NLD ပါတီ သဘာပတိအဖွဲ့ နာယက သူရဦးတင်ဦး အသက် ၉၈ နှစ်အရွယ်တွင် လူကြီးရောဂါဖြင့် ကွယ်လွန်

NLD ပါတီ သဘာပတိအဖွဲ့ နာယက သူရဦးတင်ဦး အသက် ၉၈ နှစ်အရွယ်တွင် လူကြီးရောဂါဖြင့် ကွယ်လွန်
Published 1 June 2024

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ပါတီ သဘာပတိအဖွဲ့နာယကသူရဦးတင်ဦး သည် ဇွန် ၁ ရက် နံနက်ပိုင်းတွင် လူကြီးရော ဂါဖြင့် ကွယ်လွန်သွားကြောင်း ဦးတင်ဦးနှင့် အနီးကပ်နေထိုင်သူတစ်ဦးက ‌ပြောကြား သည်။

“မိသားစုက‌တော့ အတည်ပြုလိုက်တာ ၈ နာရီ ၄၅ မိနစ်ပေါ့”ဟု ဦးတင်ဦးနှင့် နီးစပ် သူတစ်ဦးက ပြောကြားသည်။

သူရဦးတင်ဦးသည် ၂၀၁၇ ခုနှစ်တွင် နေအိမ်ရှိ ရေချိုးခန်းတွင်ချော်လဲခဲ့ပြီး အ သက်အရွယ်ကြီးရင့်လာမှုကြောင့် နေအိမ် တွင် နာတာရှည် ကျန်းမာရေးစောင့် ရှောက်မှု များကို ခံယူနေရခြင်းဖြစ်သည်။

ထို့နောက်သူရဦးတင်ဦးသည် မေ ၂၉ ရက်ညပိုင်းတွင် ကျန်းမာရေးပိုမိုဆိုးရွားလာ သဖြင့်ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ပို့ ဆောင် ခဲ့ပြီး မေ ၃၀ ရက်တွင် အထူးကြပ်မတ် ကုသ ဆောင်သို့ ပြောင်းရွေ့ကုသမှုခံယူခဲ့ရသည်။

ယင်းနောက် မေ ၃၁ ရက်တွင် သူရ ဦး တင်ဦး၏ ကျန်းမာရေးအ‌ခြေအနေမှာ ပြန် လည်တိုးတက်လာခဲ့သော်လည်း ဆရာဝန် များက အနီးကပ်စောင့်ကြည့်နေခဲ့ပြီး ဇွန် ၁ ရက်နံနက်တွင်မူ သူရဦးတင်ဦး၏ ကျန်းမာ ရေးမှာ ပြန်လည်ဆိုးရွားလာခဲ့ကာ ကွယ်လွန် ခဲ့ခြင်းဖြစ်သည်။

သူရဦးတင်ဦး၏စျာပနကို ဇွန် ၅ ရက် တွင် ရေဝေးသုဿာန်၌ ပြုလုပ်မည်ဖြစ်ပြီး  စျာပနအစီအစဉ်ကို ယင်းနေ့ မွန်းလွဲ ၂ နာရီခွဲ တွင်စတင်မည်ဖြစ်ကာ ညနေ ၄ နာရီခွဲတွင် ကြွင်းကျန်ရစ်သော ရုပ်ကလာပ်ကို ဂူသွင်း သင်္ဂြိုဟ်မည်ဖြစ်ကြောင်းသိရသည်။

သူရဦးတင်ဦးကို ၁၉၂၇ ခုနှစ် မတ် ၁၂ ရက်၌ ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့ နယ်တွင်မွေးဖွားခဲ့ပြီး ပုသိမ်မြို့ဗဟိုအမျိုး သား အထက်တန်းကျောင်း၌ ဆယ်တန်း အောင်သည်အထိ ပညာသင်ကြားခဲ့သည်။

