ဟစ်ဇဘိုလာနှင့်အစ္စရေးတို့ စစ်ဖြစ်မည်လော

ဟစ်ဇဘိုလာနှင့်အစ္စရေးတို့ စစ်ဖြစ်မည်လော
Published 12 June 2024
မေသုတ

အစ္စရေးနှင့် လက်ဘနွန်အဖွဲ့ဟစ်ဇဘိုလာတို့ တင်းမာမှုများနှင့် ထိပ်တိုက်တွေ့ဆုံ တိုက်ခိုက်မှုများ မြင့်တက်လာသည်။

အောက်တိုဘာ ၈ ရက်ကတည်းက ဟစ်ဇဘိုလာသည် လူ ၃၆,၀၀၀ ကျော်သေဆုံးခဲ့ပြီး ဖြစ်သော အစ္စရေး၏ ဂါဇာကမ်းမြောင်စစ်ပွဲကို ဟန့်တားရန်အတွက် အစ္စရေးနှင့်အဆင့် နိမ့်သောပဋိပက္ခကို စတင်ခဲ့သည်။

နယ်စပ်နှစ်ဘက်စလုံးရှိ ကျေးရွာများမှ ဒေသခံများ ဘေးလွတ်ရာရွှေ့ပြောင်းခဲ့ကြရ သည်။အစ္စရေးသည် လက်ဘနွန်ကျေးရွာများ ကို အဖြူရောင်မီးစုန်းဗုံးများဖြင့် တိုက်ခိုက်ခဲ့ ကာ ဟဇ်ဘိုလာသည် အစ္စရေးစစ်တပ်၏ဒ ရုန်းများ၊ ပဲ့ထိန်းဒုံးကျည်များနှင့်အခြားလက် နက်များကို ပစ်မှတ်ထားခဲ့သည်။

အမေရိကန်သမ္မတဂျိုးဘိုင်ဒင်က ဂါဇာ တွင် အပစ်အခတ်ရပ်စဲရေးတစ်ရပ်ကိုတွန်း အားပေးနေချိန်တွင် လွန်ခဲ့သည့်သီတင်း ပတ်ကျော်က အစ္စရေးနှင့်ဟဇ်ဘိုလာနှစ်ဘက် စလုံးသည် တိုက်ခိုက်မှုများကို တိုးမြှင့်လုပ် ဆောင်ခဲ့သည်။

ဟဇ်ဘိုလာနှင့် အစ္စရေးတို့ စစ်ပွဲတစ်ရပ် ဖြစ်ပွားလာဖွယ်ရှိ၊မရှိနှင့်ပတ်သက်၍မေး ခွန်းများ ထွက်ပေါ်နေဆဲဖြစ်သည်။

ဟစ်ဇဘိုလာဆိုသည်မှာ

ဟစ်ဇဘိုလာသည် ၁၉၈၂ ခုနှစ်တွင် စတင် ဖွဲ့စည်းခဲ့သည်။လက်ဘနွန်တောင်ပိုင်းကို အစ္စရေး၏ ၁၈ နှစ်ကြာ သိမ်းပိုက်မှုကိုထိပ်တိုက်ရင်ဆိုင်ရန် ပထမဆုံးထွက်ပေါ်လာသော ရှီးယားအုပ်စုဖြစ်သည်။

အီရန်ကျောထောက်နောက်ခံပြုထားသည့် ဟစ်ဇဘိုလာအဖွဲ့သည် အစ္စရေးကိုကြီးမားသည့် စစ်ဘက်ဆိုင်ရာခြိမ်းခြောက်မှုလုပ်ဆောင်လျက်ရှိသည်ဟု အစ္စရေးနှင့်ဒေသ ဆိုင်ရာလုံခြုံရေးကျွမ်းကျင်ပညာရှင်များက သုံးသပ်ထားသည်။

