ပဲခူးတိုင်းဒေသကြီး (အရှေ့ခြမ်း) ရှိ ပြည်သူ့စစ် (ဌာနေ) တပ်ဖွဲ့ဝင်များကို တပ်မတော်က လက်နက်တပ်ဆင်

ပဲခူးတိုင်းဒေသကြီး (အရှေ့ခြမ်း) ရှိ ပြည်သူ့စစ် (ဌာနေ) တပ်ဖွဲ့ဝင်များကို တပ်မတော်က လက်နက်တပ်ဆင်
Published 21 June 2024

ပဲခူးတိုင်းဒေသကြီး(အရှေ့ခြမ်း)ရှိ ပြည်သူ့စစ်(ဌာနေ)တပ်ဖွဲ့ဝင်များအား လက်နက် တပ်ဆင်အပ်နှင်းပွဲကို ဇွန် ၂၀ ရက်က  တောင်ငူ လေတပ်စခန်းဌာနချုပ်၊ အားကစားခန်းမ၌ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ လက်နက်တပ်ဆင် အပ်နှင်းပွဲသို့ တောင်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်မှူးချုပ်ကြည်သိုက်နှင့်  ဌာနဆိုင်ရာတာဝန်ရှိ သူများ၊ ပြည်သူ့စစ်(ဌာနေ)တပ်ဖွ ဲ့ဝင်များ တက်ရောက်ကြောင်း သိရသည်။

ယင်းအခမ်းအနားတွင် ဦးစွာ တိုင်းမှူးက လက်နက်များ တပ်ဆင်ပေးရခြင်းနှင့် ပတ် သက်၍ ရှင်းလင်း ပြောကြားခဲ့ကြောင်း သိရ သည်။

ထို့နောက် တိုင်းမှူးက ပြည်သူ့စစ် (ဌာနေ) တပ်ဖွဲ့ဝင်များအား လက်နက်များ တပ်ဆင်အပ်နှင်းပေးပြီး ပြည်သူ့စစ်(ဌာနေ)အဖွဲ့ ဝင်များကိုယ်စားတာဝန်ရှိသူတစ်ဦးက ကျေး ဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။

ယင်းနောက် ပဲခူးတိုင်းဒေသကြီးအစိုးရ အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက နိုင်ငံတော် ကာကွယ်ရေးတာဝန်ထမ်းဆောင်လျက်ရှိသော တပ်မတော်သားများအတွက် စားသောက် ဖွယ်ရာများပေးအပ်ရာ တိုင်းမှူးက လက်ခံရ ယူခဲ့ကြောင်း သိရသည်။

ယင်းနောက် တိုင်းမှူးနှင့် တာဝန်ရှိသူ များက ပြည်သူ့စစ်(ဌာနေ)တပ်ဖွဲ့ဝင်များကို ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ကြောင်း သိရသည်။

Most Read

Most Recent