 ၁၉၄၃ ခုနှစ်၌ သူရဦးတင်ဦးသည် တပ် ထဲသို့ တပ်သားအဆင့်ဖြင့် စတင် ဝင်ရောက် ခဲ့ပြီး ၁၉၄၄ ခုနှစ်နိုဝင်ဘာလတွင်  ဗမာ့ကာ ကွယ်ရေးတပ်မတော် (BDA)တွင် အလုပ် သင် ပြန်တမ်းဝင်အရာရှိ အဖြစ် ခန့်အပ်ခြင်း ခံရသော်လည်း ဖက်ဆစ်တော်လှန်ရေး တပ်မ တော် ပြန်လည်ဖွဲ့စည်းမည့် အစီအစဉ်အရ မျိုးချစ်ဗမာ့တပ်မတော် ဖျက်သိမ်းသည့်အခါ နေရပ်သို့ခေတ္တပြန်ခဲ့ပြီး ၁၉၄၆ ခုနှစ်၌ ကန္ဒီ စာချုပ်အရ တပ်ပြန်လည်ဖွဲ့စည်းသည့်အခါ တပ်မတော်တွင် ဒုတိယအဆင့် ပြန်တမ်းဝင် အရာရှိအဖြစ်စတင်ခန့်အပ်ခံရပြီး ထိုမှအ ဆင့်ဆင့်သော တာဝန်များကို ထမ်းဆောင်ခဲ့ သည်။

သူရဦးတင်ဦးသည် ၁၉၅၉ ခုနှစ် နိုဝင် ဘာလ ၁၅ ရက်တွင် ဇနီး ဖြစ်သူ ဒေါက်တာ တင်မိုးဝေနှင့် အိမ်ထောင်ကျခဲ့သည်။

ဦးတင်ဦးသည် ၁၉၅၄-၅၅ ခုနှစ်ကာလ များတွင် မြန်မာနိုင်ငံသို့ ကျူးကျော်ဝင်ရောက်  ခဲ့သည့် တရုတ်ဖြူ (ကူမင်တန်) တပ်များကို တိုက်ထုတ်မှုတွင် စွမ်းဆောင်နိုင်မှုများ ကြောင့် သူရဘွဲ့ကိုရရှိခဲ့ခြင်းဖြစ်သည်။

သူရဦးတင်ဦးသည် တော်လှန်ရေး ကောင်စီအစိုးရလက်ထက် ၁၉၆၄ ခုနှစ်တွင် ကောင်စီဝင်အဖြစ်လည်း ခန့်အပ်ခံရသည်။

တပ်မတော်တွင် တာဝန်ထမ်းဆောင်စဉ် သူရဦးတင်ဦးသည် ၁၉၅၈ ခုနှစ်က ရခိုင်ပြည် နယ်တွင် နယ်စပ်ဒေသမှ တရားမဝင်လူဝင် မှုနှင့် နယ်နိမိတ်ပြဿနာများ ကိုင်တွယ်မှုတွင် ယင်းတာဝန်ကို အောင် မြင်စွာ စွမ်းဆောင်နိုင် ခဲ့သူတစ်ဦးလည်း ဖြစ်သည်။

၁၉၇၄ ခုနှစ် မတ်လမှ ၁၉၇၆ ခုနှစ် မတ် လအထိ ကာကွယ်ရေးဦးစီးချုပ်နှင့် ကာကွယ် ရေးဝန်ကြီးဌာနဝန်ကြီးအဖြစ် တာဝန်ထမ်း ဆောင်ခဲ့ပြီး သူရဦးတင်ဦးသည် တပ်မတော် တွင် ဗိုလ်ချုပ်ကြီးရာထူးဖြင့်နောက်ဆုံးတာ ဝန်ထမ်းဆောင်ခဲ့ကာ ၁၉၇၆ ခုနှစ်တွင် တပ် မတော်မှ နုတ်ထွက်ခဲ့သည်။

၁၉၇၇ ခုနှစ် ဇန်နဝါရီတွင် ဗိုလ်ကြီးအုန်း ကျော်မြင့်၏ နိုင်ငံတော်ပုန်ကန်မှု၊ မြန်မာ့ ဆိုရှယ်လစ်လမ်းစဉ်ပါတီအား ဖျက်ဆီးရန် ကြံစည်မှုများတွင် သတင်းထိန်ချန်မှု နှင့် ပတ် သက်၍ သူရဦးတင်ဦးကို ထောင်ဒဏ် ခုနစ် နှစ်ချမှတ်ခဲ့ပြီး ၁၉၈၀ ပြည့်နှစ်တွင် လွတ်ငြိမ်း ချမ်းသာခွင့်ဖြင့် ထောင်မှလွတ်လာပြီး သာသ နာ့ဘောင်သို့  နှစ်နှစ်ခန့်ဝင်ရောက်ခဲ့ သည်။