၂၀၀၆ ခုနှစ်ကဟစ်ဇဘိုလာအဖွဲ့သည် အစ္စရေး၏ အလုံးစုံချေမှုန်းမှုနှင့် ရင်ဆိုင်ခဲ့ရ ပြီး ယင်းနောက်ပိုင်းတွင် ပိုမိုအားကောင်းလာ ခဲ့သည်။

 

ဟစ်ဇဘိုလာနှင့် အစ္စရေးတို့၏ တင်းမာမှုများ

လက်ဘနွန်နိုင်ငံတောင်ပိုင်းမှ အစ္စရေး ၏စစ်တပ်များ ပြန်လည်ဆုတ်ခွာခဲ့ပြီး တိုက်ခိုက် သိမ်းပိုက်မှုကို အဆုံးသတ်ခဲ့ပြီးနောက် အစ္စရေးနှင့် ဟစ်ဇဘိုလာ၏ ဆက်ဆံရေး သည် ဆက်လက်တင်းမာနေဆဲဖြစ်သည်။

၂၀၀၆ ခုနှစ်တွင် ဟစ်ဇ ဘိုလာသည်အစ္စ ရေးစစ်သားများကို ခြုံခိုတိုက်ခိုက်ခဲ့ရာစစ် သားသုံးဦးသေဆုံးခဲ့ပြီး နှစ်ဦးကိုပြန်ပေးဆွဲ ခဲ့သည်။

အစ္စရေးက လက်တုံ့ပြန်သည့်အနေဖြင့် လက်ဘနွန်တွင် စစ်ပွဲတစ်ရပ်ဆင်နွှဲခဲ့ပြီးမြို့ တော်ဘေရွတ်အထိ ရောက်ရှိခဲ့သည်။

အစ္စရေးက ဟစ်ဇဘိုလာအား ဖိအားပေးရန်အတွက် အရပ်ဘက်အခြေခံအ ဆောက်အအုံများကို ပစ်မှတ်ထားတိုက်ခိုက် သည့် စစ်ရေးမဟာဗျူဟာဖြစ်သော dahiya doctine ကို ချမှတ်ကျင့်သုံးခဲ့သည်။

ယင်းစစ်ပွဲသည် ၃၄ ရက်ကြာမြင့်ပြီး လက်ဘနွန်ပြည်သူ ၁,၉၀၁ ဦးသေဆုံးခဲ့ကာ  လူ ၉၀၀,၀၀၀ စစ်ဘေးရှောင်ခဲ့ရသည်။အစ္စရေးနိုင်ငံသား ၁၆၅ ဦးခန့်သေဆုံးခဲ့သည်။ သို့သော် ဟစ်ဇဘိုလာကို မဖျက်စီးနိုင်ခဲ့ပေ။

ယင်းနောက်ပိုင်း ဟစ်ဇဘိုလာသည် ခေတ်မီသောလက်နက်အများအပြားရရှိခဲ့ ပြီး ဆီးရီးယားနိုင်ငံ၏ စစ်ပွဲအတွင်းဆီးရီးယား အစိုးရဘက်မှ တိုက်ပွဲဝင်ခဲ့ရာ အတွေ့အကြုံ အများအပြားရရှိခဲ့သည်။သို့သော် ဟစ်ဇ ဘိုလာသည် ဆီးရီးယားပြည်သူများအပေါ်စစ် ရာဇဝတ်မှုများ ကျူးလွန်ခဲ့သည်ဟု စွပ်စွဲခံခဲ့ ရသည်။

         

အစ္စရေး၏ ဂါဇာစစ်ပွဲစတင်ပြီးနောက် အခြေ အနေ

အောက်တိုဘာ ၇ ရက်တွင် အစ္စရေးနိုင် ငံတောင်ပိုင်း၌ ဟားမာ့စ်ဦးဆောင်သည့်တိုက် ခိုက်မှုဖြစ်ပွားခဲ့ပြီးနောက် ဂါဇာတွင်အစ္စရေး က စစ်ပွဲတစ်ရပ်ဆင်နွှဲချိန်ကတည်းကဟဇ် ဘိုလာသည် အစ္စရေးနှင့် အဆင့်နိမ့်သော ပဋိပက္ခတစ်ရပ် ဖြစ်ပွားခဲ့သည်။

