၈၈ ဦး ဒဏ်ရာရရှိခဲ့ပြီး ၂၀၂၃ ခုနှစ် တွင် သေဆုံးသူ ၁၈၈ ဦးအထိ ရှိလာ ကာ ၈၆၄ ဦးအထိ ဒဏ်ရာရရှိခဲ့သည့် အတွက် သေဆုံးသူအရေအတွက် နှင့် ဒဏ်ရာရရှိသူအရေအတွက်မှာ လည်း မြင့်တက်လာသည်ကို တွေ့ရ သည်။

၂၀၂၁ ခုနှစ်နှင့် ၂၀၂၂ ခုနှစ်ကို ယှဉ်ကြည့်လျှင် မြေမြှုပ်မိုင်းနှင့် ပေါက်ကွဲစေတတ်သော စစ်လက်နက် ပစ္စည်းများကြောင့် ထိခိုက်သေဆုံးသူ အရေအတွက်မှာ သိသိသာသာမြင့် တက်ခဲ့ခြင်း မရှိသည်ကို တွေ့ရသည်။

၂၀၂၁ ခုနှစ်တွင် မြေမြှုပ်မိုင်း နှင့် ပေါက်ကွဲစေတတ်သော စစ် လက်နက်ပစ္စည်းများ ပေါက်ကွဲမှုဖြစ် စဉ် ၁၆၉ ခုသာရှိပြီး ၂၀၂၂ ခုနှစ်တွင် ပေါက်ကွဲမှုဖြစ်စဉ် ၂၂၉ ခုသာရှိသည့် အတွက် ကွာဟမှုမှာ ကြီးကြီးမားမား မရှိခဲ့ပေ။

ထို့အတူ ၂၀၂၁ ခုနှစ်တွင် မြေ မြှုပ်မိုင်းနှင့် ပေါက်ကွဲစေတတ်သော စစ်လက်နက်ပစ္စည်းများကြောင့် ထိ ခိုက်သေဆုံးသူ အရေအတွက်မှာ ၂၈၄ ဦးရှိပြီး ၂၀၂၂ ခုနှစ်တွင် ထိခိုက် သေဆုံးသူအရေအတွက် ၃၉၀ သာ ရှိသည့်အတွက် အနည်းသာမြင့် တက်သည်ဟု ဆိုနိုင်သည်။

သို့သော် မြေမြှုပ်မိုင်းနှင့် ပေါက် ကွဲစေတတ်သော စစ်လက်နက်ပစ္စည်း များကြောင့် ၂၀၂၁ ခုနှစ်အတွင်း ထိခိုက်သေဆုံးသူ အရေအတွက်နှင့် ယှဉ်လျှင်လည်း ၂၀၂၃ ခုနှစ်တွင် လေးဆခန့်မြင့်တက်လာသည်ကို တွေ့ရသည်။

၂၀၂၁ ခုနှစ်တွင် မြေမြှုပ်မိုင်း နှင့် ပေါက်ကွဲစေတတ်သော စစ် လက်နက်ပစ္စည်းများကြောင့် ထိခိုက် သေဆုံးသူ အရေအတွက်မှာ ၂၈၄ ဦး သာရှိသော်လည်း ၂၀၂၃ ခုနှစ်တွင် ထိခိုက်သေဆုံးသူအရေအတွက်မှာ ၁၀၅၂ ဦးရှိသည့်အတွက် လေးဆနီး ပါး မြင့်တက်လာခြင်းလည်း ဖြစ်သည်။

မြေမြှုပ်မိုင်းနှင့် ပေါက်ကွဲစေ တတ်သော စစ်လက်နက်ပစ္စည်းများ ပေါက်ကွဲများဖြစ်စဉ်များကို ကြည့် မည်ဆိုလျှင်လည်း ၂၀၂၁ ခုနှစ်တွင် ပေါက်ကွဲမှုဖြစ်စဉ် ၁၆၉ ခုသာရှိရာမှ ၂၀၂၃ ခုနှစ်တွင် ပေါက်ကွဲမှုဖြစ်စဉ် ၅၉၉ ခုအထိရှိလာသည့်အတွက် သုံးဆကျော် မြင့်တက်လာသည်ကို တွေ့ရသည်။

