ဆူးလေခုံးကျော်တံတားအနီးတွင် ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦး ကလေးမွေးဖွား

ဆူးလေခုံးကျော်တံတားအနီးတွင် ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦး ကလေးမွေးဖွား
Published 27 May 2024

ဆူးလေခုံးကျော်တံတားအနီးတွင် ကိုယ်ဝန်ဆောင် အမျိုးသမီးတစ်ဦး ကလေးမွေးဖွားခဲ့ကြောင်း လင်းလက်လူမှုကူညီရေးအသင်းမှ စုံစမ်းသိရှိရသည်။

မေ ၂၆ ရက် နံနက်ပိုင်းတွင် ကျောက်တံတားမြို့နယ်၊ ဆူးလေလူကူးခုံးကျော်တံတားအနီးတွင် အမျိုးသမီးတစ်ဦး လမ်းသွားရင်း ရုတ်တရက် ကလေးမွေးဖွားကြောင်း သတင်းရသဖြင့် လင်းလက်လူမှုကူညီရေးအသင်းနှင့် အခြားတာဝန်ရှိသူများ သွားရောက်ခဲ့သည်။

“လမ်းသွားရင်း ရုတ်တရက် ကလေးမွေးဖွားတာပါ။ ကိုယ်ဝန်ဆောင် အမျိုးသမီးက မွေးခါနီးမို့ ထင်ပါတယ်။ ပစ္စည်းလေးတွေ သယ်ဆောင်လာတာ တွေ့ရပါတယ်။ ရောက်တဲ့အချိန်မှာ ကလေးအချင်းက မဖြတ်ရသေးလို့ အခြားတာဝန်ရှိသူနဲ့ ပူးပေါင်းဆောင်ရွက်ပြီး အချင်းဖြတ်တာတွေ၊ လိုအပ်တာတွေ ကူညီပေးခဲ့ပါတယ်” ဟု လင်းလက်လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

မွေးဖွားခဲ့သည့် ကလေးမှာ မိန်းကလေးဖြစ်ပြီး ကလေး၏ မိခင်ဖြစ်သူမှာ ရွှေပြည်သာမြို့နယ်တွင် နေထိုင်သူဖြစ်ကြောင်း ကနဦးသတင်းများအရ သိရသည်။

ကလေးအတွက် လိုအပ်သည်များအား အလှုရှင်တစ်ချို့မှ လှုဒါန်းမှုများပြုလုပ်ခဲ့ကြောင်းနှင့် ကလေးနှင့်မိခင်အား ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

Most Read

Most Recent