          နှစ်ဘက်စလုံးတွင် အရပ်သားများသေ ဆုံးမှုကို ရှောင်ရှားရန် ကြိုးပမ်းသည့်”ထိတွေ့ တိုက်ခိုက်မှုစည်းမျဉ်း” နည်းလမ်းကိုကျင့်သုံး ခဲ့ဖွယ်ရှိသည်။

          သို့သော် အစ္စရေးသည် လက်ဘနွန်နိုင်ငံ အတွင်း ပိုမိုနက်နဲစွာ ထိုးစစ်ဆင်လာခဲ့ပြီး နောက် အရပ်သားအများအပြား သေဆုံးခဲ့ သည်။

         

ပဋိပက္ခကြီးတစ်ရပ် ဖြစ်လာနိုင်ခြေရှိ၊မရှိ

          အစ္စရေးသည် ပဋိပက္ခကြီးတစ်ရပ်ဖြစ် လာနိုင်ဖွယ်ရှိသည့် ခြိမ်းခြောက်မှုမျိုး ပြုလုပ် လျက်ရှိသည်။

          ဇွန် ၅ ရက်က ဟစ်ဇဘိုလာသည် အစ္စ ရေး ၏ရွာတစ်ရွာကို ဖောက်ခွဲရေးဒရုန်းနှစ် စင်းဖြင့်တိုက်ခိုက်ခဲ့ရာလူနှစ်ဦးသေဆုံးပြီး ၁၁ ဦးဒဏ်ရာရရှိခဲ့သည်။

          အစ္စရေးမီးသတ်သမားများသည် ဟစ်ဇ ဘိုလာတို့၏ တိုက်ခိုက်မှုများကြောင့်လောင် ကျွမ်းခဲ့သော မီးလောင်မှုဖြစ်စဉ် ၁၀၀ နီးပါး ကို အလျင်အမြန် ငြှိမ်းသတ်ခဲ့ရသည်။

          နောက်ပိုင်းတွင် အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟုက “အစ္စရေးအနေနဲ့ လက်ဘနွန်နဲ့ထိစပ်နေတဲ့ နယ်စပ်မှာပြင်းထန် တဲ့ စစ်ဆင်ရေးတစ်ရပ်အတွက် ပြင်ဆင်နေ ပါတယ်”ဟု ပြောကြားခဲ့သည်။

          အစ္စရေး၏ လက်ယာယိမ်းအမျိုးသားလုံ ခြုံရေးဝန်ကြီး အိုင်တာမာဘန်ဂျီဗာက နိုင်ငံ မြောက်ပိုင်းရှိ မီးလောင်မှုဖြစ်ပွားသောနေရာ အချို့ဆီ သွားရောက်ကြည့်ရှုခဲ့သည်။ယင်း နောက်တွင် ၎င်းင်းက”ကျွန်တော်တို့နိုင်ငံရဲ့ဒေ သတစ်ခုကို ပစ်မှတ်ထားတိုက်ခိုက်ခံရတာ ဟာ လက်သင့်မခံနိုင်စရာ ကိစ္စတစ်ရပ်ဖြစ် ပါတယ်။လက်ဘနွန်ကတော့ ဆက်လက်အ သံတိတ်နေပါတယ်။ကျွန်တော်တို့အနေနဲ့ ဟစ်ဇဘိုလာစခန်းတွေအားလုံးကို မီးရှို့ဖျက် ဆီးသွားရမှာဖြစ်ပါတယ်”ဟု သတင်းထောက် များကို ပြောကြားခဲ့သည်။