မြန်မာနိုင်ငံအတွင်း ဖြစ်ပွားနေ သည့် ပဋိပက္ခများအတွင်း အဖွဲ့အ စည်းအသီးသီးမှ မြေမြှုပ်မိုင်းနှင့် အ ခြားပေါက်ကွဲစေတတ်သော လက် နက်များ အသုံးပြုမှုကြောင့် ကလေး များအပါအဝင် အရပ်သားသေဆုံးမှု မှာ စိုးရိမ်ဖွယ်တိုးလာနေကြောင်း UNICEF က သတိပေးထားသည်။

          လက်ရှိတွင် နေပြည်တော် ကောင်စီနယ်မြေမှအပ တိုင်းနှင့် ပြည် နယ်အားလုံးနီးပါး၌ မြေမြှုပ်မိုင်းအန္တ ရာယ်ရှိနေပြီး မြန်မာနိုင်ငံသည် မြေ မြှုပ်မိုင်းနှင့် ဖောက်ခွဲရေးပစ္စည်းအ န္တရာယ် အကြီးမားဆုံးနိုင်ငံတွင် ပါ ဝင်နေသည်ဟု UNICEF က ဆို သည်။

မိုင်းအန္တရာယ်အကြီးမား ဆုံးခံ စားရသည့် ဒေသမှာ စစ်ကိုင်းတိုင်း ဖြစ်ပြီး ရှမ်းပြည်နယ်၊ ပဲခူးတိုင်းအပါ အဝင် ကျန်တိုင်းနှင့်ပြည်နယ်များ တွင်လည်း အန္တရာယ်ရှိကြောင်း သတိ ပေးထားသည်။

တစ်နိုင်ငံလုံးအတိုင်းအတာ အနေဖြင့် နေရပ်စွန့်ခွာသူဦးရေ အ များဆုံးရှိသည့် စစ်ကိုင်းတိုင်းဒေသ ကြီးတွင် ထိခိုက်သေဆုံးမှုအများဆုံး ၃၅ ရာခိုင်နှုန်း ဖြစ်ပြီး ရှမ်းပြည်နယ် တွင် ၁၂ ရာခိုင်နှုန်းနှင့် ပဲခူးတိုင်းဒေ သကြီးတွင် ကိုးရာခိုင်နှုန်း ရှိကြောင်း UNICEF က ထုတ်ပြန်သည်။

ထို့ပြင် ဧရာဝတီ၊ ချင်း၊ ကချင်၊ ကယား၊ ကရင်၊ မကွေး၊ မန္တလေး၊ မွန်၊  တနင်္သာရီနှင့် ရန်ကုန် အပါအဝင် ကျန်ဒေသများတွင် ထိခိုက်ခံစားရ သူအရေအတွက် စုစုပေါင်း၏ ၄၃ ရာခိုင်နှုန်းရှိကြောင်း UNICEF က ဆိုသည်။

၂၀၂၂ ခုနှစ်နှင့် ၂၀၂၃ ခုနှစ်ကို နှိုင်းယှဉ်လျှင် ရှမ်းပြည်နယ်တွင် ထိခိုက်သေဆုံးမှု လျော့နည်းလာပြီး စစ်ကိုင်းတိုင်းဒေသကြီးတွင် ထိခိုက် သေဆုံးမှု မြင့်တက်လာသည်ကို တွေ့ ရသည်။

