၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ရန်ကုန်တိုင်း၌ ၅၃ ဒသမ ၄၈ ရာခိုင်နှုန်း အောင်မြင်ခဲ့ပြီး သိပ္ပံဘာသာတွဲ Top Ten ၁၁ ဦး၌ ခုနစ်ဦးပါဝင်

၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ရန်ကုန်တိုင်း၌ ၅၃ ဒသမ ၄၈ ရာခိုင်နှုန်း အောင်မြင်ခဲ့ပြီး သိပ္ပံဘာသာတွဲ Top Ten ၁၁ ဦး၌ ခုနစ်ဦးပါဝင်
Published 14 June 2024

၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ရန်ကုန်တိုင်း၌ ၅၃ ဒသမ ၄၈ ရာခိုင်နှုန်း အောင်မြင်ခဲ့ပြီး သိပ္ပံဘာသာတွဲ Top Ten ၁၁ ဦး၌ ခုနစ်ဦးပါဝင်ခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနမှ သိရသည်။

၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဖြေဆိုသူ ၁၂၈၈၂၀ ရှိပြီး အောင်မြင်သူ ၇၄၅၉၂ ဦးရှိ၍ ၅၇ ဒသမ ၉၀ ရာခိုင်နှုန်းအောင်မြင်ခဲ့ကြောင်း၊ ရန်ကုန်တိုင်းဒေသကြီးတွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုရန် ၁၈၉၅၂ ဦး စာရင်းပေးသွင်းခဲ့ပြီး ၁၈၀၅၆ ဦးဖြေဆိုခဲ့ရာ ၉၆၅၆ ဦး အောင်မြင်ခဲ့၍ ၅၃ ဒသမ ၄၈ ရာခိုင်နှုန်း အောင်မြင်ခဲ့ကြောင်း သိရသည်။

အလားတူ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် Top Ten တွင် သိပ္ပံဘာသာတွဲ၌ အမှတ်တူပါဝင်၍ ၁၁ ဦးတွင် ရန်ကုန်တိုင်းဒေသကြီးမှ ခုနစ်ဦး၊ ဝိဇ္ဇာတွဲ၌ Top Ten ၁၀ ဦးတွင် ရန်ကုန်တိုင်းဒေသကြီးမှ တစ်ဦးနှင့် ဝိပ္ပံတွဲ၌ Top Ten ၁၀ ဦးတွင် ရန်ကုန်တိုင်းဒေသကြီးမှ သုံးဦးပါဝင်ခဲ့ကြောင်း သိရသည်။

ယင်းစာမေးပွဲတွင် တစ်နိုင်ငံလုံးအမှတ်အများဆုံးရရှိသူအဖြစ် ကပက(EC) တာမွေမှ မောင်မင်းခန့်ဗိုလ်က အမှတ်ပေါင်း ၅၅၇ မှတ်ဖြင့် ရရှိခဲ့ကြောင်း သိရသည်။

အလားတူ ၂၀၂၄ ခုနှစ် ဧပြီနှင့် မေလများတွင် အထူးအစီအစဉ်တစ်ရပ်အနေဖြင့် ကျင်းပခဲ့သည့် တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းများကိုလည်း ဖြေဆိုခဲ့သည့် စာစစ်ဌာနများအလိုက် ကြေညာခဲ့ကြောင်း သိရသည်။

အောင်စာရင်းများကို သက်ဆိုင်ရာမြို့နယ်အသီးသီးရှိ စာစစ်ဌာနကျောင်းများတွင် တစ်ချိန်တည်းကပ်ထားခဲ့ကြောင်း၊ မြန်မာနိုင်ငံစာစစ်ဦးစီးဌာန Website ဖြစ်သော www.myanmarexam.org တွင် ဝင်ရောက်ကြည့်ရှုနိုင်ကြောင်း သိရသည်။

အလားတူ တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းများကို Website မှ အသိပေးထုတ်ပြန်ကြေညာသည့်အပြင် လမ်းပန်းဆက်သွယ်ရေးခက်ခဲသည့် စာစစ်ဌာနများမှ တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းများကို မြန်မာ့အသံ(ရေဒီယို) တိုင်းရင်းသားအစီအစဉ်များမှ ထုတ်လွှင့်ကြေညာခဲ့သည်။

အဆိုပါတက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းကြေညာချက်များကို မြန်မာနိုင်ငံအထက်ပိုင်းဒေသ လမ်းပန်းဆက်သွယ်ရေးခက်ခဲသော တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ စာစစ်ဌာနများအတွက် လှိုင်းတို ၅၀ ဒသမ ၇၁ မီတာ၊ ၅၉၁၅ ကီလိုဟက်ဇ်မှလည်းကောင်း၊ မြန်မာနိုင်ငံအောက်ပိုင်းဒေသ လမ်းပန်းဆက်သွယ်ရေးခက်ခဲသော တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ စာစစ်ဌာနများအတွက် လှိုင်းလတ် ၄၁၁ ဒသမ ၅၂ မီတာ၊ ၇၂၉ ကီလိုဟက်ဇ်မှလည်းကောင်း ဖမ်းယူနားဆင်နိုင်ကြောင်း သိရသည်။

Most Read

Most Recent