မြဝတီ မြို့တွင် ထိုင်းဘတ်ငွေစျေး စံချိန်တင် မြင့်တက်နေပြီး ထိုင်းနိုင်ငံထုတ်ကုန်များ စျေးနှုန်း နှစ်ဆကျော်မြင့်တက်နေ

မြဝတီ မြို့တွင် ထိုင်းဘတ်ငွေစျေး စံချိန်တင် မြင့်တက်နေပြီး ထိုင်းနိုင်ငံထုတ်ကုန်များ စျေးနှုန်း နှစ်ဆကျော်မြင့်တက်နေ
Published 21 July 2024

မြဝတီ မြို့တွင် ထိုင်း ဘတ်ငွေစျေး စံချိန်တင် မြင့်တက်နေပြီး ထိုင်းနိုင်ငံထုတ်ကုန်များ စျေးနှုန်း နှစ်ဆကျော် မြင့်တက်နေကာ လမ်းခရီး အခက်အခဲကြောင့်လည်း နယ်စပ်ကုန်စည်စီးဆင်းမှုနှောင့်နှေးနေကြောင်း သိရသည်။

ထိုင်းငွေနှင့်ဝယ်ယူလျှင ်အပြောင်းအလဲမရှိသော်လည်း မြန်မာကျပ်ငွေကို ဘတ်လဲပြီးမှသာ ဝယ်ယူရသည့်အတွက်  စျေးအပြောင်းအလဲရှိသည်ဟု ကုန်သည်တစ်ဦးကပြောကြားသည်။

မြဝတီနယ်စပ်မှတဆင့် ပြည်တွင်စျေးကွက်သို့ စားသုံးဆီအမျိုးမျိုး၊အချိုရည်အမျိုးမျိုး၊ဘိလပ်မြေနှင့် အိမ်ဆောက်ပစ္စည်းအမျိုးမျိုး၊စားသုံးကုန်အမျိုးမျိုး၊လူသုံးကုန်အမျိုးမျိုး တင်သွင်းလျှက်ရှိပြီး ထိုင်းဘတ်ငွေစျေး မြင့်တက်ခြင်းကြောင့် ကုန်စျေးနှုန်းမြင့်တက်နေပြီး လမ်းခရီးအခက်အခဲကြောင့် လည်း ကုန်သွယ်မှုနှောင့်နှေးနေသည်ဟု နယ်စပ်ကုန်သည်တစ်ဦးကဆိုသည်။

"ဘတ်စျေး အပြောင်းအလဲကြောင့်ကိုယ်မြန်မာကျပ်ငွေ ပိုပေးရတာပေါ့၊ဝယ်ပြီးပစ္စည်းတွေ ပြည်တွင်းကိုပို့မယ်ဆိုတော့ အာရှလမ်းသစ်ပိတ်ထားကတည်းက ထို့ကော်ကိုးလမ်း၊ကြက်ဥတောင်လမ်း၊၁၀၁၈ လမ်း၊ဒေါနတောင်ကျော်လမ်းဟောင်တို့က သွားနေရတယ်ဆိုပေမဲ့ ကုန်ကျစရိတ်၊(ဂိတ်ကြေး)ကအရမ်းများပါတယ်။ပြည်တွင်းကိုရောက်တော့ စျေးတွေထိုးတက် ၊ပြည်သူတွေပဲထိတော့တာပါပဲ"ဟု နယ်စပ်ကုန်သည်တစ်ဦးကဆိုသည်။

မြန်မာ-ထိုင်းနယ်စပ်မြဝတီ မြို့တွင် ထိုင်းဘတ်ငွေနှင့်မြန်မာကျပ်ငွေ နှစ်မျိုးလုံးသုံးစွဲ ပြီးရောင်းဝယ်ဖောက်ကားမှု  ပြုနေကြသော်လည်း ထိုင်းကုန်ပစ္စည်းများအား ဘတ််ငွေနှင့်သာဝယ်ယူကြရသည်။

ထိုင်းဘတ်ငွေ နှင့်ဝယ်ယူသော ထိုင်းကုန်ပစ္စည်းများကို မြဝတီ မြို့တွင် ကျပ်ငွေနှင့်ပြန်လည်ရောင်းချရာတွင် ဘတ်ငွေ စျေး အတက်အကျပေါ်မူတည်ပြီး စျေးနှုန်းပြောင်းလဲလျှက်ရှိသည်။

ဇူလိုင်လ ၂၁ ရက်နေ့တွင် ထိုင်းဘတ်ငွေ စျေးမှာ  ကျပ်(၁)သိန်း လျှင် ဘတ်ငွေ ၇၅၀ သာပေါက်စျေးရှိသည့်အတွက် ယခင်နှစ် ကထက် ကျပ်(၁)သိန်း လျှင်  ဘတ်၁၀၀၀ ကျော် နှင့် ကွာဟသွားခဲ့သည်။

ယခင်နှစ်က ကျပ်တစ်သိန်း တန်ဖိုးရှိ ကုန်ပစ္စည်းများကို ယခုနှစ်တွင် ဘတ်ငွေနှင့်ဝယ်လျှင်အပြောင်းအလဲမရှိသော်လည်း မြန်မာငွေဖြင့်ဝယ်ယူလျှင် ယခင်နှစ်ကထက် ကျပ်၁သိန်း နီးပါ အလိုက်ပေးပြီဝယ်ယူရသည်။

ပြန်ရောင်းလျှင်လည်းယခင်နှစ်ကထက်စျေးများစွာမြင့်တက်လာသည့်အတွက် စားသုံးမှုစျေးကွက်ကို များစွာထိခိုက်လျှက်ရှိသည်ဟုဆိုသည်။

စားသောက်ကုန်၊အလှကုန်၊လူသုံးကုန်ပစ္စည်းများ မှာ ယခင်နှစ်ကထက်သိသိသာသာစျေးမြင့်တက်လျှက်ရှိသည်။

 

Most Read

Most Recent