၂၀၂၂ ခုနှစ်အတွင်း ရှမ်းပြည် နယ်တွင် ထိခိုက်ခံစားရသူအရေအ တွက်မှာ စုစုပေါင်း၏ ၃၂ ရာခိုင်နှုန်း ရှိခဲ့ပြီး စစ်ကိုင်းတို်င်းဒေသကြီးတွင် ၁၇ ရာခိုင်နှုန်း၊ ရခိုင်ပြည်နယ်နှင့် ချင်း ပြည်နယ်တွင် ၁၀ ရာခိုင်နှုန်း၊  ကချင် ပြည်နယ်တွင် ကိုးရာခိုင်နှုန်း၊ ကရင် ပြည်နယ်တွင် ခြောက်ရာခိုင်နှုန်းနှင့် ကယားပြည်နယ်တွင် ငါးရာခိုင်နှုန်း အသီးသီးရှိခဲ့သည်။

အခြားဒေသများဖြစ်သည့် ပဲခူး တိုင်းဒေသကြီး၊ မကွေးတိုင်းဒေသ ကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မွန် ပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသ ကြီးတို့တွင် ထိခိုက်ခံစားရသူအရေ အတွက် စုစုပေါင်း၏ ၁၁ ရာခိုင်နှုန်း ရှိကြောင်း UNICEF က ထုတ်ပြန် ထားသည်။

UNICEF ၏ အစီရင်ခံစာအရ နိုင်ငံတစ်ဝန်းတွင် မြေမြှုပ်မိုင်း ကြောင့် ထိခိုက်သေဆုံးခဲ့သည့် က လေးသူငယ်အရေအတွက်မ ှာလည်း ၂၀၂၁ ခုနှစ်မှ ၂၀၂၃ ခုနှစ်အတွင်း ၄၃၆ ဦးအထိ ရှိခဲ့သည်။

          ၂၀၂၁ ခုနှစ်တွင် နိုင်ငံတစ်ဝန်း တွင် မြေမြှုပ်မိုင်းကြောင့် ကလေးသူ ငယ် ၁၉ ဦး သေဆုံးပြီး ၅၅ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း၊ ၂၀၂၂ ခုနှစ် တွင် ကလေးသူငယ် ၃၅ ဦး သေဆုံး ပြီး ၁၃၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ ကြောင်းနှင့် ၂၀၂၃ ခုနှစ်တွင် ကလေး သူငယ် ၅၉ ဦး သေဆုံးပြီး ၁၆၇ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ့ြှု -ဃင်္န က ထုတ်ပြန်ထားသည်။

          ၂၀၂၁ ခုနှစ်တွင် နိုင်ငံတစ်ဝန်း မြေမြှုပ်မိုင်းကြောင့် ထိခိုက်သေဆုံးခဲ့ သည့် အရပ်သား ၂၈၄ ဦးထဲ၌ ကလေး သူငယ် ၁၃၃ ဦး ရှိသည့်အတွက် ၂၇ ရာခိုင်နှုန်းရှိခဲ့ပြီး ၂၀၂၂ ခုနှစ်တွင် နိုင်ငံတစ်ဝန်း မြေမြှုပ်မိုင်းကြောင့် ထိခိုက်သေဆုံးခဲ့သည့် အရပ်သား ၃၉၀ ထဲ၌ ကလေးသူငယ် ၇၇ ဦး ရှိ သည့်အတွက် ၃၄ ရာခိုင်နှုန်း ရှိခဲ့ သည်။

          ယခုနှစ် ဧပြီ ၃ ရက်က ထုတ်ပြန် သည့် UNICEF ၏ အစီရင်ခံစာတွင် ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်အတွင်း နိုင်ငံ တစ်ဝန်းတွင် မြေမြှုပ်မိုင်းကြောင့် ထိခိုက်သေဆုံးခဲ့သည့် အရပ်သား ၁၀၅၂ ဦးထဲတွင် ကလေးသူငယ် ၂၂၆ ဦး ရှိသည့်အတွက် လေးပုံတစ် ပုံ (၂၁ ရာခိုင်နှုန်းနီးပါး) ရှိကြောင်း ဖော်ပြထားသည်။

          UNICEF ၏ အစီရင်ခံစာအရ နိုင်ငံတစ်ဝန်း မြေမြှုပ်မိုင်းကြောင့် ထိခိုက်သေဆုံးခဲ့သည့် ကလေးသူ ငယ်ဦးရေ တစ်နှစ်ထက်တစ်နှစ် မြင့် တက်လာသည်ကို တွေ့ရှိရသည်။