 ၁၉၈၂ ခုနှစ်တွင် သာသနာ့ဘောင်မှ ထွက်ကာ ဥပဒေပညာကိုလေ့လာသင်ယူ ပြီး ဥပဒေပညာဘွဲ့(LLB) ကို ရရှိခဲ့သည်။

၁၉၈၈ ခုနှစ် ဒီမိုကရေစီအရေးတော် ပုံကာလများတွင် တပ်မှူးဟောင်းကြီးများ ပါ ဝင်သည့် မျိုးချစ်ရဲဘော်ဟောင်းများအဖွဲ့ တွင် ဒုတိယဥက္ကဋ္ဌ၊ ဒီမိုကရေစီနှင့် ငြိမ်းချမ်း ရေးအဖွဲ့(ယာယီ) တွင် အထွေထွေအတွင်း ရေးမှူးစသည့်တာဝန်များကို ထမ်းဆောင် ခဲ့ သကဲ့သို့  NLD ပါတီတည်ထောင်သူများတွင် တစ်ဦးအပါအဝင်ဖြစ်ကာ  NLD ပါတီဒုတိယ ဥက္ကဋ္ဌ၊  ဥက္ကဋ္ဌစသည့် တာဝန်များကို ထမ်း ဆောင်ခဲ့သည်။

ယင်းနောက် ၁၉၈၉ ခုနှစ် ဇူလိုင်တွင် နိုင်ငံတော်အား နှောင့်ယှက်ဖျက်ဆီးလိုသူ များ၏ ဘေးအန္တရာယ်မှ ကာကွယ်စောင့် ရှောက်သည့် ဥပဒေပုဒ်မ ၁၀(ခ) ဖြင့် သူရ ဦးတင်ဦးအား နေအိမ်အကျယ်ချုပ်ချခဲ့ပြီး ဒီဇင်ဘာတွင် စစ်ခုံးရုံးက အလုပ်နှင့်ထောင် ဒဏ်သုံးနှစ် တစ်ကြိမ်၊ ယင်းထောင်ဒဏ်ပြည့် ခါနီးတွင် အဆိုပါစွဲချက်ဖြင့် ထောင်ဒဏ်ခုနစ် ထပ်မံချမှတ်ခံရပြီး  ၁၉၉၅ ခုနှစ်တွင် အင်းစိန် အကျဉ်းထောင်မှ ပြန်လွတ်လာခဲ့ကာ အဆိုပါ နှစ် အောက်တိုဘာတွင် ပြန်လည်ဖွဲ့စည်း သည့် NLD ပါတီတွင် ဒုတိယဥက္ကဋ္ဌအဖြစ် ပြန်လည်ဆောင်ရွက်ခဲ့သည်။

ထို့နောက် သူရဦးတင်ဦးသည် NLD ပါတီတွင် ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ နိုင်ငံရေးလှုပ်ရှားမှုများကြောင့် မကြာခဏ နေအိမ်အကျယ်ချုပ်များ ချမှတ်ခံရပြီး ၂၀၀၃ ခုနှစ် မေလတွင် ဒေါ်အောင်ဆန်းစုကြည် နှင့် အတူသွားရောက်ခဲ့သည့် ကချင်ပြည်နယ် ခရီးစဉ်တွင် ဒီပဲယင်းမြို့၌ဖြစ်ပွားသည့်အရေး အခင်း၌ အသက်အန္တရာယ်မှလွတ် မြောက် ခဲ့သော်လည်း ထောင်ဒဏ်ရှစ်လချမှတ်ခံရ သည်။

၂၀၀၄ ခုနှစ် ဖေဖော်ဝါရီမှစတင်၍ ၂၀၁၀ ပြည့်နှစ် ဖေဖော်ဝါရီလ အထိနေအိမ် အကျယ်ချုပ်ဖြင့် နေထိုင်ခဲ့ရပြီး ပြန်လည် လွတ်မြောက်လာချိန်တွင် NLD ပါတီတွင် နာယကတစ်ဦးအနေဖြင့် ပါတီတာဝန်များကို ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ ပြန်လည် ဆောင်ရွက်ခဲ့သည်။

Most Read

Most Recent