          အစ္စရေးက ယခုကဲ့သို့ ပြောကြားခဲ့သော် လည်း ဘေရွတ်မြို့တော်ရှိ labanese american တက္ကသိုလ်မှ နိုင်ငံရေးသိပ္ပံဆိုင်ရာတွဲ ဖက်ပါမောက္ခ အိုင်မတ်ဆာလာမေက အစ္စ ရေး၏ သိသိသာသာကျူးကျော်ဝင်ရောက်လာမှုကို မယုံကြည်ကြောင်း ပြောကြားခဲ့ သည်။

          “အစ္စရေးက ဒေသဆိုင်ရာလုံခြုံရေးခြိမ်း ခြောက်မှုတွေနဲ့ ပြည်တွင်းနိုင်ငံရေးအရွေ့  တွေအပါအဝင် ဘက်ပေါင်းစုံကနေသိသာ ထင်ရှားတဲ့ စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်နေရပါ တယ်”ဟု ၎င်းက အယ်ဂျားဇီးယားသတင်း ဌာနကို ပြောကြားခဲ့သည်။

          “အစ္စရေးရဲ့ဒီကျူးကျော်မှုဟာ နိုင်ငံတ ကာရဲ့ပြင်း ထန်တဲ့ ရှုတ်ချမှုကို ဖြစ်ပေါ်စေပြီး အဓိကမဟာမိတ်များ အထူးသဖြင့် အမေရိ ကန်နဲ့ဆက် ဆံရေးကို တင်းမာလာစေနိုင်ပါ တယ်”ဟု ၎င်းင်းကထပ်မံပြောကြားခဲ့သည်။

         

အစ္စရေးတို့၏သဘောထား

          အစ္စရေးနိုင်ငံသားအများအပြားက ဟစ်ဇဘိုလာကို တိုက်ခိုက်ရန် ၎င်းင်းတို့၏အစိုး ရကို တောင်းဆိုနေကြသည်။

          အစ္စရေးနိုင်ငံသားများက အောက်တို ဘာ ၇ ရက်တွင် ဟားမာ့စ်တို့ လုပ်ဆောင်ခဲ့ သည့်အတိုင်း ဟစ်ဇဘိုလာတို့က အစ္စရေးစစ် စခန်းများနှင့် လူနေရပ်ကွက်များကို တိုက် ခိုက်လာမည့်အရေးကို စိုးရိမ်ပူပန်နေကြသည် ဟု အစ္စရေးမျက်မှောက်ရေးရာ နှင့်နိုင်ငံရေး သုံးသပ်သူ ဒါလီယာရှိန်အင်လင်က ဆိုသည်။

          ဂါဇာကမ်းမြောင်ဒေသတွင် အပစ်အ ခတ်ရပ်စဲရေးတစ်ရပ် အကောင်အထည်ဖော် နိုင်လျှင် အစ္စရေးကို တိုက်ခိုက်မှုရပ်တန့်သွား မည်ဟု ဟစ်ဇဘိုလာ၏ ပြောကြားချက်ကိုအစ္စ ရေးနိုင်ငံသားအများစုက မယုံကြည်ကြောင်း ၎င်းင်းကဆိုသည်။

          တစ်ဖက်တွင် နိုင်ငံမြောက်ပိုင်းရှိ နေရပ် စွန့် ခွာဒေသခံများကို ၎င်းင်းတို့၏နေအိမ်များသို့ ဘေးကင်းလုံခြုံစွာပြန်လာနိုင်ရန်အတွက် ဟစ်ဇဘိုလာကိုတိုက် ခိုက်ရန်လိုအပ်သည် ဟု အစ္စရေးနိုင်ငံသား များက ယူဆထားကြ သည် ဟုဆိုသည်။

          “အစ္စရေးမှာအရပ်ဘက်အခြေခံအ ဆောက်အအုံတွေကို ဟစ်ဇဘိုလာရဲ့ တိုက် ခိုက်မှုတွေကနေ ဆိုးရွားတဲ့အကျိုးဆက်တွေ ကို ဖွင့်ဟဖို့ အစ္စရေးမှာ လုံလောက်တဲ့အသံ တွေရှိမယ်လို့ ကျွန်မမထင်ပါဘူး”ဟု ရှိန်အင် လင်ကဆိုသည်။

