မိုးသည်ထန်စွာ ရွာသွန်းခြင်းကြောင့် မြဝတီမြို့ အနိမ့်ပိုင်း ရပ်ကွက်ရှိ နေအိမ်နှင့် ဆိုင်ခန်းများထဲသို့ ရေဝင်ရောက်မှုများ ဖြစ်ပွား

မိုးသည်ထန်စွာ ရွာသွန်းခြင်းကြောင့် မြဝတီမြို့ အနိမ့်ပိုင်း ရပ်ကွက်ရှိ နေအိမ်နှင့် ဆိုင်ခန်းများထဲသို့ ရေဝင်ရောက်မှုများ ဖြစ်ပွား
Published 9 June 2024

ဇွန်လ ၈ ရက်  ညပိုင်းမှမှစ၍ မိုးသည်းထန်စွာ ရွာသွန်းခြင်းကြောင့် ကရင်ပြည်နယ် မြဝတီမြို့ဘုရင့်နောင်လမ်း အမှတ်၄ ရပ်ကွက်ရုံး အရှေ့၊ ကမ္ဘာဇဘဏ်(၃) ရှေ့  မြေနီကုန်းလမ်းဆုံ နေရာ နှင့် နတ်သျှင်နောင်လမ်း အရန်မီးသတ်ရုံးရှေ့၊ဗိုလ်ချုပ်လမ်း လက်ရွေးစင် လ္ဘက်ရည်ဆိုင်ရှေ့လမ်း နှင့် သုခိတာလမ်း တို့တွင် ရေလွှမ်းမိုးကာ နေအိမ်နှင့် ဆိုင်ခန်းများထဲသို့ ရေဝင်ရောက်မှုများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

မြဝတီမြို့ သုခိတာလမ်းတွင် နေထိုင်သူတစ်ဦးက "မိုးရွာတာ နစ်ထပ်အိမ် အောက်ထပ်ထိ ရေမြုတ်ပါပြီ၊ ယခင်ကဆိုရင် အပေါ်က ဆင်းလာတဲ့ရေတွေက KBZ ဘဏ် ၃ ဘေးက ရေနှုတ်မြောင်းက ထွက်သွားတယ်၊ ခုက ရေ အလုံးအရင်းနဲ့ ဆင်းလောက်တဲ့ ရေမြောင်းကမရှိတော့ဘူး၊ မနက်က လမ်းမကြီးပါ ပိတ်ထားရတယ်၊ သွားမရဘူး။လမ်းမကြီးပေါ်မှာရေကျသွားပေမဲ့ ကျွန်တော်တို့နေတဲ့လမ်းက ရေမကျသေးဘူး၊အိမ်လည်း မြုပ်နေတုန်းပါ"ဟု ဆိုသည်။

ထို့အတူ အာရှလမ်းမကြီးမြေနီကုန်းလမ်းဆုံတွင် တောင်ကျမိုးရေများကြောင့် ယာဉ်သွားလာ ခက်ခဲသလို စျေးဆိုင်များ၊အနီးပတ်ဝန်းကျင်ရှိ ဂိုဒေါင်များ ရေနစ်မြုပ်ကာ ကုန်ပစ္စည်းအချို့ပျက်စီး သွားကြောင်းသိရသည်။

အမှတ်(၄) ရပ်ကွက် အောင်မြေရွှေဘုံ ကရင်စု ချိုင့်ဝမ်းရှိနေအိမ်များ ရေနစ်မြပ်ကာ ဆိုင်ကယ် နှင့် ကားများ မောင်းနှင်ရန် ခက်ခဲနေကြောင်း သိရသည်။

Most Read

Most Recent