၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်၊ ဒီဂရီကောလိပ်များအပါအဝင် အထက်တန်း၊ အလယ်တန်းနှင့် မူလတန်းအဆင့်ကျောင်းများအားလုံး စတင်ဖွင့်လှစ်

၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်၊ ဒီဂရီကောလိပ်များအပါအဝင် အထက်တန်း၊ အလယ်တန်းနှင့် မူလတန်းအဆင့်ကျောင်းများအားလုံး စတင်ဖွင့်လှစ်
Published 3 June 2024

၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်၊ ဒီဂရီကောလိပ်များအပါအဝင် အထက်တန်း၊ အလယ်တန်းနှင့် မူလတန်းအဆင့်ကျောင်းများအားလုံး ယနေ့(ဇွန် ၃ ရက်)တွင် စတင်ဖွင့်လှစ်ကြောင်း သိရသည်။

၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် ကျောင်းအပ်နှံရေးသီတင်းပတ်ကို မေ ၂၃ ရက်မှ ဇွန် ၂ ရက်အထိ သတ်မှတ်ခဲ့သည်။

ထိုသို့သတ်မှတ်ဆောင်ရွက်ခဲ့ရာတွင် မေ ၂၃ ရက် စတင်ကျောင်းအပ်လက်ခံသည့် ပထမဆုံးနေ့၌ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ အခြေခံပညာကျောင်းများ၊ ကိုယ်ပိုင်ကျောင်းများနှင့် ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများ၌ ကျောင်းအပ်နှံသူ ၁၇၉၂၈၀၈ ဦးရှိခဲ့ကြောင်း၊ အလားတူ မေ ၂၃ ရက်မှ ဇွန် ၁ ရက်အထိ ကျောင်းအပ်နှံသူ ၆၂ သိန်းကျော်ရှိကြောင်း သိရသည်။

 

Most Read

Most Recent