ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ဖက်ဒရယ်စနစ်ဆိုင်ရာ ဆွေးနွေးပွဲသို့ တက်ရောက်ရန် NSPNC မှ ကော်မတီဝင်များ၊ NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချို့မှ ကိုယ်စားလှယ်များနှင့် နိုင်ငံရေးပါတီ ၁၁ ပါတီမှ ကိုယ်စားလှယ်များ အန္ဒိယနိုင်ငံသို့ သွားရောက်

ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ဖက်ဒရယ်စနစ်ဆိုင်ရာ ဆွေးနွေးပွဲသို့ တက်ရောက်ရန် NSPNC မှ ကော်မတီဝင်များ၊ NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချို့မှ ကိုယ်စားလှယ်များနှင့် နိုင်ငံရေးပါတီ ၁၁ ပါတီမှ ကိုယ်စားလှယ်များ အန္ဒိယနိုင်ငံသို့ သွားရောက်
Published 4 November 2024

ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ဖက်ဒရယ် စနစ်ဆိုင်ရာ ဆွေးနွေးပွဲသို့ တက်ရောက်ရန် အတွက် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ (NSPNC) မှ ကော်မတီဝင်များ၊ တစ်နိုင် ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်(NCA) လက်မှတ်ရေးထိုးထားသည့်  တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချို့မှ ကိုယ်စားလှယ်များနှင့် နိုင်ငံရေးပါတီ ၁၁ ပါတီမှ ကိုယ်စားလှယ်များသည် နိုဝင်ဘာ ၄ ရက် နံနက်ပိုင်းတွင် အိန္ဒိယနိုင်ငံ၊ နယူးဒေ လီမြို့သို့ ထွက်ခွာသွားကြောင်း သိရသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ဖက်ဒရယ် စနစ်ဆိုင်ရာ ဆွေးနွေးပွဲသို့ တက်ရောက်ရန် အတွက် မြန်မာနိုင်ငံ စည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော် မတီဝင်များ၊ လက်မှတ်ရေးထိုးထားသော လက်နက်ကိုင် နဗဥ ခေါင်းဆောင်များနှင့် အတူ နိုင်ငံရေးပါတီအစုအဖွဲ့ အလှည့်ကျ ခေါင်းဆောင်ဖြစ်သူ ပြည်သူ့ပါတီဥက္ကဋ္ဌ ဦးကို ကိုကြီးသည် နိုင်ငံရေးပါတီ ၁၁ ပါတီမှ ကိုယ် စားလှယ်များနှင့်အတူ ယနေ့ နံနက်က ရန် ကုန်မြို့မှ နယူးဒေလီမြို့သို့ ထွက်ခွာသွားကြ သည်ဟု ပြည်သူ့ပါတီက နိုဝင်ဘာ ၄ ရက် နံ နက်ပိုင်းတွင် ဖော်ပြခဲ့သည်။

အိန္ဒိယနိုင်ငံ နယူးဒေလီမြို့တွင် ပြုလုပ် မည့် အဆိုပါ ဆွေးနွေးပွဲသို့ တက်ရောက်ရန် အတွက် အိန္ဒိယနိုင်ငံက ဖိတ်ကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အမျိုးသား စည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ(NSPNC)မှ ကော်မတီဝင်များ၊ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA)လက်မှတ်ရေးထိုးထားသည့်  တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချို့မှ ကိုယ်စားလှယ်များနှင့် နိုင်ငံရေးပါတီ ၁၁ ပါတီမှ ကိုယ်စားလှယ်များ၏ အိန္ဒိယ ခရီးစဉ် သည် နိုဝင်ဘာ ၄ ရက်မှ ၇ ရက်အထိ ကြာမြင့်မည်ဖြစ်ကြောင်း သိရသည်။

Most Read

Most Recent