ဖားကန့်ဒေသတွင် မိုးသည်းထန်စွာရွာသွန်းပြီး ဥရုမြစ်ရေမြင့်တက်မှုကြောင့် လူပေါင်းထောင်ချီ ရေဘေးရှောင်ခဲ့ရ

ဖားကန့်ဒေသတွင် မိုးသည်းထန်စွာရွာသွန်းပြီး ဥရုမြစ်ရေမြင့်တက်မှုကြောင့် လူပေါင်းထောင်ချီ ရေဘေးရှောင်ခဲ့ရ
ဥရုမြစ်ရေမြင့်တက်မှုကြောင့် ဖားကန့်ဒေသတွင် ရေကြီးရေလျှံမှုဖြစ်ပွားနေသည်ကို တွေ့ရစဉ်
ဥရုမြစ်ရေမြင့်တက်မှုကြောင့် ဖားကန့်ဒေသတွင် ရေကြီးရေလျှံမှုဖြစ်ပွားနေသည်ကို တွေ့ရစဉ်
Published 3 July 2024
ထွန်းလင်းအောင် (မြစ်ကြီးနား)

ကချင်ပြည်နယ် ဖားကန့်ဒေသတွင် ဇွန် ၃၀ ရက်မှစကာ သည်းထန်စွာ ရွာသွန်းခဲ့သည့် မိုးကြောင့် ဥရုမြစ်ရေ စံချိန်တင်မြင့်တက်ကာ  လူပေါင်းထောင်ချီ ရေဘေးရှောင်နေကြရကြောင်း ဒေသခံများ၊ ကယ်ဆယ်ရေးအဖွဲ့ဝင်များက ပြောကြားသည်။

ဥရုမြစ်ရေသည် ဇူလိုင် ၁ ရက်မှ စတင်ကာ စိုးရိမ်ရေမှတ်ထက် ၁၀ ပေကျော် မြင့်တက် ခဲ့ပြီး လုံးခင်းဘုရားကုန်းမှလွဲ၍ တစ်ရွာလုံးနီး ပါး ရေနစ်မြုပ်ခဲ့ကြောင်း လုံးခင်းဒေသခံတစ် ဦးက ဆိုသည်။

လုံးခင်းဒေသခံတစ်ဦးက “ရေက ကြီးတာ မဟုတ်ဘူး။ ရွာက ချောင်းထဲဝင်သွားသလို ဖြစ်သွားတာ။ အထည်ဆိုင်၊ ကုန်စုံဆိုင်တွေ မြုပ်သွားတာ။ မြစ်ဘေးကားလမ်းတစ်ကြော လုံး တစ်ထပ်အိမ်တွေ မြုပ်သွားတယ်။ ညနေ ပိုင်း ပြန်ကျပြီး မနက်ပြန်တက်။ အခု ညနေ ပြန်ကျနေတယ်။ မိုးရွာတာနဲ့ ထပ်တက်ဦးမယ့် သဘောပဲ။ နှစ်ပေလောက်တော့ ကျသွားပြီ။ ရေကျပြီးတာနဲ့ ကုန်စုံဆိုင်တွေက အဆုံးအရှုံး များတော့ ဝယ်စရာနေရာမရှိဘူး”ဟု ပြော ကြားသည်။

လက်ရှိတွင် လုံးခင်းရပ်ကွက်များ၊ နမ္မ ဖြစ်၊ ဖားကန့်မြို့ပေါ်ရှိ မှော်ဝမ်း၊ ငှက်ပျော တော၊ မရှီကထောင်၊ အေးမြသာယာရပ်ကွက် များ၊ ဆိုင်းတောင်၊ ဥရုမြစ်နံဘေး နေအိမ်များ ရေနစ်မြုပ်ခဲ့ကြောင်း ကယ်ဆယ်ရေးအဖွဲ့ဝင် တစ်ဦးက ပြောကြားသည်။

ကယ်ဆယ်ရေးအဖွဲ့ဝင်တစ်ဦးဖြစ်သူကိုကျော်အောင်က “ပြောရရင်တော့ ကယ် ဆယ်ရေးလည်း မနိုင်ဘူး။ ရေကလည်း အမြန် ဆုံးနဲ့ အမြင့်ဆုံးရောက်သွားတယ်။ ဆုံးရှုံးမှု လည်းများတယ်။ တစ်မြို့နယ်လုံးဆိုရင် သုံး ထောင်ကျော်လောက် ရေဘေးရှောင်ရတယ်။ ဒါတောင် ဥရုမြစ်က မနေ့ညက ကျောက်စိမ်း လုပ်ကွက်ကျင်းထဲ ပြောင်းပြန်စီးဝင်သွားလို့ လျော့သွားတာ။ နောက် ဇူလိုင် ၄ ရက်အထိ စိတ်ချရတဲ့အခြေအနေမရှိသေးဘူး။ အခု ရေ က နည်းနည်းချင်း ပြန်ကျနေပြီ”ဟု ဆိုသည်။

ဇူလိုင် ၁ ရက်က ငှက်ပျောတောရပ် ကွက်မှ ရေဘေးရှောင်သူ အမျိုးသမီးတစ်ဦး

လှေမှောက်မျောပါသွားခဲ့ပြီး ပြန်လည်တွေ့ရှိ ခြင်းမရှိသေးကြောင်း ဒေသခံကယ်ဆယ်ရေး အဖွဲ့များက ဆိုသည်။

ထို့ပြင် လုံးခင်းကျေးရွာ၊ ဆိုင်းရာရွာသစ် မှ ဆီပန့်ဆိုင်တစ်ခုလုံး ရေတိုက်စား မျောပါ သွားခဲ့သည်။ မမုံကျေးရွာနှင့် ဆန်ခါကျေးရွာ ကြားရှိ ပေ ၄၀ ခန့်အရှည်ရှိသည့် တံတားတစ် စင်းကျိုးကျပျက်စီးခဲ့ပြီး နေအိမ်တချို့ ရေစီး ကြောင်းများ တိုက်စားကာ နေအိမ်နှင့် ကား များ ရေထဲမျောပါသွားသည့် ဗီဒီယိုဖိုင်များ လည်း ပျံနှံ့ခဲ့သည်။

ဖားကန့်ဒေတွင် ကျောက်စိမ်းလုပ်ကွက် များမှ မြေစာများ ဥရုချောင်းအတွင်း တိုက် ရိုက်သော်လည်းကောင်း၊ သွယ်ဝိုက်၍ သော် လည်းကောင်း စွန့်ပစ်ခဲ့ခြင်းကြောင့်  ဥရုချောင်း ကြမ်းပြင်မှာ မူလထက် ပေပေါင်းများစွာမြင့် တက်လာခဲ့ပြီးနောက် ၂၀၀၀ ပြည့်နှစ်နောက် ပိုင်းတွင် မြစ်ဘေးရှိမြို့၊ ရွာများ ရေကြီးမှုဒဏ် ကို နှစ်စဉ်ခံစားလာခဲ့ရသည်။

ဥရုမြစ်သည် ချင်းတွင်းမြစ်၏ အဓိက မြစ်လက်တက်ကြီးဖြစ်ပြီး ဖားကန့်မြို့နယ် ကံစီးဒေသတွင် မြစ်ဖျားခံကာ လုံးခင်း၊ ဖား ကန့်ရတနာနယ်မြေတွင် မိုင်ပေါင်း  ၅၄ မိုင် ဖြတ်သန်းစီးဆင်းနေသည့် မြစ်တစ်စင်းဖြစ် သည်။