         

ဟဇ်ဘိုလာအဖွဲ့အပေါ်သုံးသပ်ချက်

          ဟဇ်ဘိုလာ၏လတ်တလောတိုက်ခိုက် မှုများသည် အစ္စရေးအား ဆိုးရွားသောပျက် စီးဆုံးရှုံးမှုများ ဖြစ်ပေါ်နိုင်ကြောင်းသတိပေး ရန် ရည်ရွယ်နေခြင်းဖြစ်သည်ဟု ဘေရွတ်မြို့ တော်ရှိ Carnegie middle east centre ကျွမ်းကျင်ပညာရှင်များအဖွဲ့မှ လေ့လာသုံး သပ်သူနှင့် အကြီးတန်းအယ်ဒီတာ မိုက်ကယ် ယန်းက သုံးသပ်ခဲ့သည်။

“ဒါတွေအကုန်လုံးက အစ္စရေးကိုသ တင်းစကားပါးနေတာဖြစ်ပါတယ်။ ဒီနေ့စစ်ပွဲ မှာ အနိုင်ရနေတာ ဒါမှမဟုတ် စစ်ပွဲဟာ သင် စိတ်တိုင်းကျ အဆင်ပြေနေတာ ဒါမှမဟုတ်  ပိုမိုအားကောင်းလာအောင် ဖန်တီးနိုင်မယ် ဆိုပြီး ဘယ်တော့မှ မတွေးထားပါနဲ့ဆိုပြီးသ တိပေးနေတာဖြစ်ပါတယ်”ဟု ၎င်းင်းကသုံးသပ် ထားသည်။

“ကျွန်တော့်စိတ်ထဲမှာတော့ တစ်ဖက်စီ က ဆွေးနွေးညှိနှိုင်းမှုတစ်ခုအတွက်ပြင်ဆင် နေတယ်လို့ ထင်ပါတယ်”ဟု၎င်းင်းကအယ်ဂျာ ဇီးယားကို ဆိုသည်။

          နှစ်ဘက်စလုံးက စေ့စပ်ညှိနှိုင်းမှုများ တွင် သြဇာအာဏာရရှိရန် ကြိုးပမ်းနေသော ကြောင့် တိုက်ပွဲသည် ပိုမိုပြင်းထန်လာလိမ့် မည်ဟု ယန်းက ယူဆထားပြီးဟစ်ဇဘိုလာက တိုက်ပွဲများအဆုံးသတ်ရန် လိုလားသည်ဟု ယုံကြည်ထားကြောင်း ယန်းကထပ်မံပြော ကြားခဲ့သည်။

          “ဟစ်ဇ ဘိုလာဘက်ကတော့ရှင်းပါ တယ်။ ဂါဇာမှာတိုက်ပွဲတွေရပ်သွားတဲ့နေ့ လက်ဘနွန်တောင်ပိုင်းမှာတိုက်ပွဲတွေရပ် သွားပါလိမ့်မယ်”ဟု ၎င်းင်းကဆိုသည်။

          “ဟစ်ဇဘိုလာအနေနဲ့လက်ဘနွန် နယ် စပ်မှာ တင်းမာနေတဲ့ အခြေအနေတစ် ရပ်ကို မလိုချင်ပါဘူး။ သူတို့တွေက သဘော တူညီ ချက်မရတဲ့ အခြေအနေကိုလည်းမလိုလားပါ ဘူး။ ဘာကြောင့်လဲဆိုတော့အစ္စရေးက သူ တို့တွေကို ဆက်လက်တိုက်ခိုက်နိုင်ပြီး သူ တို့ရဲ့တိုက်ခိုက်ရေးသမားတွေကို လုပ်ကြံ နိုင်လို့ ဖြစ်ပါတယ်”ဟု ယန်းကသုံးသပ်ထား သည်။     

                             Ref: Aljazeera

Most Read

Most Recent