          အဆိုပါအခြေအနေသည် မြေ မြှုပ်မိုင်းကြောင့် ထိခိုက်နစ်နာလွယ် သူများအပေါ်တွင် ဝန်နှင့်အား မမျှ တသည့် သက်ရောက်မှုများရှိနေ သည်ကို မီးမောင်းထိုးပြနေကြောင်း UNICEF က ထောက်ပြထားသည်။

          ၁၉၉၇ ခုနှစ်တွင် မြေမြှုပ်မိုင်း အသုံးပြုမှု ပိတ်ပင်ရေးသဘောတူစာ ချုပ်ကို ပြဋ္ဌာန်းထားပြီး ယင်းစာချုပ် တွင် နိုင်ငံပေါင်း ၁၆၄ နိုင်ငံက လက် မှတ်ရေးထိုးထားသော်လည်း မြန်မာ နိုင်ငံက ပါဝင်လက်မှတ်ရေးထိုးထား ခြင်း မရှိပေ။

     ထိုသို့ ပါဝင်လက်မှတ်ရေးထိုး ထားခြင်း မရှိသောကြောင့် မြန်မာ နိုင်ငံအနေဖြင့် မြေမြှုပ်မိုင်းများကို ပိုမိုအသုံးပြုလာကြောင်း မြေမြှုပ်မိုင်း နှင့် ထပ်ဆင့်ပေါက်ကွဲစေသည့် လက် နက်ပစ္စည်းများ စောင့်ကြည့်လေ့ လာရေးအဖွဲ့ (Landmine & Clus -ter Munition Monitor)  က ၂၀၂၃ ခုနှစ် နိုဝင်ဘာလက ထုတ် ပြန်သည့် အစီရင်ခံစာတွင် ဆိုထားသည်။

          မြန်မာနိုင်ငံတွင် မြေမြှုပ်မိုင်း အန္တရာယ်ကြောင့် တစ်နှစ်ထက် တစ် နှစ် အရပ်သား ထိခိုက်သေဆုံးမှု မြင့်တက်လာသည့်အတွက် လက်နက် ကိုင်ပဋိပက္ခအတွင်း ပါဝင်ပတ်သက် နေသည့် အစုအဖွဲ့များအနေဖြင့် လက်နက်ကိုင်အသုံးပြုမှုများကို ရပ် တန့်ရန်နှင့် အထူးသဖြင့် အရပ်သား ပြည်သူများ နေထိုင်သောနေရာများ တွင် မလုပ်ကြရန် ကုလသမဂ္ဂလူသား ချင်းစာနာမှုဆိုင်ရာညှိနှိုင်း‌ရေးရုံး (UNOCHA) က ပန်ကြားထားသည်။

          သို့သော် နိုင်ငံတကာအဖွဲ့အ စည်းများ၏ စစ်တမ်းများအရ မြန် မာနိုင်ငံတွင် တစ်နှစ်ထက်တစ်နှစ် မြေမြှုပ်မိုင်းအန္တရာယ် ပိုမိုကြီးထွား လာခြင်းသည် ငြင်းမရသည့် အချက် တစ်ချက်လည်း ဖြစ်သည်။

          လက်ရှိတွင် နိုင်ငံတစ်ဝန်း၌ လက်နက်ကိုင်ပဋိပက္ခများက ပိုမို ကျယ်ပြန့်နေသည့်အတွက် ၂၀၂၄ ခု နှစ်တွင်လည်း မြေမြှုပ်မိုင်းပေါက် ကွဲမှုဖြစ်စဉ်ကြောင့် အရပ်သား ထိ ခိုက်သေဆုံးမှုနှုန်း မြင့်တက်လာဖွယ် ရှိနေကြောင်း စစ်ရေးအကဲခတ်များ က သုံးသပ်လျက်ရှိသည်။

 

Most Read

Most Recent